Friday, August 30, 2019

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ယနေ့နံနက်ပိုင်း ရေပိုလွှဲမှ ၃ ဒဿမ ၁ ပေခန့် ရေကျော် ကျလျက်ရှိ

Image may contain: sky, outdoor and nature

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံ ကြီးဝတမံတွင် ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ တမံရေပို လွှဲမှ ၃ ဒဿမ ၁ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရ သည်။

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေ ဖြင့် မြို့နယ်အတွင်း ဒေသခံ ပြည်သူများသဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ထိခိုက်မှုကင်းဝေးစေရန်အတွက် ကြီးအုံကြီးဝ တမံရေပိုလွှဲ မှ ရေကျော်ကျမှု အခြေအနေအား နေ့စဉ်အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး အသိပေး နှိုးဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယနေ့ နံနက်ပိုင်းက ကြီးအုံကြီးဝတမံရေပိုလွှဲမှ ၃ ဒသမ ၁ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုသည် သြဂုတ် ၁၇ ရက်နေ့က ၅ ပေ၊ ၈ လက်မ ရှိပြီး ယခုလက်ရှိတွင် တမံရေပိုလွှဲမှ ၃ ဒဿမ ၁ ပေ ခန့်ရှိကြောင်းသိရသည်။
Image may contain: bridge, outdoor and water
Image may contain: outdoor and nature
ရဲဝင်းနိုင် ( ညောင်ဦး )

0 comments:

Post a Comment