Thursday, September 26, 2019

ယာဥ္မွတ္ပံုတင္ဖ်က္သိမ္းခံရသည့္ အစိတ္အပိုင္းမမွန္မကန္ ျဖစ္ေနေသာ ယာဥ္မ်ား အတြက္ “ဃ” (စလစ္) ထုတ္ေပးမည္

Image may contain: 8 people, people sitting and indoorImage may contain: 3 people

အစိတ္အပိုင္းမမွန္မကန္ Body Coach (ေဖာက္စြပ္/ျဖတ္ဆက္) ေျပာင္းထားလို႔ ယာဥ္မွတ္ပံုတင္ဖ်က္သိမ္းခံရ တဲ့ ယာဥ္ေတြကို သံရည္က်ိဳအပ္ႏွံေစၿပီး ယာဥ္အို/ယာဥ္ေဟာင္းအပ္ အစားထိုးယာဥ္တင္သြင္းခြင့္ပံုစံ “ဃ” (စလစ္)ကို ထုတ္ေပးသြားမယ္လို႔ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန တိုင္းဦးစီးမွဴး ဦးလ်န္က်င့္မန္က ေျပာၾကားခဲ့သည္။

(၂၀၁၅)ခုႏွစ္၊ ေမာ္ေတာ္ယာဥ္ ဥပေဒပုဒ္မ-၁၈(င)အရ အစိတ္အပိုင္းမမွန္မကန္ေျပာင္းလဲထားတဲ့ Body Coach (ေဖာက္စြပ္/ျဖတ္ဆက္) ေမာ္ေတာ္ယာဥ္ေတြကို ဥပေဒနဲ႔အညီ မွတ္ပံုတင္ဖ်က္သိမ္းၿပီး ရဲစခန္းေတြကို အပ္ႏွံခဲ့ပါတယ္။ မွတ္ပံုတင္ဖ်က္သိမ္းေဆာင္ရြက္ခဲ့ရေပမယ့္ ယာဥ္ပိုင္ရွင္ျပည္သူေတြရဲ့ ဆံုး႐ံႈးနစ္နာခဲ့တာေတြအတြက္ အထိုက္အေလ်ာက္ သက္သာခြင့္ရရွိေစဖို႔၊ ယာဥ္သိမ္းဆည္းခံရတဲ့ ျပည္သူအမ်ားစုက အစားထိုးယာဥ္တင္သြင္းခြင့္ ပံုစံ “ဃ” (စလစ္) ရယူလိုတဲ့ဆႏၵကိုျဖည့္ဆည္းႏိုင္ဖို႔ အစိတ္အပိုင္းမမွန္မကန္ ယာဥ္ေတြအားလံုး ဖ်က္သိမ္းႏိုင္ဖို႔ကို ရည္ရြယ္ၿပီး ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ၀န္ႀကီးဌာန၊ ကုန္းလမ္းပို႔ ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ ေအာက္တိုဘာ(၁)ရက္ ကစၿပီး ေျဖေလ်ာ့ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ဆိုပါတယ္။ ေနာက္ပိုင္းမွာလည္း အစိတ္အပိုင္းမမွန္မကန္ ေျပာင္းလဲထားတဲ့ ယာဥ္ေတြကို စစ္ေဆးေတြ႔ရွိရင္ ခ်က္ခ်င္း အရည္က်ိဳအပ္ႏွံေစၿပီး ယာဥ္အို/ယာဥ္ေဟာင္းအပ္ အစားထိုးယာဥ္တင္ သြင္းခြင့္ပံုစံ “ဃ” (စလစ္) ထုတ္ေပးသြားမယ္လို႔ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ အစိတ္အပိုင္း မမွန္မကန္ Body Coach (ေဖာက္စြပ္/ျဖတ္ဆက္) ေျပာင္းထားလို႔ ယာဥ္မွတ္ပံုတင္ ဖ်က္သိမ္းခံရတဲ့ ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ့ ေမာ္ေတာ္ယာဥ္အစီးေရက (၂၀၁၉)ခုႏွစ္ စက္တင္ဘာ (၂၃)ရက္အထိ စုစုေပါင္း (၃၆၂)စီးရွိၿပီး အားလံုးကို ပံုစံ “ဃ” (စလစ္) ထုတ္ေပးသြားမွာ ျဖစ္တယ္လို႔ ဦးလ်န္က်င့္မန္ကေျပာၾကားခဲ့ေၾကာင္းသိရွိရပါသည္။
<<Unicode>>
ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခံရသည့် အစိတ်အပိုင်းမမှန်မကန် ဖြစ်နေသော ယာဉ်များ အတွက် “ဃ” (စလစ်) ထုတ်ပေးမည်
Friday, September 27, 2019

အစိတ်အပိုင်းမမှန်မကန် Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ပြောင်းထားလို့ ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခံရ တဲ့ ယာဉ်တွေကို သံရည်ကျိုအပ်နှံစေပြီး ယာဉ်အို/ယာဉ်ဟောင်းအပ် အစားထိုးယာဉ်တင်သွင်းခွင့်ပုံစံ “ဃ” (စလစ်)ကို ထုတ်ပေးသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့သည်။
(၂၀၁၅)ခုနှစ်၊ မော်တော်ယာဉ် ဥပဒေပုဒ်မ-၁၈(င)အရ အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲထားတဲ့ Body Coach (ဖောက်စွပ်/ဖြတ်ဆက်) မော်တော်ယာဉ်တွေကို ဥပဒေနဲ့အညီ မှတ်ပုံတင်ဖျက်သိမ်းပြီး ရဲစခန်းတွေကို အပ်နှံခဲ့ပါတယ်။ မှတ်ပုံတင်ဖျက်သိမ်းဆောင်ရွက်ခဲ့ရပေမယ့် ယာဉ်ပိုင်ရှင်ပြည်သူတွေရဲ့ ဆုံးရှုံးနစ်နာခဲ့တာတွေအတွက် အထိုက်အလျောက် သက်သာခွင့်ရရှိစေဖို့၊ ယာဉ်သိမ်းဆည်းခံရတဲ့ ပြည်သူအများစုက အစားထိုးယာဉ်တင်သွင်းခွင့် ပုံစံ “ဃ” (စလစ်) ရယူလိုတဲ့ဆန္ဒကိုဖြည့်ဆည်းနိုင်ဖို့ အစိတ်အပိုင်းမမှန်မကန် ယာဉ်တွေအားလုံး ဖျက်သိမ်းနိုင်ဖို့ကို ရည်ရွယ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အောက်တိုဘာ(၁)ရက် ကစပြီး ဖြေလျော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာလည်း အစိတ်အပိုင်းမမှန်မကန် ပြောင်းလဲထားတဲ့ ယာဉ်တွေကို စစ်ဆေးတွေ့ရှိရင် ချက်ချင်း အရည်ကျိုအပ်နှံစေပြီး ယာဉ်အို/ယာဉ်ဟောင်းအပ် အစားထိုးယာဉ်တင် သွင်းခွင့်ပုံစံ “ဃ” (စလစ်) ထုတ်ပေးသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အစိတ်အပိုင်း မမှန်မကန် Body Coach (ဖောက်စွပ်/ဖြတ်ဆက်) ပြောင်းထားလို့ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းခံရတဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မော်တော်ယာဉ်အစီးရေက (၂၀၁၉)ခုနှစ် စက်တင်ဘာ (၂၃)ရက်အထိ စုစုပေါင်း (၃၆၂)စီးရှိပြီး အားလုံးကို ပုံစံ “ဃ” (စလစ်) ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ဦးလျန်ကျင့်မန်ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။
#Myanmar_Online_News #ကညန #ယာဉ်မှတ်ပုံတင်

0 comments:

Post a Comment