Tuesday, July 21, 2015

ဖိုက်တာ (သို့မဟုတ်) အသွင်ယူမုဆိုး


ဖုန်းမြည်သံကြောင့် အိတ်ထဲမှ ဖုန်းကို ကိုတင်ထွန်း(အမည်လွှဲ)တစ်ယောက် ဆွဲထုတ်လိုက်သည်။ မျက်နှာပြင်ပေါ်တွင် ပေါ်နေသော ဖုန်းနံပါတ်က လာနေကျဖုန်း နံပါတ်တစ်ခုဖြစ်မှန်း သိလိုက်သော်လည်း မလေးမစားမပြောရဲ။ ထို့ကြောင့် ရိုကျိုးစွာနှင့်ပင် စတင်နှုတ်ဆက် လိုက်ရသည်။ နှစ်ဖက်အပြန်အလှန် ဖုန်းပြောဆိုမှုက အချိန်သိပ်မကြာလိုက်။ ဖုန်းပြောပြီး ပြီးချင်း သပ်သပ်ရပ်ရပ်ဖြစ်နိုင်မည့် ဝတ်စုံ တစ်စုံကို အဝတ်ပုံထဲမှ ရွေးချယ်ဝတ်ဆင်လိုက်ရင်းသူ၏ခြေလှမ်းကို ညဥ့်ငှက်တို့၏ အစာရှာရာနေရာတစ်ခုထံသို့ ဦးတည်လိုက် သည်။ ဆာလောင်နေသူနှင့် အစာရှာသူတို့အချိန်တိုအတွင်း အဆင်ပြေပြေနှင့် တွေ့လိုက်ရသည့်အတွက် သူ့ကိုယ်သူပင် မယုံကြည်။ သူခြေ လှမ်းစလှမ်းချိန်က အဖမ်းအဆီးများနေသည့် ယခုကဲ့သို့ သော ကာလထဲတွင် ညဉ့်ငှက်လေးကို အလွယ်တကူရလိမ့် မည် မဟုတ် ဟု ခေါင်းထဲဝင်လာခဲ့သောအတွေး ကြောင့်ဖြစ်သည်။ မည်သို့ပင် ရှိစေကာမူ အချိန်သည် ငွေဟုပြောနေကြသည့်ခေတ်တွင် အကျိုးမဲ့ မကုန်ဆုံးစေရန်နှင့် လုပ်ငန်းစရန် နှစ်ဦး သားဈေးခပ်ပေါပေါ တည်းခိုခန်းတစ်ခုဆီသို့ သွားလိုက်ကြသည်။အခန်းထဲရောက်ပြီး အတန်ကြာတော့ နှစ်ဦးသားကိုယ်တွင် အဝတ်တို့ကဗလာနတ္ထိ။ ခဏအကြာတွင် အမျိုးသားဖြစ်သူက အပေါ့ အပါးသွားသည့်ဟန်ဖြင့် အိပ်သာထဲဝင်ကာ မိန်းကလေးမသိ အောင်တစ်ဖက်သို့ ဖုန်း Missed Call တစ်ချက်ပေးလိုက်သည်။ သိပ် မကြာလိုက်ပါ။ အပြင်ဘက်မှ အခန်းတံခါးခေါက်သံကြောင့် အာသီသဖြေဖျောက်သူနှင့် ဘဝဆာလောင်သူတို့ပွဲက တစ်ဝက် တစ် ပျက် မှာရပ်လိုက်ရပြီး အဆုံးသတ်တွင် ရဲကမိန်းကလေးကို ဖမ်းလိုက်တော့သည်။ ”ဒါက ကျွန်တော့်အလုပ်ပဲ”ဟု အဆိုပါဇာတ်ကွက်၏ မင်း သားဖြစ်သူ အသက် ၃ဝ ကျော်အရွယ်ရှိ နေပြီဖြစ်သော ကိုတင်ထွန်းက အထက်ပါဖြစ်စဉ်ကို ရှင်းပြသည်။ သူသည် ရန်ကုန်တိုင်းဒေ သကြီးအတွင်း လူဦးရေ ထူထပ်သိပ်သည်းသော မြို့နယ်တစ်ခုတွင် နေထိုင်ပြီး ယောင်္ကျားပီသသည့် ရုပ်ရည်ကိုပိုင်ဆိုင် ထားသူဖြစ် သည်။ ယင်းအပြင် နိုင်ငံတွင်း တရားမဝင် ဥပဒေချိုးဖောက်သည့်ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားသော ကိစ္စတစ်ခုကိုဖော်ထုတ်ရာတွင် အရေးပါ သောဇာတ်ကောင်နေရာကို ယူထားရသူတစ်ဦးလည်းဖြစ်ပြန်သည်။ ကိုတင်ထွန်းကဲ့သို့ လူမျိုးတို့သည် နေရာအနှံ့ အထူးသဖြင့် မြို့ကြီးများတွင် အများစုရှိနေကြပြီး ညဥ့်ငှက်ဖမ်းဆီးရာတွင် အရေးပါသည့်နေရာ တစ်နေရာကို ကိုယ်စီကိုယ်င ရနေ ကြပါသည်။ ၎င်း တို့ကို အဆင့်မြင့်ရဲအရာရှိတို့က ‘ဖိုက်တာ’ဟုခေါ်ကြပြီး၊ ရဲတပ်သားတို့ကတော့ အင်ဖော်မာ (ရဲသတင်းပေး)ဟု ထိုသူတို့ကို အ မည် တပ်ကြသည်။ ထိုနေရာကို ရရှိရန်အတွက် ကာယကံရှင်ဖြစ်သူမှာ မကြောက်မရွံ့၊ လည်လည်ဝယ်ဝယ်နှင့် လုပ်ရဲကိုင်ရဲရှိမှဖြစ် သည်။ ယင်းအပြင် တရားဥပဒေစိုးမိုး ရေး ဆောင်ရွက်နေသူတို့နှင့် ရင်းနှီးရဦးမည်။ အထက်ပါအရည်အချင်းများ နှင့်ပြည့်စုံသူသည် ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေးအက်ဥပဒေအရပြစ်မှုကျူးလွန်သော အမျိုးသမီးတို့ကို ဖမ်းဆီးရာ၌ အစိုးရသက်သေအဖြစ် ပါ ဝင်ဆောင် ရွက်နိုင်မည် ဖြစ်သည်။

ဖိုက်တာတို့ သရုပ်ဆောင်ကြပုံ

ပြည့်တန်ဆာအမှုများတွင် အသွင်ယူကာ ဖော်ထုတ်ခြင်းဟု ဖော်ပြလျှင် ဖိုက်တာတို့နှင့်သာဖြစ်သည်။ထိုသူသည် ရဲကပေးသည့် မိတ္တူ ယူ ထားသော ကျပ်ငွေကို ကိုင်ဆောင်ကာ ပြည့်တန်ဆာမိန်းကလေးတို့ကို လိင်ကိစ္စအလို့ငှာ ခေါ်ယူပြီး ပျော်ပါးပေးကြရသည်။ တစ် ဝက် တစ်ပျက်သော်လည်းကောင်း၊ အပြည့်အဝသော်လည်း ကောင်းပျော်ပါးရပြီး၊ ပြီးစီးလျှင် ရဲက ၎င်းထံတွင်ရှိနေသော မိတ္တူဆွဲထားသော ကျပ်ငွေပုံနှင့် မိန်းကလေး ထံတွင်ရှိနေသည့် ကျပ်ငွေတို့ကို တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးလိုက်တော့သည်။ မဖမ်းဆီးမီကြိုတင်၍ ရဲနှင့်ဖိုက်တာက အချိတ်အဆက်လုပ်ထားကြ ပြီး၊ မည်သည့်နေရာတွင် ရှိနေမည်ကို လည်း ပြောထားကြရသည်။ အများ အားဖြင့် ဖိုက် တာတို့သည် ပြည့်တန်ဆာတို့မသိရှိနိုင်သည့် မျက်နှာစိမ်း တို့ ဖြစ်ကြသည်။

ဘာ့ကြောင့် ဖိုက်တာတွေ ရှိနေကြတာလဲ

နိုင်ငံတွင် တရားမဝင်လိင်ကိစ္စ နှင့် ပတ်သက်ပြီးဖမ်းဆီးရာတွင် သက်သေရရန် အခက်အခဲရှိသဖြင့် ရဲတပ်ဖွဲ့က ဖိုက်တာတို့ကို အသုံးချရ သည်ဟု အငြိမ်းစားဒုတိယရဲမှူးကြီး ဦးညွန့်လှိုင်က ပြောသည်။ ”လိင်နဲ့ ပတ်သက်တဲ့ ဈေးကွက်မှာ ထပ်လျက်ကြီးမိဖို့ဟာက ခက် တယ်လေ။ မိရင် သမီးရည်းစားစသဖြင့် ပြစ်မှုကို ငြင်းလို့ရတာလည်း ရှိတယ်”ဟု ၎င်းကပြောသည်။ထို့ကြောင့် တစ်ဖက်မိန်းကလေး မငြင်းဆန်နိုင်ရန် ယင်းသက်သေကို အသုံးပြုရကြောင်းရှင်းပြသည်။ ထို့ ပြင် အရပ်သားကို အသုံးချခြင်းက ဥပဒေနှင့်ညီညွတ်သည်ဟု ၎င်းက ဆက်ပြောသည်။ ဖိုက်တာနေရာတွင် ရဲများ ပါဝင်သရုပ်ဆောင်၍မရပေ။ အရပ်သားများသာ သရုပ်ဆောင်ကြရသည်။ အ ဘယ့်ကြောင့်ဆိုသော် ပြည်သူတို့၏ အဝေဖန်ခံရနိုင်ခြင်း နှင့်ဥပဒေအရ ထောက်ပြခံရနိုင်သောကြောင့်ဟု ရဲအရာရှိတို့ က ပြောကြ သည်။ ပြည့်တန်ဆာတို့၏ပြောပြချက်အရ အနှေးယာဉ်နင်းသူအချို့၊ အခွေရောင်းသူအချို့၊ တက္ကစီမောင်း သူအချို့တို့ကို ရဲက ဖိုက် တာအဖြစ် အသုံးချမှုရှိသည်ဟု ပြောသည်။ တချို့ကလည်း ထိုသူတို့ထက် ရပ်ကွက်ထဲ လက်ရဲဇက်ရဲရှိသော သူတို့နှင့် ဟု ပြောကြသည်။ သို့သော်လည်းရဲက ၎င်းတို့သည် မှုခင်းကျဆင်းရေးကိုကူညီကြသူတို့သာဖြစ်သည်ဟု တုံ့ပြန်ကြသည်။ လက်ပတ်နီများ၊ စွမ်းအား ရှင်များ ပုံစံနှင့် ဖိုက်တာတို့ ဆင်တူ၊ မတူ မည်သူမျှ တိတိကျကျမပြောကြပေ။ ဖိုက်တာတို့သည် ယင်းအလုပ်ကိုသာ ဇောက်ချလုပ်သည်မဟုတ်၊ ကျန်သော မှုခင်းကျဆင်း ရေးကိစ္စတို့တွင် ရဲကိုသတင်းပေးကြ သေးသည်ဟု သိရသည်။

ဖိုက်တာတွေနဲ့ဖမ်းတာက
ခုနောက်ပိုင်းပိုများလာတယ်

အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လအထိ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေးယူ ဖမ်းဆီးရမိခဲ့သော ပြည့်တန်ဆာ ၅ဝဝဝ နီးပါးတွင် အသွင်ယူ ဖမ်းဆီး သော ပြည့်တန်ဆာ ပုဒ်မ ၃(ခ)နှင့် ဖမ်းလိုက် သည့် ပြည့် တန် ဆာတော် တော်များ ပါဝင်နေသည်။ လုပ်သက်၂ဝ ကျော်ရှိ ပြည့် တန်ဆာအမျိုးသမီးတစ်ဦး ကလည်းယင်း အပေါ်မှန် ကန်ကြော င်း ထောက်ခံသည်။ ”အခုလတွေမှာဆို ပိုဆိုးပါတယ်။ တစ်နိုင်ငံလုံးအနှံ့ကို ဖိုက်တာတွေနဲ့ပဲ ဖမ်းနေတာ”ဟု Sex Worker အဖွဲ့တစ်ဖွဲ့ တွင်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ယခင်ကကဲ့သို့ အိတ်ထဲတွင် မိတ်ကပ်နှင့်ကွန်ဒုံးပါလျှင် အဖမ်းခံနေရခြင်းမျိုး ခုနောက်ပိုင်း မရှိတော့ဘဲ ယင်းနေရာကို ဖိုက်တာဖြင့် ရဲကအလွယ်တကူအစားထိုးလိုက်သည်ဟု ၎င်းက စွပ်စွဲသည်။ ”နုံနုံအအ မိန်းကလေးတွေ အများကြီးပါသွားတယ်။ တော်ရုံကြည့်တတ်သူက မပါပါဘူး။ တကယ်ဝယ်စားမယ့်သူနဲ့ ထောင်ဖမ်းမယ့်သူကိုခွဲခြားတတ်ဖို့က အတွေ့ အကြုံလို တယ်လေ”ဟု သူမက ဆက်ပြောသည်။ ရဲအရာရှိများကတော့ ”မည်သူမဆို အခြားသူတစ်ဦး တစ်ယောက် ပြည့် တန် ဆာ အဖြစ်ဖြင့် စီးပွားရှာဖွေရရှိသည်ကိုသိလျက်နှင့် ထိုသူရှာဖွေရရှိသော စီးပွားကို လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေမှီ၍ အ သက်မွေးမြူလျှင်”ဆိုသည့် ပြည့်တန်ဆာပုဒ်မ၅(၁)၊ ကျော်ကြားမှုဖြစ်သော ပြည့်တန်ဆာ ပုဒ်မ ၇(၁) စသည်များဖြင့် မှုခင်းကျဆင်းရေး တို့ကို လုပ်ဆောင်နေကြောင်း ပြောသည်။ ”ရဲအရေးပိုင်တဲ့ အမှုအခင်းအားလုံးကို ဖမ်းဆီးရမှာက ရဲရဲ့တာဝန်ပဲလေ”ဟု ရဲတပ်ဖွဲ့မှရဲ မှူးကြီးအဆင့်ရှိသူတစ်ဦးက ပြောသည်။ထို့ကြောင့်လားမသိ နှစ်စဉ်တစ်နိုင်ငံလုံးတွင် ပြည့်တန်ဆာအမှု ပေါင်း ၂ဝဝဝ နီးပါးနှင့်အထက် ရဲက ဖမ်းဆီးနိုင်ခဲ့သည်။

ပြည့်တန်ဆာနှင့်မြန်မာ

ယခင်ခေတ်ကာလများက အနီးစပ်ဆုံး မင်းတုန်းမင်းလက်ထက် မှာပင်ပြည့်တန်ဆာလုပ်ငန်းသည် မန္တလေးနေပြည်တော်တွင် ရှိခဲ့ သည် ဟု မှတ်တမ်းများအရ သိရသည်။သို့သော်လည်း လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်တွင်ပြည့်တန်ဆာကို ဥပဒေချိုးဖောက် သူ ဟု သတ်မှတ်လိုက်ပြီး၊ ပပျောက်ရေးပြီး နောက်နှိပ်ကွပ်ရေးအက်ဥပဒေဟု အမည်ပြောင်းပြီး ပြင်းပြင်းထန်ထန် တားဆီးခဲ့ သည်။ ထောင် ဒဏ်နှင့်ဖြစ်သည်။ ပြည့်တန်ဆာလုပ်စားသူ၊ ခေါင်းနှင့်လုပ် စားရန်စည်းရုံးသူစသည်ဖြင့် အသီးသီး ကို ထောင် ဒဏ် အပြစ် ချန ည်းဖြင့် ဖြစ်သည်။ ထိုဥပဒေက လက်ရှိအချိန်အထိ အာဏာတည်မြဲလျက်ရှိသည်။ ၂ဝဝ၈ ခုနှစ်တွင် အမှုပေါင်း ၂ဝ၅၃ မှု၊ ၂ဝဝ၉ ခုနှ စ်တွင်၂ဝ၂၂ မှု၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၁၉၇၃ မှု၊ ၂ဝ၁၁ တွင် ၁၉၅၆ မှု၊ ၂ဝ၁၂ သြ ဂုတ်အထိ ၁၈၃၂ မှုနှင့် ၂ဝ၁၃ သြဂုတ်အထိ ၁ဝ၁၉ မှု စသည်ဖြင့် ရဲက ပြည့်တန်ဆာတို့ကို ဖမ်းဆီးခဲ့ သည်။ သို့သော်လည်း နိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းက မပပျောက်ခဲ့ပေ။ တားဆီးနေရင်း၊ နှိပ်ကွပ်နေရင်းကြားထဲမှ ရှင်သန်ကြီးထွားနေသည်။

နိုင်ငံတကာနှင့် ပြည့်တန်ဆာ

ပြည့်တန်ဆာလုပ်ငန်းကို ၄၉ ရာခိုင်နှုန်းသော ကမ္ဘာ့နိုင်ငံတို့တွင် တရားဝင်ခွင့်ပြုပေးထားပြီး၊ ၃၉ ရာ ခိုင်နှုန်းသောနိုင်ငံတို့တွင် တရားဝင် ခွင့်မပြုထားကြောင်းနှင့် ကျန် ၁၂ ရာခိုင်နှုန်းသောနိုင်ငံတို့တွင် အကန့် အသတ်ဖြင့် ခွင့်ပြုထားသည်ဟု ၂ဝ၁၅ ဧပြီလ ၁ ရက်နေ့ထုတ် Pro Con.org ၏အစီရင်ခံစာတွင် နိုင်ငံ တကာနှင့် ပြည့်တန်ဆာအနေအထားကို ဖော်ပြထားသည်။ နိုင်ငံပေါင်း ၁ဝဝ ကို အခြေပြု ထားသည့် ယင်းအစီရင်ခံစာတွင် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ တောင်ကိုရီး ယား၊ မြောက် ကိုရီး ယားနိုင်ငံ တို့ပါဝင်ပြီး မြန်မာအကြောင်းကိုမူ စစ်တမ်းတွင် မဖော်ပြထားပေ။ သို့သော်လည်း မြန်မာအတိုင်း ပင် ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘော ဒီးယား၊ တောင်ကိုရီးယားနှင့် မြောက်ကိုရီး ယားနိုင်ငံတို့သည် ပြည့်တန်ဆာလုပ်ငန်းကို နိုင်ငံထဲတွင် တရားဝင်ခွင့်ပြုမထားသည်မှာ တူ ညီနေသည်။ ထိုထဲမှ ထိုင်းနိုင်ငံသည် တရားဝင်ခွင့်ပြုမထားသော်လည်း နိုင်ငံသားအများစုက လက်ခံထားရာ ပြီးခဲ့သည့်နှစ် က နိုင်ငံ ဂျီဒီ ပီ၏ ၃ ရာခိုင်နှုန်း ကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလျံအထိ ပြည့်တန်ဆာလုပ်ငန်းမှ ရခဲ့သည်ဟု ယင်းစစ်တမ်း တွင် ဖော်ပြ ထားသည်။

ထို့အတူ ဖိလစ်ပိုင်တွင် Bar Girl အမည်ဖြင့် ဘားကောင်တာတို့တွင် မှတ်ပုံတင်ဆေးစစ်ပြီးခွင့်ပြုမှုတော့ ရှိသည်။ ကမ္ဘောဒီးယားမှာမူ ထူးခြားလှသည်။ ဥပဒေအရ ခွင့်ပြုမထားသော်လည်း တားမြစ်ထားမှုမရှိသည့်အတွက် ပြည့်တန်ဆာများသည် ရဲတပ်ဖွဲ့ဝင်တို့၏ ထင် သလို ပြုမူဆက်ဆံမှုကို ခံနေကြရသည်ဟု စစ်တမ်းကဖော်ပြထားသည်။ အဆို ပါစစ်တမ်းတွင် ခွင့်ပြုမထားသော နိုင်ငံ တို့မှ ပြည့် တန် ဆာတို့ကို ရဲက ဖမ်းဆီးရာတွင် အင်ဖော်မာ၊ သတင်းပေး၊ အရပ်သားများကို အများစု အသုံးချကြသည်ကို တွေ့ရသည်။

မြန်မာဖိုက်တာတို့၏ အခန်းကဏ္ဍ

ယနေ့ကဲ့သို့သော ဒီမိုကရေစီခေတ်တွင် လိင်အလုပ်သမားများသည် ၎င်းတို့၏ အခွင့်အရေးကို တောင်းဆိုလာသည်။ ဗုဒ္ဓဘာ သာ နိုင် ငံဖြစ်သည့်အတွက် ခွင့်မပြုသင့် ကြောင်းကန့်ကွက်သူရှိသလို၊ ရှောင်လွှဲ၍ မရသောကိစ္စများဖြစ်သည့်အတွက် ကျန်း မာရေး မထိ ခိုက်နိုင် ဟုဆို ကာခွင့်ပြုပေးသင့်ကြောင်း တောင်းဆိုသူတို့ကလည်း ရှိနေပြန်သည်။ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ များစွာပေါ်ေ ပါက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ပြည့်တန်ဆာထံသွားသော ယောက်ျားသားများကိုယ်တိုင်က ပတ်ဝန်းကျင်၊ လူမှုအသိုင်း အ ဝိုင်းကြား မထုတ်ဖော်ရဲကြ။ ပြည့်တန်ဆာတို့ဆိုလျှင် ပို၍ပင်ဆိုးနေလိမ့်မည်။ အသိုင်းအဝိုင်းက လုံးဝလက်ခံမ ထားသော ကြောင့် ဖြစ် သည်။ ထိုသို့သော အခြေအနေတွင် ဖိုက်တာတို့၏အနိုင်ကျင့်ခံရမှု၊ စော် ကားမှုတို့ကို ခံနေရသော ပြည့်တန်ဆာများက ဒုနှင့်ဒေး ရှိကြမည်သာ။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါ်စန္ဒာမင်းကတော့ ဖိုက်တာများအသုံးချဖမ်းမှုကို ကန့်ကွက်သည်ဟု ဆိုလာ သည်။ ”ရှာဖွေသူရှိလို့၊ လုပ်စားတဲ့သူ ရှိတာ။ ဒါ ရှင်းရှင်းလေးပဲ။ ရှာဖွေသူ ပါဖမ်းလိုက်ရင် ပပျောက်လျော့နည်းသွားမှာပဲ။ ဖိုက်တာက ပြည့်တန်ဆာကို ပြစ်မှုကျူးလွန်ချင်လာအောင် လှုံ့ဆော်နေသူတစ်ဦးပဲ”ဟု သူမကပြောသည်။ လိင်အလုပ်သမ အဖွဲ့အစည်း တစ်ခုတွင် လုပ်ကိုင်ခဲ့ဖူးသူ ပြည့်တန်ဆာတစ်ဦးက ”ဘာမှမလုပ်ဘဲ သူက ရဲလက်အပ်မလား။ စိတ်ကြိုက်လုပ်ပြီးမှ ရဲလက်အပ်တာ”ဟု ဆိုသည်။ ကာမအပြင်၊ ပစ္စည်းယူသွားသူလည်း ရှိသည်ဟု သူမက ညဉ့်ငှက်လေးများ၏ အတွေ့အကြုံကို ဖြန့်ဝေသည်။ သို့သော် ဇာတ်ဆောင်တိုင်းတော့မဟုတ်ဟု သူမက ဆက်ပြောသည်။ ”သနားတတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နည်းတယ်”ဟု ၎င်းက ဆို သည်။ အထက်ပါ အဖြစ်အပျက်များသည် ဖုန်းခေါ်သံတစ်ခုမှ အစပြုခဲ့ခြင်း ဖြစ်နိုင်ပါသည်။

တူ..တူ.. တူ ..တူ.. တူ ..တူ …..။
ပေါ်ပြူလာနယူးစ်အဖွဲ့
Popular Myanmar News Journal

0 comments:

Post a Comment