Thursday, July 16, 2015

ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိဟုဆို

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စလိုင်လာဇာရူဂူအီ ရှင်းလင်းပြောကြားစဉ်(ခင်မောင်ဝင်း/အေပီ)

မြန်မာနိုင်ငံတွင် ကလေး သူငယ်များကို တပ်သားအဖြစ် ခေါ်ယူစုဆောင်း အသုံးပြုနေ သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိနေပြီး ၎င်းတို့ ကို ပြစ်ဒဏ်ပေးရန် အရေးကြီး ကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ ကလေးသူငယ်နှင့်လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စလိုင်လာဇာရူဂူ အီက ပြောကြားသည်။ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ကလေးသူငယ်နှင့် လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ်သည် မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ် ရောက်ရှိ လာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့သို့ ငါးရက်ကြာသွားရောက်ခဲ့သည်။ယင်းခရီးစဉ်အပြီး ဇူလိုင် ၁၆ ရက် တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် ကာ သတင်းထောက်များအား အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်(DKBA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်ဖွဲ့ (KNLA)၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်ဖွဲ့ငြိမ်း ချမ်းရေးကောင်စီ (KNLA-PC)၊ ကရင်နီတပ်ဖွဲ့ (KA)၊ ရှမ်းပြည် နယ်တပ်ဖွဲ့တောင်ပိုင်း(SSA-S) နှင့် ‘၀’ပြည် သွေးစည်းညီညွတ် ရေးတပ်ဖွဲ့ (UWSA) တို့သည် ကလေးသူငယ်များကို တပ်သား အဖြစ်ခေါ်ယူစုဆောင်းအသုံးပြု နေသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များဖြစ်ကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ အ ထူးကိုယ်စားလှယ်က ပြောကြား သည်။

အဆိုပါတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့သည် အ သက် (၁၈)နှစ်အောက် ကလေး များကို တပ်သားအဖြစ်ခေါ်ယူ အသုံးပြုနေမှုများရှိနေသည်ဟု အထောက်အထားမှတ်တမ်းများ ရှိနေပြီး ကလေးဦးရေ မည်မျှရှိနေ သည်ကိုမူ မပြောနိုင်သေးကြောင်း ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်က ပြောသည်။

‘‘ကျွန်မတို့က ဒီလက်နက် ကိုင်အဖွဲ့အစည်းတွေက ကလေး သူငယ်တွေကို ခေါ်ယူစုဆောင်း ထားတဲ့အကြောင်းကတော့ သိ ထားပါတယ်။ ဘယ်နှယောက်ရှိ တယ်ဆိုတဲ့ စာရင်းကိုတော့ကျွန်မ တို့ မသိရပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒါကသူတို့ပြမှရမယ့် သူတို့ ရဲ့စာရင်းပါ။ သူတို့ကိုယ်တိုင် စာရင်းပြမှပဲ ဒါကတော့ ကလေး စစ်သား၊ ဒါတော့အသက်ပြည့်စစ် သားဆိုပြီး တိတိကျကျထောက်ပြ နိုင်မှာပါ။ အခုကတော့ပြည်သူ လူထုရဲ့ တိကျတဲ့သတင်းပေးချက် တွေကြောင့် ဒီတပ်တွေထဲမှာ ကလေးစစ်သားတွေရှိနေတာ ပါလို့ တထစ်ချပြောနိုင်တာပါ’’ဟုမစ္စလိုင်လာဇာရူဂူအီက ပြောကြား သည်။

ကလေးသူငယ်များ တပ်သားအဖြစ်ခေါ်ယူစုဆောင်းခြင်းကို ကာကွယ်ရန်နည်းလမ်းမှာ တပ်သားအဖြစ် ခေါ်ယူစုဆောင်း နေသည့် အရပ်သားပွဲစားများနှင့် တပ်မတော်သားများကို ပြစ်မှု ကျူးလွန်သူများဟု သတ်မှတ်ပြီး ပြစ်ဒဏ်ပေးရန် မစ္စလိုင်လာဇာရူ ဂူအီက တိုက်တွန်းသည်။

‘‘ကလေးတွေကို ခေါ်ယူစု ဆောင်းနေသူတွေကို ဖမ်းပါ။ က လေးတွေကို မဖမ်းပါနဲ့’’ဟု မစ္စ လိုင်လာဇာရူဂူအီက ပြောသည်။

ကလေးသူငယ်နှင့် လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ်သည် ကလေးသူ ငယ်များကို တပ်သားအဖြစ်ခေါ် ယူစုဆောင်း အသုံးပြုနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် လာရောက်ခြင်းဖြစ်ပြီး KIA တပ် ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးဖြစ်ကာ KNLA-PC၊ KNPP တို့နှင့်လည်း မြန်မာပြည်ခရီးစဉ်အတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ဆီမှာ က လေးစစ်သားရှိနေတယ်လို့ ယူ အင်န်က ပြောဆိုနေတာတွေ၊ စွပ်စွဲပြောဆိုနေတာတွေကြားနေ တာကြာပါပြီ။ ခိုင်မာတဲ့စွပ်စွဲမှု တွေနဲ့ မဟုတ်ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ယူနီဆက်ရုံးချုပ်ကို လည်း အီးမေးလ်တွေပို့ပြီး ဖြေရှင်းနေရတာလည်း ခဏခဏပါပဲ။ လာရောက်ပြီး လေ့လာပါ။ ဖိတ် ခေါ်ထားတာလည်း မလာပါဘူး။ အခု အထွေထွေအတွင်းရေးမှူး ချုပ်ရဲ့ ကိုယ်စားလှယ်ရောက်နေ တယ်ကြားလို့ သွားရောက်ဖြေရှင်း ဖို့အတွက် လူနှစ်ယောက်လွှတ် ထားပါတယ်။ ရန်ကုန်မှာတွေ့ဆုံ ကြမှာပါ။ ကျွန်တော်တို့ဆီမှာ အ သက်(၁၈)နှစ်အောက်ကလေး စစ်သားတွေမရှိပါဘူး။ မူအရကို မရှိရပါဘူး’’ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ဒုဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

မြန်မာ့တပ်မတော်က တပ် သားအဖြစ် ခေါ်ယူစုဆောင်းထား သော ကလေးသူငယ်များကို ၂၀၁၂ မှစ၍ နုတ်ထွက်ခွင့်ပြုခဲ့ ရာ ကလေးလူငယ်ပေါင်း ၆၄၆ ဦး နုတ်ထွက်သွားခဲ့ကြောင်း ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ကလေးသူငယ်နှင့် လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ်ရုံးနှင့် ယူနီဆက် တို့ပူးပေါင်းပြီး ၂၀၁၆တွင်ကလေး သူငယ်များအား တပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်း အဆုံးသတ် စေရေးအတွက် ‘‘ကလေးများတပ် သားမဟုတ်ပါ’’ဟူသည့် ကမ္ဘာ လုံးဆိုင်ရာ လူထုလှုပ်ရှားမှုပြုလုပ် သည့် နိုင်ငံပေါင်း ခုနစ်နိုင်ငံ၌ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment