Monday, July 13, 2015

မြန်မာ-ထိုင်းနယ်စပ်ရေထိန်းတမံများရှင်းလင်းမှု မကျေနပ်၍ ချစ်ကြည်ရေးတံတားကို ထိုင်းဘက်က ပိတ်ဆို့

မဇ္ဈိမလူမှုကူညီရေးအသင်း( တာချီလိတ်)

တာချီလိတ်မြို့ ရေကြီး မှုကို ကာကွယ်ရန် မယ်ဆိုင်ချောင်းမှ ရေထိန်းတမံများကို မြန်မာဘက်က ရှင်းလင်းစဉ် ထိုင်းလယ်သမားများက မကျေနပ်၍ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားကို သော့ခတ်ပိတ်ဆို့ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သတင်းရရှိသည်။တာချီလိတ်မြို့တွင် မိုးတွင်း ကာလ၌ မယ်ဆိုင်ချောင်းရေလျှံ ကာ ရေကြီးနစ်မြုပ်မှုများ ရင် ဆိုင်နေရသောကြောင့် ချောင်းအ တွင်းရှိ ရေတားတမံ သုံးခုကို တာ ချီလိတ်မြို့ အစိုးရဌာနများနှင့် အ ရပ်ဘက်အဖွဲ့များပူးပေါင်းကာ ဇူ လိုင် ၁၃ ရက် နံနက်တွင် မြေတူး ယာဉ်များဖြင့် ရှင်းလင်းခဲ့ခြင်း ဖြစ် သည်ဟု ခရိုင်ထွေ/အုပ်ရုံးတာဝန် ရှိသူတစ်ဦးက ပြောသည်။ ထိုသို့ ရှင်းလင်းလိုက်သောကြောင့် မယ် ဆိုင်မြို့ဘက်မှ လယ်မြေများ ရေ အလုံအလောက်မရဟု ဆိုကာ ထိုင်းလယ်သမား ၂၀၀ ခန့်က မြန် မာ-ထိုင်းချစ်ကြည်ရေးတံတား ကို မယ်ဆိုင်မြို့ဘက်မှ သော့ ခတ်ပိတ်ဆို့လိုက်ခြင်းဖြစ်သည် ဟု သတင်းရရှိသည်။

မယ်ဆိုင်မြို့ဘက်မှ ထိုင်း လယ်သမားများက နံနက် ၉ နာရီ ခန့်မှစကာ ပိတ်ဆို့ဆန္ဒပြကြခြင်း ဖြစ်ပြီး နှစ်နိုင်ငံဒေသအတွင်း အစိုးရတာဝန်ရှိသူများ အစည်း အဝေးပြုလုပ်ကာ ညှိနှိုင်းခဲ့၍ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် လူစုခွဲသွားကြသည်ဟု တာချီလိတ်မြို့ခံကိုထွေးက ပြောသည်။ ၎င်းတို့လူစုခွဲသွားပြီးနောက် တံတားကို ပြန်ဖွင့်နိုင်ခဲ့သည်။

တာချီလိတ်ဒေသအတွင်း အစိုးရအဖွဲ့နှင့် အရပ်ဘက်အဖွဲ့ အစည်းများက မယ်ဆိုင်ချောင်း တစ်လျှောက်ရှိ ပုန်းထွန်၊ ဆန်ဆိုင်းနှင့် ရန်အောင်မြေရပ်ကွက်အနီးရှိ ရေတားတမံသုံးခုကို ဖယ်ရှားခြင်း ဖြစ်သည်။ သို့သော် ထိုင်းလယ်သမားများက ဆန္ဒထုတ်ဖော်နေကြသောကြောင့် လုပ်ငန်းရပ်တန့်လိုက်ရပြီး ရေတားတမံနှစ်ခုသာ ရှင်းလင်းနိုင်ခဲ့သည်ဟု တာချီလိတ်မြို့၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင့်ဆွေက ပြောသည်။

‘‘ကျွန်တော်တို့က နှစ်ဖက် အစည်းအဝေးထိုင်ပြီးမှ လုပ်တဲ့ ကိစ္စလေ။ သူတို့ (ထိုင်းလယ်သ မားများ)က သူတို့ဆန္ဒကို ထုတ် ဖော်ပြောတာပေါ့။ ရေက တော် တော်သိသာတယ်။ နှစ်နေရာ ဖော်နိုင်တာ ခြောက်ပေလောက်ကျ တယ်။ ပုန်းထွန်အထက်တစ်နေ ရာတော့ ကျန်တယ်’’ဟု ဦးတင့် ဆွေက ပြောသည်။

မယ်ဆိုင်ချောင်းရေလျှံပါက တာချီလိတ်မြို့တွင် ရေကြီးနစ် မြုပ်မှုဖြစ်ပေါ်ကာ ထိုင်းဘက်ခြမ်း မယ်ဆိုင်မြို့တွင်မူ ရေကြီးခြင်းမရှိ ဘဲ မယ်ဆိုင်မြို့ဒေသအတွင်းရှိ လယ်မြေများမှာမူ လိုအပ်သော ရေကို ရနေသည်။ ယခုကဲ့သို့ ရေ တားတမံများကို ဖယ်လိုက်သော ကြောင့် ချောင်းရေလျှံခြင်းမရှိ တော့ဘဲ ထိုင်းလက်သမားများအ တွက် စိုက်ပျိုးရေးအခက်အခဲရင် ဆိုင်ရတော့မည် ဖြစ်သည်။

7Day Daily

0 comments:

Post a Comment