Thursday, September 26, 2019


Image may contain: 2 people, people smiling

Image may contain: 1 person, smiling
Image may contain: 1 person, smiling
<< Unicode >>
နိုင်ခြေအဆင့် ၅ ရှိသည့် ဘူဂေးရီးယားကြက်တောင်မယ်ကို အိမ်ပြန်ပို့ကာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ သက်ထားသူဇာ
Friday, September 27, 2019
MALDIVES INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါပြီ….
မော်လ်ဒိုက်နိုင်ငံမှာ ကျင်းပနေတဲ့ MALDIVES INTERNATIONAL CHALLENGE 2019 ပြိုင်ပွဲကြီးမှာ နိုင်ခြေအဆင့် ၅ ရှိတဲ့ ပြိုင်ဘက် ဘူဂေးရီးယားကြက်တောင်မယ် Linda ZETCHIRI ကို သက်ထားသူဇာက (၂၁-၈)၊ (၂၁-၁၁) နဲ့ ၂ ပွဲပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်တာပဲ ဖြစ်ပါတယ်….။
ဒါဟာ တစ်နေ့တည်းမှာပဲ ပြိုင်ဘက်ကစားသမား ၂ ယောက်ကို အနိုင်ယူပြီး ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သက်ထားသူဇာဟာ မနက်ပိုင်းမှာ အိန္ဒိယကြက်တောင်မယ်ကို (၂၁-၁၀)၊(၂၁-၁၇) နဲ့ ၂ ပွဲပြတ်နိုင်ခဲ့ပြီး ညနေပိုင်းမှာပါ ဆက်တိုက် နိုင်ပွဲတစ်ခု ထပ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးတို့လည်း သက်ထားသူဇာလေး ဖိုင်နယ်ရောက်ပြီး ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်နေကြတာပဲဖြစ်ပါတယ်…..။
#Myanmar_Online_News #Thet_htar_Thu_Zar #ဘူဂေးရီးယား

0 comments:

Post a Comment