Thursday, July 9, 2015

ဗီဒီယို အကြိုခံစားခြင်း - သရဲငိုမင်းသား နှင့် ဒန်းစီးလေဒီ


ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ဟာသ ကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

ဦးထွန်းသိုက်က ရည်းစား အရမ်းရှုပ်ပါတယ်။ မိန်းမတွေ လည်း အများကြီးယူထားပြီး မိန်း မကိစ္စနဲ့ပဲ အချိန်ပြည့်အချိန်ကုန် နေတတ်ပါတယ်။ ဦးထွန်းသိုက်ရဲ့ မိန်းမများစွာထဲက ဒေါ်မေအကြင် နာမှာတော့ ဦးထွန်းသိုက်နဲ့ သား တစ်ယောက်ရခဲ့ပါတယ်။ အဲဒီ ကောင်လေးနာမည်က သော်တာ သိုက်ပါ။ဒေါ်မေအကြင်နာက ဦးထွန်းသိုက်နဲ့ အိမ်ထောင်ကွဲပြီးနောက်ပိုင်းမှာ သူ့ရဲ့သားလေးကို သူ့အဖေလိုဖြစ်မှာစိုးလို့ တစ်ချိန်လုံးဆုံးမနေခဲ့ပါတယ်။ ဒါပေမဲ့လည်း သော်တာသိုက်ကတော့ သူ့အဖေခြေရာကို မီအောင်နင်းနိုင်ခဲ့တဲ့ အပြင် အဖေ့ထက်သားကပိုပြီး လက်စောင်းထက်ခဲ့ပါတယ်။ ရည်းစားတွေ အများကြီးထားပြီး ပျိုပျို အိုအိုရှုပ်ခဲ့ပါတယ်။ ၀င့်ဝါလှိုင်က ယောက်ျား တွေကို အထင်မကြီးတတ်သူပါ။ သူ့အဖေက သူတို့ကို စွန့်သွားတဲ့ အတွက် ၀င့်ဝါလှိုင်က သူ့အဖေ ကို စိတ်နာနေတာပါ။ အဲဒီ ၀င့်ဝါ လှိုင်ကို မြင်မြင်ချင်း သော်တာ သိုက်စိတ်ဝင်စားခဲ့ပါတယ်။ ၀င့်ဝါလှိုင်ကို သော်တာသိုက်စတွေ့ခဲ့ တာက ဒန်းလေးပေါ်မှာဖြစ်တာ ကြောင့် ဒန်းစီးလေဒီလို့ တင်စား ခဲ့ပါတယ်။

မိန်းကလေးတွေရဲ့ အထာ ကို သိနေပြီး မိန်းမကျမ်းကျေနေတဲ့ သော်တာသိုက် ယောက်ျားတွေ ကို စိတ်နာနေတဲ့ ၀င့်ဝါလှိုင်တို့ ဇာတ်လမ်းဘာတွေဆက်ဖြစ်မှာ လဲ။ ၀င့်ဝါလှိုင်ကကော သော်တာ သိုက်ကို ပြန်ပြီး စိတ်ဝင်စားမလားဆိုတာကိုတော့ ဇူလိုင်လ ၁၄ ရက်မှာ လာဗင်ဒါထုတ်လုပ်ရေးကနေ ဖြန့်ချိပေးမယ့် သရဲငိုမင်းသားနှင့် ဒန်းစီးလေဒီဆိုတဲ့ ဇာတ်ကားလေး မှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ သော်တာ သိုက်အဖြစ် ဇေရဲထက်၊ ၀င့်ဝါ လှိုင်အဖြစ် ပိုင်ဖြိုးသုတို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဟော့ လိုင်းရဲ့ ဇာတ်လမ်းကို စွမ်းပိုင် ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက် တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံ ဖော်ထားပါတယ်။

7Day Daily

0 comments:

Post a Comment