
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် ၀ဲကြီးဆည်၏ ရေထုတ်လက်ဝဲမြောင်း တာဘောင် ၁၅ပေခန့် ကျိုးပေါက်သွား သဖြင့် ပေါင်းတည်မြို့ပေါ် ရပ်ကွက်တချို့နှင့် ကျေးရွာ အုပ်စု ၈စု ရေနစ်မြုပ်နေသည်။
ယင်းကျေးရွာအုပ်စုများမှာ ပန်းသင်းပင်၊ မဲခေါင်းရွာ၊ ခြောက်လုံးပြူ၊ ကျွန်းတောလှ၊ ရှားပေါင်း၊ ကုန်းသာနှင့် အင်တိုင်းဇင်းကျေးရွာအုပ်စု အပါအဝင် ကျေးရွာအုပ်စု ၈ စုနှင့် ပေါင်တည်လည်မြို့ပေါ်ရှိ ရပ်ကွက်တချို့နှင့် ရန်ကုန်-ပြည်လမ်းမတလျှောက် ၂ ဖာလုံခန့်ရေနစ်မြုပ်နေပြီး ဒေသခံများ အကူအညီလိုအပ်နေကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်အတွင်း ရေနစ်မြုပ်မှုများကြုံတွေ့နေရသည့် ရပ်ကွက်များနှင့် ကျေးရွာများရှိ အစိုးရကျောင်း ၈ ကျောင်း ယာယီပိတ်ထားရပြီး၊ မြို့နယ်ပြည့်သူဆေးရုံးရှိ လူနာများကိုလည်း ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။








သတင်းနှင့် ဓာတ်ပုံ - ကောင်းမြတ်မင်း
ဧရာဝတီ
0 comments:
Post a Comment