Wednesday, September 25, 2019

ဖိလစ္ပိုင္တြင္ နဂါးေလွေလွာ္ပြဲအတြက္ ေလ့က်င့္ေနစဥ္ လူ ၇ ဦးေသဆံုး


ဖိလစ္ပိုင္ႏိုင္ငံတြင္ စက္တင္ဘာ ၂၅ ရက္ေန႔က နဂါးေလွေလွာ္အဖြဲ႔မွ အဖြဲ႔ဝင္ ခုႏွစ္ဦးသည္ Boracay ကၽြန္းတြင္ ႏိုင္ငံတကာေလွၿပိဳင္ပြဲအတြက္ ေလ့က်င့္ေနစဥ္ ႀကီးမားတဲ့ လႈိင္းတံပိုးရိုက္ခတ္မႈေၾကာင့္ သစ္သားေလွ တိမ္းေမွာက္ကာ ေလွာ္ခတ္သူ အမ်ိဳးသား ၄ ဦးႏွင့္ အမ်ိဳးသမီး ၃ ဦးတို႔ ေသဆံုးခဲ့သည္ဟု ကယ္ဆယ္ေရးမ်ားက ေျပာၾကားခဲ့ေၾကာင္း သိရွိရပါသည္။

နဂါးေလွေလွာ္ၿပိဳင္ပြဲသည္ ဖိလစ္ပိုင္ႏိုင္ငံႏွင့္ အာရွတလႊားတြင္ ေက်ာ္ၾကား သည့္ အားကစားတစ္ခုပင္ျဖစ္သည္။ ၁၂ မီတာ (၃၉ ေပ) ရွည္ေသာေလွကို ေလွေလွာ္သူ အေယာက္ ၂၀ က ႏွစ္ဦးဆီ ေဘးခ်င္းယွဥ္ထိုင္ကာ ေလွာ္ခတ္ၿပီး ေလွဦးထိပ္တြင္ ဗံုတီးသူတစ္ေယာက္ႏွင့္ ေလွအၿမီးပိုင္းတြင္ ပဲ့ကိုင္သူတစ္ေယာက္ပါရွိေလ့ရွိေၾကာင္း သိရွိရပါသည္။
<<unicode>>
ဖိလစ်ပိုင်တွင် နဂါးလှေလှော်ပွဲအတွက် လေ့ကျင့်နေစဉ် လူ ၇ ဦးသေဆုံး
Thursday, September 26, 2019

ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၂၅ ရက်နေ့က နဂါးလှေလှော်အဖွဲ့မှ အဖွဲ့ဝင် ခုနှစ်ဦးသည် Boracay ကျွန်းတွင် နိုင်ငံတကာလှေပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် ကြီးမားတဲ့ လှိုင်းတံပိုးရိုက်ခတ်မှုကြောင့် သစ်သားလှေ တိမ်းမှောက်ကာ လှော်ခတ်သူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ သေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေးများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
နဂါးလှေလှော်ပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံနှင့် အာရှတလွှားတွင် ကျော်ကြား သည့် အားကစားတစ်ခုပင်ဖြစ်သည်။ ၁၂ မီတာ (၃၉ ပေ) ရှည်သောလှေကို လှေလှော်သူ အယောက် ၂၀ က နှစ်ဦးဆီ ဘေးချင်းယှဉ်ထိုင်ကာ လှော်ခတ်ပြီး လှေဦးထိပ်တွင် ဗုံတီးသူတစ်ယောက်နှင့် လှေအမြီးပိုင်းတွင် ပဲ့ကိုင်သူတစ်ယောက်ပါရှိလေ့ရှိကြောင်း သိရှိရပါသည်။
#Myanmar_Online_News #ဖိလစ်ပိုင်

0 comments:

Post a Comment