Thursday, July 9, 2015

ဒီချုပ်အောင်နိုင်ရေး ဝန်းရံဖို့အသင့်ဖြစ်နေတဲ့ အနုပညာရှင်တွေ


အထွေထွေရွေးကောက် ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည်ဖြစ်ရာ ပြီးခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ၌ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များက ၎င်းတို့အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ပေးအပ်သည့် တာဝန် များကို ဆောင်ရွက်ရန် အဆင် သင့်ရှိနေသည်ဟု ပြောကြား သည်။ ‘‘မဲဆွယ်စည်းရုံးရေးအတွက် က Standby ပေါ့။ အမေစု ဘာ ခိုင်းမလဲဆိုတာကို စောင့်နေတာ။ အခုလောလောဆယ်တော့ လွိုင် ကော်ခဏရောက်နေတယ်။ ရန်ကုန်ရောက်မှပဲ ဘာလုပ်ရမလဲ လှမ်းမေးကြည့်ရမယ်’’ဟု လွိုင် ကော်မြို့သို့ ဖျော်ဖြေရေးရောက် ရှိနေသည့် သရုပ်ဆောင်အဆို တော် ထွန်းအိန္ဒြာဗိုက ပြောသည်။

ထို့အပြင် အဆိုတော်သံသာ ဝင်းကလည်း ဒေါ်အောင်ဆန်းစု ကြည်အတွက် တတ်နိုင်သည့် ဘက်မှ ဝန်းရံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

‘‘ဒါက နှစ်ခါမေးစရာမလိုပါ ဘူး။ အစ်မတို့ကတော့ အန်တီစု ကို တတ်နိုင်တဲ့ဘက်က ပံ့ပိုးပေး မှာပါ’’ဟု အဆိုတော်သံသာဝင်း က ပြောသည်။

‘‘အနုပညာရှင်တစ်ယောက် အနေနဲ့ဆိုရင် အင်န်အယ်လ်ဒီ ပါတီ၊ အမေဒေါ်အောင်ဆန်းစု ကြည်အတွက်ရော အစ်မတို့နေ တဲ့ ကျောက်တံတားမြို့နယ်က တက်မယ့် အမတ်အတွက် မဲဆွယ် စည်းရုံးရေးတွေလုပ်သွားမှာပါ’’ ဟု ဒီချုပ်ပါတီဝင်တစ်ဦးလည်း ဖြစ်သည့် ဒါရိုက်တာ ကြည်ဖြူ သျှင်က ပြောသည်။

လက်ရှိတွင် ပါတီမှညွှန် ကြားချက်မထွက်ရှိသေးသော ကြောင့် လုပ်မည့်လုပ်ငန်းစဉ်များ ကို အတိအကျမပြောနိုင်သေးဟု ၎င်းက ဆိုသည်။

ဒီချုပ်ပါတီက ရွေးကောက် ပွဲဝင်၊ မဝင် ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြော ကြားထားသည်။

7Day Daily

0 comments:

Post a Comment