Monday, July 20, 2015

အင်န်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချခဲ့သည့်အဖွဲ့ကို ဖော်ထုတ်မည်ဟု နတ်စင်တစ်ရာဆရာတော်မိန့်ကြား

နတ်စင်တစ်ရာဆရာတော် (ဓာတ်ပုံ−ကျော်ဇင်သန်း)
မြောင်းမြမြို့တွင် ပြု လုပ်ခဲ့သည့် နတ်စင်တစ်ရာဆရာ တော်၏ စတုဒိသာအလှူပွဲကျင်းပ သည့်နေရာအနီး၌ အင်န်အယ်လ်ဒီပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချသည့် စာစောင်နှင့် အခွေများဝေငှခဲ့သည့်အဖွဲ့အစည်းကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း နတ်စင်တစ်ရာဆရာတော် ဘဒ္ဒန္တပညာတေဇက မိန့်ကြားသည်။‘‘ဒီဟာက သင့်မြတ်နေတဲ့ ပါတီနှစ်ခုကို တိုက်တာ။ ဝေတဲ့ သူတွေကိုလည်း ဘယ်သူဆိုတာ သိအောင် စုံစမ်းမှာ။ နောက်နှစ် ရက်လောက်ဆိုသိရပြီ။ ပါတီချင်း တိုက်ခိုက်ပေးတာ တိုင်းပြည်ဖြိုခွဲ တာပဲ’’ဟု ဒေ၀ဒဟ သဗ္ဗသိဒ္ဓိ လောကနတ် ပရဟိတ နတ်စင်တစ်ရာ ဆရာတော် ဘဒ္ဒန္တပညာတေဇက မိန့်သည်။

ဖြန့်ဝေခဲ့သည့် စာစောင်တွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ (ဗဟို)တံဆိပ် ရိုက်နှိပ်ထားပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အင်န်အယ်လ်ဒီပါတီကိုမဲပေးမည်ဆိုပါက တိုင်းပြည်နှင့် သာသ နာအန္တရာယ်ကျရောက်နိုင်သည်ဟု ဖော်ပြထားသည်။

အဆိုပါစာစောင်တွင် ‘‘ပြည် သူလူထုအများစုမှာ အမျိုးသား ရေး၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာအရေးမ တွေးတော့ဘဲ ထိုပါတီခေါင်း ဆောင်သည် ဗိုလ်ချုပ်သမီးဖြစ် သည်ဟူသော အချက်တစ်ခု တည်းဖြင့် မျက်စိမှိတ်ရွေးချယ် လိုက်မည်ဆိုပါက တိုင်းပြည်နှင့် သာသနာတော်တွင် မမျှော်လင့် နိုင်သည့် ဘေးအန္တရာယ်များကျ ရောက်လာနိုင်ကြောင်း’’ဖော်ပြ ထားသည်။

ထို့အပြင် ဗိုလ်ချုပ်အောင် ဆန်းက ၀ံသာနုရက္ခိတတရားကို မြတ်နိုး၍ အစပျိုးပေးခဲ့သူ ဖြစ် သော်လည်း သမီးဖြစ်သူက ထိုဝံ သာနုရက္ခိတ တရားကိုလက်မခံ ဘဲ ငြင်းဆန်သူဖြစ်ကြောင်း ဖော် ပြထားပြီး ဘာသာရေးအရ အ ထင်အမြင်လွဲမှားစေနိုင်သော အ ပုပ်ချတိုက်ခိုက်မှုများကို စာစောင် တွင် ဖော်ပြထားသည်။

ယင်းသို့ စာစောင်နှင့် ဒီဗီဒီ အခွေများပြည်သူများအား ဝေငှ ခြင်းအပေါ် ဆရာတော်အနေဖြင့် လုံးဝသိရှိခြင်းမရှိခဲ့ဘဲ ဇူလိုင် ၁၉ ရက်ထုတ် Daily Eleven သတင်း စာတွင် သတင်းပါရှိမှသာ သိရှိခဲ့ ခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်သည်။

‘‘ဘုန်းကြီးက သူတို့ဝေတဲ့ စာစောင်နဲ့ အခွေကိုမကြည့်ရ သေးဘူး။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ တံဆိပ် တော့ပါတယ် ပြောတယ်။ ဒါပေမဲ့ မမြင်ရသေးတော့ သေချာပြောလို့ မရဘူးဖြစ်နေတယ်။ ဒါနဲ့ပတ် သက်ပြီး အဖွဲ့ကိုလည်း မေးရဦး မယ်။ စုံစမ်းကြည့်တော့ အဲဒီတံ ဆိပ်က အတုလို့လည်း ပြောနေ တယ်’’ဟု မိန့်ကြားသည်။

မြောင်းမြမြို့ ရွှေသာလျောင်းဘုရားဝင်းအတွင်း ဇူလိုင် ၁၈ ရက်နံနက်က ပြုလုပ်ခဲ့သည့် စတုဒိသာအလှူပွဲမှာလည်း ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ခြင်းမဟုတ်ဘဲ ဆရာတော်ကသာ ဦးဆောင်လှူဒါန်းခြင်းဖြစ်ပြီး ဆရာတော်၏ သစ္စာဓိဋ္ဌာန်စတုဒိသာကို တစ်လ တစ်ကြိမ်ပုံမှန်ကျွေးမွေးလျက်ရှိ ကြောင်း ဆရာတော်က မိန့်ကြား သည်။

‘‘အလှူပွဲမှာ ဘုန်းကြီးပြောခဲ့ တဲ့ သြ၀ါဒထဲမှာလည်း မဲဆွယ် စကားလည်းမပြောဘူး။ ကြံ့ခိုင် ရေးကို မဲပေးပါလို့လည်း မပြော ဘူး။ ၀န်ကြီးတွေရဲ့ ၀ိတ်သုံးတာ လည်း မရှိဘူး။ အခုကိစ္စက ပါတီနှစ်ခုစလုံးကိုရော အလှူပွဲကိုရော သိမ်းကျုံးရိုက်လိုက်သလိုပဲ’’ဟု မိန့်ကြားသည်။

ဆရာတော်အနေဖြင့် မည် သည့်အစိုးရတက်လာသည်ဖြစ် စေ တိုင်းပြည်နှင့် ပြည်သူလူထု အပေါ် သစ္စာရှိပါက လက်ခံလျက် ရှိပြီး ပုဂ္ဂိုလ်စွဲပါတီစွဲမရှိကြောင်းယင်းသို့ NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အပုပ်ချသည့် စာစောင်များနှင့် ဒီဗီဒီအခွေများ ဖြန့်ဝေခဲ့သည့်အပေါ်ကိုလည်း ကန့်ကွက်ရှုတ်ချခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရှိ မြောင်းမြမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီနှင့် ဗဟိုအလုပ်အမှုဆောင် ဦး ၀င်းမြင့်ကို 7Day Daily သတင်း စာက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။

7Day Daily

0 comments:

Post a Comment