Thursday, September 26, 2019

ဖမ္းဆီးခံထားရေသာ ကရင့္အာဇာနည္ေန႔ဦးေဆာင္က်င္းပသူမ်ားအား KNU ေခါင္းေဆာင္တခ်ိဳ႕လာေရာက္ဝန္းရံ


Image may contain: 7 people, people smiling, people standing and outdoor
စက္တင္ဘာလ ၂၇ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕ေက်ာက္တံတား တရား႐ုံးတြင္ KNU ဗဟိုအလုပ္အမႈေဆာင္ ဖဒိုမန္းၿငိမ္းေမာင္အပါအဝင္ လူ ၂၀၀ ခန္႕မွ ကရင့္အာဇာနည္ေန႔ အခမ္းအနားက်င္းပခဲ့သည့္အတြက္ ဖမ္းဆီးခံထားရသူမ်ားအား ႐ုံးထုတ္စစ္ေဆးရာတြင္ လာေရာက္ဝန္းရံလွ်က္ရွိသည္။

ကရင္အမ်ိဳးသမီး အစည္းအ႐ုံးဥကၠ႒ ေဒၚေနာ္အုံးလွ အပါအဝင္ ကရင္လူငယ္မ်ားျဖစ္ၾကေသာ လွေစာအဲလ္ဘတ္ခ်ိဳ၊ စသိန္းေဇာ္မင္း တို႔ သုံးဦးသည္ ရန္ကုန္ၿမိဳ႕မဟာဗႏၶဳလပန္းၿခံေရွ႕တြင္ ဩဂုတ္လ ၁၂ ရက္ေန႔က အျခားကရင္တိုင္းရင္းသားမ်ားႏွင့္အတူ စုေပါင္း၍ (၆၉)ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပခဲ့ၿပီးေနာက္ ၿငိမ္းစုစီဥေပဒ ပုဒ္မ ၂၀ ျဖင့္ တရားစြဲခံေနရျခင္းျဖစ္သည္။
အဆိုပါ ဖမ္းဆီးျခင္းခံထားရသူသုံးဦးအားလႊတ္ေပးရန္ ႏွင့္ တိုင္းရင္းသားအခြင့္အေရးမ်ားေပးရန္ လာေရာက္ဝန္းရံသူမ်ားကေတာင္းဆိုခဲ့ၾကေၾကာင္းသိရွိရသည္။
Image may contain: 9 people, people standing and outdoor
Image may contain: 6 people, people smiling, people standing, crowd and outdoor
Image may contain: 4 people, outdoor
<<Unicode>>
ဖမ်းဆီးခံထားရသော ကရင့်အာဇာနည်နေ့ဦးဆောင်ကျင်းပသူများအား KNU ခေါင်းဆောင်တချို့လာရောက်ဝန်းရံ
Friday, September 27, 2019

စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ကျောက်တံတား တရားရုံးတွင် KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်အပါအဝင် လူ ၂၀၀ ခန့်မှ ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့သည့်အတွက် ဖမ်းဆီးခံထားရသူများအား ရုံးထုတ်စစ်ဆေးရာတွင် လာရောက်ဝန်းရံလျှက်ရှိသည်။
ကရင်အမျိုးသမီး အစည်းအရုံးဥက္ကဋ္ဌ ဒေါ်နော်အုံးလှ အပါအဝင် ကရင်လူငယ်များဖြစ်ကြသော လှစောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်း တို့ သုံးဦးသည် ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံရှေ့တွင် ဩဂုတ်လ ၁၂ ရက်နေ့က အခြားကရင်တိုင်းရင်းသားများနှင့်အတူ စုပေါင်း၍ (၆၉)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ပြီးနောက် ငြိမ်းစုစီဥပေဒ ပုဒ်မ ၂၀ ဖြင့် တရားစွဲခံနေရခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးခြင်းခံထားရသူသုံးဦးအားလွှတ်ပေးရန် နှင့် တိုင်းရင်းသားအခွင့်အရေးများပေးရန် လာရောက်ဝန်းရံသူများကတောင်းဆိုခဲ့ကြကြောင်းသိရှိရသည်။

0 comments:

Post a Comment