Monday, July 20, 2015

ရွေးကောက်ပွဲနီး၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး(ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)

ရွေးကောက်ပွဲနီးကပ်လာ ချိန်တွင် မလိုလားအပ်သည့်ပြဿ နာများမဖြစ်ပွားစေရန် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။‘‘ရွေးကောက်ပွဲနီးလာတော့ လုံခြုံရေးအရထူးခြားတဲ့ ဖြစ်စဉ် တွေလည်းရှိတော့ လုံခြုံရေးတိုးချ တာမျိုးတော့ ရှိတာပေါ့။ လက်ရှိ မှာတော့ အေးအေးဆေးဆေးပါ။ လုံခြုံရေးကပြီးပြည့်စုံတဲ့အနေအ ထားရှိရတယ်’’ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက 7 Day Daily အားပြောသည်။

လက်ရှိတွင် နယ်စပ်ဒေသ မောင်တော၌ အစွန်းရောက်လက် နက်ကိုင်အဖွဲ့အစည်းများက အ ကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ် မည်ဟု သတင်းများ ထွက်ပေါ်နေ သဖြင့် ဒေသခံတိုင်းရင်းသားများ အနေဖြင့် စိုးရိမ်မှုများ ဖြစ်ပွားနေ ၍ လုံခြုံရေးတိုးမြှင့်ရခြင်းဖြစ် ကြောင်း ၀န်ကြီးချုပ်က ဆက် လက်ပြောသည်။

‘‘အောက်ခြေမြေပြင်မှာ အဲ ဒီလိုကြီးဖြစ်နေတာတော့မဟုတ် ပါဘူး။ သတင်းတွေထွက်နေတာ လည်းရှိတော့ လုံခြုံရေးပိုစိတ်ချ အောင် တိုးထားတာပေါ့’’ဟု ၎င်း ကဆိုသည်။

လာမည့် ၂၀၁၅ရွေးကောက် ပွဲတွင် ၀ှိုက်ကတ်ကိုင်ဆောင်သူ များ မဲပေးခွင့်မရှိတော့ခြင်းကြောင့် ရွေးကောက်ပွဲ နီးကပ်လာချိန်၌ သတင်းမျိုးစုံထွက်ပေါ်နေပြီး လုံခြုံရေးတိုးမြှင့်ထားခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာ-ဘင်္ဂ လားဒေ့ရှ်နယ်စပ်မောင်တောဒေသ၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော်စစ်ကြောင်းများက လုံခြုံရေးတိုးမြှင့် တာဝန်ယူထားကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment