Sunday, July 12, 2015

ဒီချုပ် ရွေးကောက်ပွဲ ၀င်ပြိုင်မည်

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး သမ္မတလောင်းသည် ပြည်သူလက်ခံနိုင်သူ၊ ပါတီဝင်ဖြစ်ရမည်ဟု ပြော

နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင် ဇူလိုင် ၁၁ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ − စောဖိုးခွား/အီးပီအေ)

နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ၂၀၁၅အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် လွှတ် တော်ကိုယ်စားလှယ်လောင်းအ ဖြစ် ၀င်ရောက်ယှဉ်ပြိုင် ရွေးချယ် ခံမည်ဖြစ်သည်။‘‘ရွေးကောက်ပွဲကို ၀င်ဖို့ဆုံး ဖြတ်ခဲ့တာဟာ မပြီးဆုံးသေးတဲ့ ဒီ မိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆက်လက်ပြီးတော့ အကောင်အ ထည်ဖော်ဖို့ပါပဲ’’ဟု ဒေါ်အောင် ဆန်းစုကြည်ကပြောသည်။

ဇူလိုင် ၁၁ရက်တွင် နေ ပြည်တော်ရှိ ဒေါ်အောင်ဆန်းစု ကြည်၏ နေအိမ်၌ ရွေးကောက် ပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခြင်းဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တစ်နိုင်ငံလုံးရှိ ရွေး ကောက်ပွဲကျင်းပပေးမည့် မဲဆန္ဒ နယ်အများစုတွင် ၀င်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ရှိ၎င်း၏ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ အထွေထွေရွေးကောက်ပွဲထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင်ပြီးခဲ့သည့် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲ၌ ရွေးချယ်ခဲ့ပုံနှင့် ကွာခြားမည် မဟုတ်ဘဲ အရည်အချင်းရှိသူ အမျိုးသမီး၊ လူငယ်နှင့်တိုင်းရင်းသားဖြစ်ခြင်းတို့အပေါ် ရွေးချယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်သူအများစိတ်ဝင်စား နေသည့် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏ သမ္မတလောင်းနှင့်ပတ် သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို မပြင်ဆင်နိုင်သ ဖြင့် ၎င်းအနေဖြင့် သမ္မတဖြစ်ပိုင် ခွင့်မရှိ၍ သမ္မတလောင်းအတွက် ပြည်သူများ လက်ခံနိုင်သည့် အစီအစဉ်တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

‘‘ကျွန်မတို့ ပါတီက ပြည်သူ ကို အားကိုးတဲ့ပါတီဖြစ်ပါတယ်။ ပြည်သူရဲ့ ထောက်ခံမှုကိုမရရှိရင် ဆက်ပြီးတော့လှုပ်ရှားလို့ မရပါဘူး။ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အစိုးရဖွဲ့ရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ပြည်သူတွေလက်ခံနိုင်မယ့် အစီအစဉ်မျိုးကိုလုပ်မှာပါ။ ပြည်သူတွေ လက်မခံနိုင်တဲ့အရာမျိုးကို မလုပ်ပါဘူး။ ဒါတွေကို ကျွန်မတို့ စဉ်းစားပြီးပါပြီ။ အချိန်တန်ရင် ထုတ်ပြန်ပေးပါ့မယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

သမ္မတလောင်းသည် ပါတီ တွင်းကလား၊ အပြင်ကလားဟု မေးမြန်းမှုအပေါ် ‘‘အခုအချိန်မှာ ဘာမှပြောစရာမရှိပါဘူး။ NLD ပါတီဝင်တော့ ဖြစ်ရမှာပေါ့။ မ ဟုတ်ရင်တောင်မှ နောင်တော့ဖြစ် ရမှာပေါ့’’ ဟု ဖြေကြားသည်။

ရွေးကောက်ပွဲတွင် အ နိုင်ရရှိခဲ့ပါက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဦးစားပေးဆောင် ရွက်မည်ဟု ပြောသည်။

‘‘land slide နိုင်တာ၊ မနိုင် တာက အဓိကမဟုတ်ဘူး။ အမျိုး သား ပြန်လည်ရင်ကြားစေ့ရေးမူဝါ ဒက အဓိကပဲ။ အမျိုးသားပြန် လည် ရင်ကြားစေ့ရေးအတွက်ပဲ ဦးတည်ပြီး လုပ်မှာ။ NLD ရွေး ကောက်ပွဲမှာ ၁၀၀ ရာခိုင်နှုန်းနိုင် ရင်တောင်မှ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိစ္စကိုပဲ ဦးထိပ် ထားပြီး ဆက်ပြီးဆောင်ရွက်သွား မှာ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အခြားပါတီများနှင့် ညှိပြီး မ ပြိုင်သောနေရာရှိနိုင်ပါသလားဟူ သောမေးမြန်းမှုကို ‘‘ရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်း ကလည်း ပြောခဲ့ပါတယ်။ကျွန်မတို့ ရဲ့ CRPP က တိုင်းရင်းသားမဟာ မိတ်ပါတီတွေနဲ့ ကျွန်မတို့အနေနဲ့ ဒီလိုနားလည်မှုယူနိုင်မယ့် အခြေ အနေတွေ ဖြစ်ပေါ်လာနိုင်မယ်ဆို တာ။ ဒါပေမဲ့ ကျွန်မတို့ အသေး စိတ် မတိုင်ပင်ရသေးပါဘူး’’ ဟု ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား ပြုကော်မတီ(CRPP)ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များ၊ တိုင်းရင်းသားပါတီများဖြင့် ဖွဲ့ စည်းထားခြင်းဖြစ်သည်။

သက်တမ်း ၂၆ နှစ်ကျော်ရှိ NLD ပါတီသည် ၁၉၉၀ ရွေး ကောက်ပွဲတွင် လွှတ်တော်အမတ် ၄၉၂ နေရာတွင် ၃၉၂ နေရာအထိ (အမတ်နေရာ ၈၀ ရာခိုင်နှုန်းခန့်) အနိုင်ရရှိခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲကို သ ပိတ်မှောက်ပြီး ၀င်ရောက်မယှဉ် ပြိုင်ခဲ့ပေ။ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင် လွှတ်တော်ကိုယ် စားလှယ် ၄၅ နေရာရှိရာ ၄၃နေရာတွင် ဒီချုပ်က အနိုင်ရရှိခဲ့သည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲကို ယခုနှစ်နိုဝင်ဘာ ၈ရက်တွင် ကျင်းပပေးမည်ဖြစ်ကာ လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းနိုင်သည့် နောက်ဆုံးရက်ကို လာမည့်သြ ဂုတ်လ ၈ရက်အဖြစ် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ရက်တွင်ထုတ်ပြန်ကြေညာ ထားသည်။

လာမည့် အထွေထွေရွေး ကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်သည် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ် ကြောင်း နိုင်ငံရေး လေ့လာသုံး သပ်သူများက သုံးသပ်ကြသည်။

7Day Daily

0 comments:

Post a Comment