Thursday, September 26, 2019

ျမန္မာႏိုင္ငံသို႔ေရာက္ရွိေနေသာ လာအိုအမ်ိဳးသားကာကြယ္ေရးဝန္ႀကီးဌာန ႏိုင္ငံျခားဌာနစုမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႔ ျပန္လည္ထြက္ခြာ

Image may contain: 1 person, smilingImage may contain: 2 people, people smiling, people standing

ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္သို႔ ခ်စ္ၾကည္ေရးခရီး ေရာက္ရွိေနေသာ လာအုိအမ်ဳိးသား ကာကြယ္ေရးဝန္ႀကီးဌာန ႏုိင္ငံျခားဌာနစုမွ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Brigadier General Kenchanh NANTHLANGSY ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႕သည္ မေန႔က မြန္းလြဲပိုင္းတြင္ Bangkok Airways ေလေၾကာင္းလိုင္းျဖင့္ မႏၲေလး အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွ ထြက္ခြာရာ အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္မွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ လာအုိစစ္သံမွဴး Colonel Bounmyvieng Vlen gnboutthasat ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္၌ ပို႔ေဆာင္ ႏႈတ္ဆက္ခဲ့ေၾကာင္းသိရွိရသည္။

အဆုိပါခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕သည္ ျမန္မာႏုိင္ငံသုိ႔ ေရာက္ရွိေနစဥ္အတြင္း ေနျပည္ေတာ္ရွိ သတၱသတၱာဟ ေစတီေတာ္သို႔ သြားေရာက္ဖူးေျမာ္ျခင္း၊ ပုဂံၿမိဳ႕ရွိ ေရႊစည္းခံုဘုရားသို႔ သြားေရာက္ဖူးေျမာ္ကာ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းၿပီး ပုဂံေရွးေဟာင္း သုေတသနျပတိုက္ႏွင့္ ပိုင္ထန္းဥယ်ာဥ္သို႔ သြားေရာက္ ေလ့လာခဲ့ၿပီး စက္တင္ဘာ ၂၅ ရက္တြင္ မႏၲေလး တုိင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ဦးပိန္တံတား၊ မႏၲေလးၿမိဳ႕၊ မဟာအတုလေဝယန္(အတုမရွိ) ေက်ာင္းေတာ္ႀကီး၊ ေရႊေက်ာင္း၊ မႏၲေလးေတာင္ရွိ ဆုေတာင္းျပည့္ဘုရားႏွင့္ ျမနန္းစံေက်ာ္ ေရႊနန္းေတာ္တုိ႔ အား သြားေရာက္ေလ့လာ ဖူးေျမာ္ခဲ့ၾကေၾကာင္း သိရွိရသည္။
<Unicode>
မြန်မာနိုင်ငံသို့ရောက်ရှိနေသော လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားဌာနစုမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ
Friday, September 27, 2019

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားဌာနစုမှ ညွှန်ကြားရေးမှူးချုပ် Brigadier General Kenchanh NANTHLANGSY ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မနေ့က မွန်းလွဲပိုင်းတွင် Bangkok Airways လေကြောင်းလိုင်းဖြင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုစစ်သံမှူး Colonel Bounmyvieng Vlen gnboutthasat နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ သတ္တသတ္တာဟ စေတီတော်သို့ သွားရောက်ဖူးမြော်ခြင်း၊ ပုဂံမြို့ရှိ ရွှေစည်းခုံဘုရားသို့ သွားရောက်ဖူးမြော်ကာ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ပုဂံရှေးဟောင်း သုတေသနပြတိုက်နှင့် ပိုင်ထန်းဥယျာဉ်သို့ သွားရောက် လေ့လာခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် မန္တလေး တိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဦးပိန်တံတား၊ မန္တလေးမြို့၊ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီး၊ ရွှေကျောင်း၊ မန္တလေးတောင်ရှိ ဆုတောင်းပြည့်ဘုရားနှင့် မြနန်းစံကျော် ရွှေနန်းတော်တို့ အား သွားရောက်လေ့လာ ဖူးမြော်ခဲ့ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment