အဆိုတော် မေသင်ချိုဆွေ(ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy)
အဆိုတော် အေသင်ချိုဆွေရဲ့ ညီမဖြစ်သူ မေသင်ချိုဆွေလည်း သီချင်းသီဆိုပြီး တေးစီးရီးခွေ ထုတ်တော့မှာ ဖြစ်ပါတယ်။ အခွေနာမည်ကို ဘယ်နှတန်းရောက်ပြီလဲလို့ နာမည်ပေးထားပြီး ဇူလိုင် ၃၁ ရက်နေ့မှာ ဖြန့်ချိပေးမှာပါ။ ဒီအခွေမှာ သီချင်း၁၂ ပုဒ် ပါဝင်ပြီး ပါဝင်တဲ့ သီချင်းအမျိုးအစားတွေအကုန်လုံးမှာ pop အမျိုးအစားများဖြစ်ပါတယ်။ပါဝင် ရေးသားပေးထားကြတဲ့ တေးရေးတွေကတော့ သုခမိန်လှိုင်၊ နေမျိုးဆေး၊ စိုးလင်း ၊ ဖိုးကာ၊ မင်းကို၊ နေလ၊ ကလုန်း၊လမင်းနဲ့ အမဖြစ်သူ အေသင်ချိုဆွေတို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒီအခွေကို ဂီတနဲ့ပတ်သက်ရင် ၀ါသနာကြီးလှတဲ့ မိခင်ဖြစ်သူ ဒေါ်ခင်မာဆွေက အဓိက ပံ့ပိုးပြီး ထုတ်ပေးတာလည်း ဖြစ်ပါတယ်။
မေသင်ချိုဆွေမှာ အမဖြစ်သူ အေသင်ချိုဆွေလိုပဲ သွက်သွက်လက်လက်နဲ့ အသံကလည်း အေသင်ချိုဆွေနဲ့ ဆင်တဲ့အတွက် အဲဒီိအပေါ်ကို မေသင်ချိုဆွေက “မမအေသင်နဲ့ အသံကတော့ တူတယ်ပြောကြတယ်။ ဒါကလည်း ညီအမတွေဆိုတော့လေ။ ဒါပေမယ့် မမနဲ့ မတူအောင် သူရဲ့ လွမ်းမိုးမှုလည်း မပါအောင် အတတ်နိုင်ဆုံး ကွဲအောင်တော့ ဆိုထားပါတယ်။ မမက ဒီအခွေမှာ သီချင်းတပုဒ် ရေးပေးထားတယ် ။ အဲဒါက ထားရစ်တဲ့ချစ်သူလို့ နာမည် ပေးထားပါတယ်။ အေသင်ချိုဆွေ ညီမလို့ သိပြီး အားပေးတာထက် သမီးရဲ့ အနုပညာကိုလည်း ကြည့်ပြီး အားပေးစေချင်ပါတယ်” လို့ ဧရာဝတီကို ပြောပြခဲ့ပါတယ်။
မေသင်ချိုဆွေမှာ အသက် ၁၉ နှစ်ရှိပြီး တတိယနှစ် အင်္ဂလိပ်စာမေဂျာကို အဝေးသင်တက်ရောက်နေသူ တယောက်လည်း ဖြစ်ပါတယ်။ တေးစီးရီးကို ဇူလိုင် ၃၁ ရက်မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး သြဂုတ်လ ၂ ရက်နေ့မှာတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရား တောင်ဘက်မုဒ်က ဟက်ပီးဝေါလ်မှာ တခြားအနုပညာရှင်များနဲ့အတူ လက်မှတ်ရေးထိုးပြီး ရောင်းချပေးမှာပါ။
ယုမွန်ကျော်
ဧရာဝတီ
0 comments:
Post a Comment