Wednesday, July 8, 2015

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် သက်သေလေးဦးစတင်စစ်ဆေး၊ ကွဲလွဲချက်များရှိနေ

မြန်မာလူငယ်နှစ်ဦးကို ရုံးထုတ်ရန်ခေါ်ဆောင်လာစဉ်(JEROME TAYLOR/AFP) 

လိပ်ကျွန်းလူသတ်မှုဖြစ် စဉ် ပထမဆုံးတွေ့ရှိသော တရားလိုပြသက်သေလေးဦးကို စတင်စစ်ဆေးရာတွင် အမှု၌ပါဝင်သည့် အချက်များနှင့် ကွဲလွဲချက်များရှိနေကြောင်း မြန်မာသံရုံးအထူးအဖွဲ့ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် အဓိကသက်သေ လေးဦးဖြစ်သော လိပ်ကျွန်းလူသတ်မှုစတင်တွေ့ရရှိပြီး ကိုင်တွယ်သော ရဲအရာရှိ၊ လိပ်ကျွန်း ဆေးဆရာဝန်၊ လိပ်ကျွန်း AC ဘားပိုင်ရှင်၏ ညီနှင့် ၎င်း၏ သူငယ်ချင်းလေးဦးတို့ကို ဇူလိုင် ၈ ရက်တွင်စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့ အမှုမှတ် တမ်းတွင် သေဆုံးသူဟန်နာသည် အဓမ္မပြုကျင့်ခံထားရသည်ဟု ပြောကြားထားသော်လည်း လိပ် ကျွန်းဆေးဆရာဝန်၏ ထွက်ဆို ချက်မှာ သေဆုံးသူဟန်နာသည် အဓမ္မပြုကျင့်ခံရသည်ဟု ပြောကြားမသွားဘဲ လိင်ဆက်ဆံမှုပြုလုပ် အပြီးတွင်သာ သေဆုံးသွားသည်ဟု ထွက်ဆိုလိုက်ကြောင်း ရှေ့ နေဦးအောင်မျိုးသန့်က ပြော ကြားသည်။

ထိုင်းရဲတပ်ဖွဲ့က သေဆုံး သူအလောင်းနှစ်လောင်းကို စစ် ဆေးချိန်တွင် သေဆုံးသူဟန်နာ ၏ ကိုယ်ပေါ်၌ မျက်နှာသုတ် ပ၀ါအစိမ်းရောင်တစ်ထည်ရှိနေ ပြီး သေဆုံးသူအား စတင်တွေ့ရှိ သော AC ဘားပိုင်ရှင်၏ ညီဖြစ် သူက အလောင်းကို တွေ့ရှိချိန် တွင် သေဆုံးသူ ဟန်နာ၏ ကိုယ် ပေါ်တွင် မျက်နှာသုတ်ပ၀ါရှိမနေ ကြောင်း ထွက်ဆိုသွားသည်ဟု ရှေ့နေဦးအောင်မျိုးသန့်က ပြော သည်။

‘‘ကွဲလွဲချက်တွေရှိနေတယ်။ လိပ်ကျွန်းလူသတ်မှုကို မှတ်တမ်း လုပ်တဲ့ရဲက သူရောက်သွားတဲ့အ ချိန်မှာ ဘားပိုင်ရှင်ညီနဲ့ သူ့တပည့် က အခင်းဖြစ်တဲ့နေရာမှာ ရောက် နေပြီ။ သူရောက်တဲ့အချိန်က မ နက် ၆ နာရီခွဲလောက်ပေါ့။ ရေ ကလည်းတက်နေပြီ။ အဲဒီတော့ ရေအောက်ရောက်မသွားအောင် အပေါ်ကို ဆွဲတင်ထားတာ။ သုံး ကိုက်လောက်အကွာနေရာပြောင်း ရွှေ့ထားတယ်လို့ ပြောတယ်။ AC ဘား သူဌေးညီကလည်း သူရောက် တဲ့အချိန်မှာ ဟန်နာရဲ့ကိုယ်ပေါ် မှာ ပ၀ါအစိမ်းရောင်ရှိမနေဘူး။ ဒေးဗစ်အလောင်းကလည်း မှောက်ခုံအနေအထားလို့ ပြော သွားတယ်’’ဟု ရှေ့နေဦးအောင် မျိုးသန့်က ပြောသည်။

ယနေ့ (ဇူလိုင် ၉ ရက်)တွင် DNA စစ်ဆေးရန် ကိုင်တွယ်သော ရဲအရာရှိကို စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ဒီနေ့ တရားလိုပြသက်သေ လေးဦးကို စစ်ဆေးရာမှာတော့ ကျွန်တော်တို့က အသာရတယ်လို့ ပြောရပါမယ်။ သူတို့ရဲ့ ထွက်ဆို ချက်တွေမှာ ကွဲလွဲမှုတွေရှိနေပါ တယ်။ ဒါကို ကျွန်တော်တို့ ရှေ့နေ တွေက တန်ပြန်မေးခွန်းတွေ မေး နိုင်ခဲ့ပါတယ်။ ဒီနေ့မှာ DNA ကိုင် တွယ်တဲ့ ရဲအရာရှိရောက်လာမှာ ပါ။ တရားသူကြီးကတော့ DNA ပြန်စစ်ဖို့ရာ သူ့ဆီကိုပဲ နားလည်မှု နဲ့ တောင်းဆိုပါလို့ ပြောထားပါ တယ်’’ဟု ဇူလိုင် ၈ ရက်၌ တရား ရုံးသို့ သွားရောက်ခဲ့သူ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

ဒီအင်န်အေ ပြန်လည်စစ် ဆေးခြင်းကို ဧပြီလကတည်းက ခွင့်ပြုထားသော်လည်း စစ်ဆေး မည့်ရက်ကို တရားရုံးက ကြား ကာလ၌ ပြောကြားခြင်းမရှိဘဲ အ မှုရုံးချိန်းပြန်လည်စတင်မည့် ဇူ လိုင် ၈ ရက်သို့ နီးကပ်လာချိန်တွင် ခွင့်မပြုနိုင်ကြောင်း ပြန်လည်ပြော ကြားလာခြင်းဖြစ်သည်။ တရား သူကြီးက နောင်တစ်ချိန်တွင် ယခုကဲ့သို့အလားတူ ပြဿနာ ဖြစ်ပွားလာပါက ထပ်မံတောင်း ဆိုမည်ဖြစ်သောကြောင့် ခွင့်မပြု ခြင်းဖြစ်သည်ဟု ပြောကြားထားကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

လိပ်ကျွန်းလူသတ်မှုကို ဇူ လိုင်နှင့် သြဂုတ်တွင် ခြောက်ကြိမ် စီ စုစုပေါင်း (၁၂) ကြိမ် ရုံးထုတ် စစ်ဆေးမည်ဖြစ်ပြီး အဆိုပါရုံး ချိန်းများ၌ တရားလိုပြသက်သေများကိုသာ စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

မြန်မာဘက်မှ တင်သွင်း ထားသည့် တရားခံပြသက်သေ များကို စက်တင်ဘာ ၁ ရက်မှစ ၍ နှစ်ရက်ဆက်တိုက် စတင်စစ် ဆေးမည်ဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်မှ ၂၅ ရက်ထိ ဆက်လက် စစ်ဆေးမည်ဖြစ်ရာ စုစုပေါင်း ခြောက်ကြိမ်ရုံးထုတ်စစ်ဆေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဗြိတိန်နိုင်ငံသား ဒေးဗစ်မီ လာ (၂၄) နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ(၂၃)နှစ်တို့သည် ၂၀၁၄ စက် တင်ဘာ ၁၄ ရက် ညဥ့်သန်းခေါင် တွင် လိပ်ကျွန်း၌ အသတ်ခံခဲ့ရ ခြင်းဖြစ်သည်။

7Day Daily

0 comments:

Post a Comment