Wednesday, July 15, 2015

အာရှလမ်းမကြီးပေါ်မှ တိုက်ပွဲများကို တွေ့ဆုံဆွေးနွေးအဖြေရှာရန် ကေအင်န်ယူတိုက်တွန်း

အာရှလမ်းမကြီးပေါ်တွင် အစိုးရတပ်မတော်နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဖွဲ့တို့ လုံခြုံရေးယူထားစဉ် (ဓာတ်ပုံ − နယ်ခြားစောင့်တပ်ဖွဲ့)

အာရှလမ်းမကြီး တိုက်ပွဲများကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာဆောင်ရွက်ရန် တပ်မတော်နှင့် ဒီကေဘီအေ နှစ်ဖက်စလုံးကို ကေအင်န်ယူက တောင်းဆိုကြောင်း ဇူလိုင် ၁၅ ရက်တွင် ကြေညာချက်ထုတ် ပြန်သည်။လတ်တလော တပ်မတော် နှင့် ဒီကေဘီအေတို့ အာရှလမ်းမ ကြီးကို အခြေပြုပြီး တိုက်ပွဲများ ဖြစ်ပေါ်လာရခြင်းအပေါ် ကေ အင်န်ယူက စိုးရိမ်မှုရှိပါသည်ဟု လည်း ဖော်ပြထားသည်။ ကရင် ပြည်နယ်အတွင်း တိုက်ပွဲများဖြစ် ပေါ်လာခြင်းကြောင့် ‘‘အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအကြား ချုပ်ဆိုရန် ကြိုးပမ်းဆောင်ရွက်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ဆိုင်ရာ လုပ်ငန်း စဉ်ကို မထိခိုက်စေလိုပါ’’ဟု ကြေညာချက်၌ ပါရှိသည်။

တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DK BA)တို့ကြား တိုက်ပွဲများသည် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးတွင် ဇူလိုင် ၂ ရက်ကစတင်၍ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်ပိုင် မြဝတီသတင်း ဌာနက ဇူလိုင် ၉ ရက် ထုတ်ပြန် ချက်အရ တစ်ပတ်အတွင်း တိုက် ပွဲ (၂၉) ကြိမ်ဖြစ်ပွားခဲ့သည်။ ယင်း နောက်ရက်များတွင်လည်း တိုက် ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

ကရင်အမျိုးသားအစည်းအ ရုံး (KNU)ဗဟိုဌာနချုပ်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီ၏ ဇူလိုင် ၁၅ ရက် ကြေညာချက်တွင် လတ်တလော ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခ ငြိမ်းချမ်းသော နည်းလမ်းဖြင့် ပြေလည်မှုရရှိရန် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာ ဆောင်ရွက်ရေးကို နှစ်ဖက်စလုံးအား KNU က မေတ္တာရပ်ခံတောင်းဆိုပြီး DKBA နှင့် မြန်မာ့တပ်မ တော်တို့ကြား တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်ရန် အဘက်ဘက်မှကြိုးစားပြီး ညှိနှိုင်းဆောင်ရွက် သွားမည်ဟုပါရှိသည်။

‘‘တွေ့ဖို့ လောလောဆယ် မရှိသေးဘူး။ သူတို့ ဖြေရှင်းချင် တာက လက်နက်ကြီးတွေနဲ့ ပစ် နေတယ်။ ဒါကြောင့် အခု ကျွန်တော်တို့က တောထဲမှာ ရှိနေ တယ်’’ဟု ဗိုလ်မှူးကြီးစောဆန်း အောင်က ဇူလိုင် ၁၅ ရက် ညနေ တွင်ပြောသည်။

တပ်မတော်ပိုင် မြဝတီ၏ ဇူလိုင် ၉ ရက် ထုတ်ပြန်ချက်တွင် အာရှလမ်းမကြီးနှင့် ပတ်သက်၍ တိုက်ပွဲဖြစ်ပွားသည့်အဖွဲ့ကို ကလို့ထူးဘော ကရင်အစည်းအရုံး(KKO)အဖွဲ့မှ သီးခြားခွဲထွက်လာ သည့် ကျော်သက်နှင့် စောဆန်း အောင် ဦးစီးလက်နက်ကိုင်အဖွဲ့ ငယ်များက အာရှလမ်းမကြီးပေါ်တွင် ငွေကြေးကောက်ခံပြီး ဖယ်ရှားပေးရန် အကြောင်းကြားသော် လည်း မလိုက်နာဘဲ ၎င်းတို့က စတင်တိုက်ခိုက်၍ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြ ထားသည်။

7Day Daily

0 comments:

Post a Comment