Thursday, July 23, 2015

တေလာဆွစ်ဖ်ကို ကြောင်သူတော်လို့ အရိပ်အမြွက်ပြောကြားလိုက်တဲ့ ကေတီပယ်ရီ


အမ်တီဗီတေး ဂီတဗီဒီယိုဆု ဆန်ခါတင်စာရင်း နှင့်ပတ်သက်၍ အဆိုတော်များ ဖြစ်ကြသော နစ်ကီမင်နက်နှင့် တေလာဆွစ်ဖ်တို့ တွစ်တာ စာ မျက်နှာမှတစ်ဆင့် အငြင်းပွားကြ စဉ် အဆိုတော်ကေတီပယ်ရီက တေလာဆွစ်ဖ်ကို ကြောင်သူ တော်ဟု အရိပ်အမြွက်ပြောကြား လိုက်သည်။အဆိုတော်နစ်ကီမင်နက် သည် အမ်တီဗီတစ်နှစ်တာအကောင်းဆုံး တေးဂီတဗီဒီယိုဆု ဆန်ခါတင်စာရင်းတွင် ၎င်း၏ Anaconda တေးဂီတဗီဒီယိုမပါဝင်ခဲ့၍ မကျေနပ်ကြောင်းဖော်ပြခဲ့သည်။ တေးဂီတလောကသည် ၎င်းမှာ အာဖရိကန်-အမေရိကန် အမျိုးသမီးတစ်ဦးဖြစ်သည့်အတွက် မျက်နှာသာမပေးဘဲ ခန္ဓာကိုယ်ကျစ်လျစ် သွယ်လျသော အမျိုးသမီး ကြယ်ပွင့်များကို ပိုမိုနှစ်သက်ခဲ့သည်ဟု နစ်ကီမင်နက်က တွစ်တာစာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။

ယခုနှစ် အမ်တီဗီဆု ဆန်ခါ တင်စာရင်းတွင် ဆုအများဆုံး အမည်တင်သွင်းခံရသော တေလာဆွစ်ဖ်က ၎င်းဆုရလျှင် နစ်ကီမင်နက်ကို စင်ပေါ်သို့ဖိတ်ခေါ်မည်ဟု ပြောကြားခဲ့သည်။ ယင်းသို့ မပြောကြားမီ တေလာဆွစ်ဖ်က ၎င်းသည် နစ်ကီမင်နက် ကဲ့သို့ အမျိုးသမီးအချင်းချင်းပြိုင် နေသူမဟုတ်ဟု တွစ်တာစာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့သည်။ ဤသည်ကို တေလာဆွစ်ဖ်၏ မဟာရန်သူတော်ဟု မီဒီယာများကဖော်ပြသော ကေတီပယ်ရီက တေလာဆွစ်ဖ်သည် ရှေ့စကားနှင့်နောက်စကား မညီသည်ကို ၎င်း၏ Bad Blood တေးဂီတဗီဒီယိုကြည့်ခြင်းဖြင့် သိနိုင်သည်ဟု အရိပ်အမြွက်ပြောကြားသည်။ တေလာဆွစ်ဖ်၏ တေးဂီတဗီဒီယို Bad Blood သည် အမျိုးသမီးနှစ်ဦးအကြား ယှဉ်ပြိုင်မှုကို တင်ဆက်ထားသော တေးဂီတဗီဒီယိုဖြစ်သည်။ တေလာဆွစ်ဖ်၏ Bad Blood တေးသီချင်းမှာ ကေတီပယ်ရီနှင့် ရန်စအကြောင်းကို တင်ဆက်ထား သည့်သီချင်းဖြစ်သည်ဟု ထုတ် ဖော်ပြောကြားခြင်းမရှိသော်လည်း လူအများကမူ ယင်းသီချင်းမှာ ၎င်းတို့နှစ်ဦးအကြား ရန်စကို ဖော်ပြသည့်သီချင်းဖြစ်သည်ဟု ယူဆကြသည်။ 

Ref: Just Jared
7Day Daily

0 comments:

Post a Comment