Tuesday, July 28, 2015

မြန်မာရေတပ် ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ ကြိုးစားနေသလား


အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ မနေ့က ဂိုအာမြို့မှာ ရှိတဲ့ India Naval Aviation Squadron (INS Hansa)နဲ့ ရေတပ်စခန်းကို သွားရောက်ကာ အိန္ဒိယ ရေတပ် ရေငုပ်သင်္ဘောတွေကိုသွားရောက်လေ့လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ Sindhughosh အမည်ပေးထားတဲ့ ရုရှားကီလို ရေငုပ်သင်္ဘောပုံစံ ရေငုပ်သင်္ဘောများသုံးစွဲသလို၊ ဂျာမန်ပုံစံ Shishumar ရေငုပ်သင်္ဘောတွေ ကိုလည်း အသုံးပြုလျှက်ရှိပါတယ်။ ဒါအပြင်အိန္ဒိယနိုင်ငံဟာ ပစ္စဖိတ်သမုဒ္ဒရာနဲ့ အိန္ဒိယ သမုဒ္ဒရာကို လွှမ်းမိုးဖို့ ကြိုးစားလာနေတဲ့ တရုတ်ရေတပ် ရန်ကို ကာကွယ်ဖို့ လေယာဉ်တင်သဘောင်္အသစ်တစီး ထပ်မံတည်ဆောက်ရေး မကြာသေးမီက အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်၊ ရုရှား စတဲ့နိုင်ငံတွေကို တင်ဒါခေါ်ယူခဲ့တယ် လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။မြန်မာရေတပ်မတော်ဟာလည်း အရှေ့တောင်အာရှ နိုင်ငံတွေ အကြားမှာ ရေငုပ်သင်္ဘော ပိုင်ဆိုင်ဖို့ ကြိုးစားနေရာ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်က တပ်မတော်ရေမှ အုပ်စုတစု ပါကစ္စတန်နိုင်ငံမှာ ရေငုပ်သင်္ဘောဆိုင်ရာ သင်တန်းတွေ တက်ရောက်နေတယ်လို့ သတင်းတွေထွက် ပေါ်ခဲ့ပါတယ်။ အိမ်နီးချင်း ထိုင်းရေတပ်ကလည်း တရုတ်လုပ်ရေငုပ်သင်္ဘောတွေ ၀ယ်ယူဖို့ မကြာသေးမီက အစိုးရအဖွဲ့ထံ တင်ပြခဲ့သလို၊ ဗီယက်နမ်နိုင်ငံကတော့ ရုရှားနိုင်ငံလုပ် ဒီဇယ်စွမ်းအင်သုံး ကီလို အမျိုးအစား ရေငုပ်သင်္ဘော ၆စင်း ၀ယ်ယူခဲ့ပါတယ်။

ဧရာဝတီ

0 comments:

Post a Comment