Monday, September 30, 2019

ကမ်းနားလမ်းညဈေးမှ လမ်းဘေးဈေးသည်များ ဆိုင်ခန်းနေရာချပေးမှုမကျေနပ်သဖြင့် ဆန္ဒပြမည်


ကမ်းနားလမ်းညဈေးတွင် ရောင်းချနေသည့် ပစ္စည်းအဟောင်းများ ရောင်းချသည့် ဈေးသည် ၁၅၀ ကျော်မှ ဆိုင်ခန်းချပေးမှုနှင့်ပတ်သက်ပြီး မျှတမှုမရှိသည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးများထံ တိုင်ကြားထားသော်လည်း တစ်လကျော်အထိ ထူးခြားမှုမရှိသဖြင့် ဆူးလေမြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ ကမ်းနားလမ်းညဈေးရှိ ပန်းဆိုးတန်းနှင့် ဆူးလေဘုရားလမ်းကြားရှိ မြေနေရာတွင်ရောင်းချနေသည့် လမ်းဘေးဈေးသည် ၁၅၀ မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးများထံ တိုင်ကြားထားသော်လည်း တစ်လကျော်အထိ ထူးခြားမှုမရှိသေးကြောင်း ပစ္စည်းအဟောင်း ရောင်းချသည့် ဈေးသည်များက ပြောကြားသည်။
အဆိုပါ ကမ်းနားလမ်းညဈေးကို ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုလက်ရှိတွင် ကမ်းနားလမ်း ညဈေးနေရာကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ပြီး နေရာချပေးထားရာတွင် ပွင့်လင်းမြင်သာမှုမရှိသောကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်း ရောင်းချသည့် ဈေးသည်များမှ ပြောကြားခဲ့သည်။
ယခုလက်ရှိ ဈေးသည်လူဟောင်း ၁၅၀ မှာ ကမ်းနားလမ်းညဈေးတန်းနေရာတွင် အိမ်သာနားများတွင် ကပ်ရောင်းနေရပြီး ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း တစ်လျှောက်တွင် ဈေးရောင်းချနေသည့် ဈေးသည် ၃၀၀ ကျော်ကို ကမ်းနားညဈေးနေရာသို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရွှေ့ပြောင်းပေးခဲ့သည်။
ရွှေဘုံသာလမ်း အရပ်အခေါ် ဘိန်းစားတန်း (သူခိုးတန်း) တွင် ရောင်းချနေ သည့် ဈေးသည်များကို ကမ်းနားလမ်း ညဈေးတန်းနေရာတွင် အီလက်ထရောနစ်ပစ္စည်းအဟောင်းများ၊ ဖုန်းအဟောင်းများ၊ လူအသုံးအဆောင်ပစ္စည်း တပတ်နွမ်းများ ရောင်းချသည့်ဆိုင်များကို လေးပေပတ်လည်၊ အစားအသောက်ဆိုင်များကို ရှစ်ပေပတ်လည် အကျယ်ဆိုင်ခန်းများ နေရာချပေးထားခဲ့သည်။
ညဈေးတန်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မြို့တွင်းလေးမြို့နယ်မှ လမ်းဘေးဈေးသည်များကို ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့်ပေးထားခဲ့ကြောင်းသိရှိရသည်။
Image may contain: night, sky and outdoor
Image may contain: car, crowd and outdoor
<<Zawgyi>>
ကမ်းနားလမ်းညဈေးမှ လမ်းဘေးဈေးသည်များ ဆိုင်ခန်းနေရာချပေးမှုမကျေနပ်သဖြင့် ဆန္ဒပြမည်
Tuesday, October 1, 2019

ကမ်းနားလမ်းညဈေးတွင် ရောင်းချနေသည့် ပစ္စည်းအဟောင်းများ ရောင်းချသည့် ဈေးသည် ၁၅၀ ကျော်မှ ဆိုင်ခန်းချပေးမှုနှင့်ပတ်သက်ပြီး မျှတမှုမရှိသည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးများထံ တိုင်ကြားထားသော်လည်း တစ်လကျော်အထိ ထူးခြားမှုမရှိသဖြင့် ဆူးလေမြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါ ကမ်းနားလမ်းညဈေးရှိ ပန်းဆိုးတန်းနှင့် ဆူးလေဘုရားလမ်းကြားရှိ မြေနေရာတွင်ရောင်းချနေသည့် လမ်းဘေးဈေးသည် ၁၅၀ မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးများထံ တိုင်ကြားထားသော်လည်း တစ်လကျော်အထိ ထူးခြားမှုမရှိသေးကြောင်း ပစ္စည်းအဟောင်း ရောင်းချသည့် ဈေးသည်များက ပြောကြားသည်။
အဆိုပါ ကမ်းနားလမ်းညဈေးကို ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုလက်ရှိတွင် ကမ်းနားလမ်း ညဈေးနေရာကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ပြီး နေရာချပေးထားရာတွင် ပွင့်လင်းမြင်သာမှုမရှိသောကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်း ရောင်းချသည့် ဈေးသည်များမှ ပြောကြားခဲ့သည်။
ယခုလက်ရှိ ဈေးသည်လူဟောင်း ၁၅၀ မှာ ကမ်းနားလမ်းညဈေးတန်းနေရာတွင် အိမ်သာနားများတွင် ကပ်ရောင်းနေရပြီး ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း တစ်လျှောက်တွင် ဈေးရောင်းချနေသည့် ဈေးသည် ၃၀၀ ကျော်ကို ကမ်းနားညဈေးနေရာသို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရွှေ့ပြောင်းပေးခဲ့သည်။
ရွှေဘုံသာလမ်း အရပ်အခေါ် ဘိန်းစားတန်း (သူခိုးတန်း) တွင် ရောင်းချနေ သည့် ဈေးသည်များကို ကမ်းနားလမ်း ညဈေးတန်းနေရာတွင် အီလက်ထရောနစ်ပစ္စည်းအဟောင်းများ၊ ဖုန်းအဟောင်းများ၊ လူအသုံးအဆောင်ပစ္စည်း တပတ်နွမ်းများ ရောင်းချသည့်ဆိုင်များကို လေးပေပတ်လည်၊ အစားအသောက်ဆိုင်များကို ရှစ်ပေပတ်လည် အကျယ်ဆိုင်ခန်းများ နေရာချပေးထားခဲ့သည်။
ညဈေးတန်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မြို့တွင်းလေးမြို့နယ်မှ လမ်းဘေးဈေးသည်များကို ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့်ပေးထားခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment