Monday, July 13, 2015

ကော့သောင်းအနီး ကျွန်းတစ်ကျွန်းပေါ်တွင် ဘင်္ဂါလီလူမျိုး တစ်ရာကျော် ထပ်မံတွေ့ရှိ

ကော့သောင်းအနီးရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ဘင်္ဂါလီ ၁၀၀ ကျော်ကို တွေ့ရှိရစဉ် (ဓာတ်ပုံ-မြ၀တီ)

ကော့သောင်းမြို့နယ်နှင့် ဆက်စပ်နေသည့် ပင်လယ်ပြင် အတွင်း ကျွန်းတစ်ကျွန်းပေါ်တွင် ဘင်္ဂါလီလူမျိုး ၁၀၂ ဦးကို တပ်မ တော်(ရေ)က ဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

မြန်မာ့ပင်လယ်ပြင်အတွင်း မှ စောင်းကောက်ကျွန်းနှင့်အနီး ၀န်းကျင်ရှိကျွန်းများပေါ်မှ ဇွန်လ ၁၁ နှင့် ၁၂ ရက်တွင် ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်သည်ဟု ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး က ပြောသည်။‘‘ဘင်္ဂါလီတစ်ယောက်ကို အရင်ဖမ်းမိတာ။ သူ့ကိုတပ်မ တော်(ရေ)က မေးတော့ နောက် ထပ်လူတွေ ကျွန်းပေါ်မှာ ရှိနေသေးတယ်ဆိုတာသိလို့ ထပ်ရှာတာ။စုစုပေါင်း ၁၀၂ ယောက်ပါ’’ ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

၎င်းတို့ကို စစ်ဆေးရာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံသား လူကုန်ကူးသူများက စောင်းကောက်ကျွန်းတွင် ထားကာ ထိုမှတစ်ဆင့် မလေး ရှားနိုင်ငံသို့ ပို့ဆောင်ရန် စီစဉ် ထားခြင်းဖြစ်သည်ဟု ဆိုသည်။ စောင်းကောက်ကျွန်းဝန်းကျင်လှိုင်းရောလေပါ ကြမ်းတမ်းပြီး ခက်ခက်ခဲခဲသွားရသည့်နေရာ ဖြစ်သည်ဟု ကော့သောင်းတွင် နေဖူးသည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှစ၍ ဖျာ ပုံနှင့် မောင်တောမြို့နယ်များရှိ မြန်မာ့ပင်လယ်ပြင်ပိုင်နက်အ တွင်း ဘင်္ဂါလီကိုးရာကျော် ဖမ်းမိ ခဲ့ကာ ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်လွှဲပြောင်းခြင်း များရှိခဲ့သော်လည်း အပြီးသတ် မလုပ်ဆောင်နိုင်သေးပေ။

7Day Daily

0 comments:

Post a Comment