Thursday, September 26, 2019

အ႐ြယ္မေရာက္ေသးသူကို အင္ဒိုနီးရွားတြင္ လက္ထပ္ေပးျခင္းအား ဥပေဒျဖင့္တားျမစ္

အင္ဒိုနီးရွားတြင္ အရင္ေခတ္ကလမ်ားတြင္ မည္သည့္အ႐ြယ္မဆို မိန္းကေလးမ်ား လက္ထပ္ခြင့္အတြက္ ဘာသာေရးနဲ႔ ေဒသအာဏာပိုင္ေတြက ခြင့္ျပဳခဲ့သည္။
ယခုခ်ိန္တြင္ အင္ဒိုနီးရွား ပါလီမန္သည္ တရားဝင္ လက္ထပ္လို႔ရတဲ့ အသက္အ႐ြယ္ကို အနည္းဆံုး ၁၉ ႏွစ္အထိ ထားဖို႔ လံုးဝ သေဘာတူညီလိုက္ၾကေၾကာင္းသိရွိရသည္။ က်ား၊ မတန္းတူ ညီမွ်ေရးကို ျမႇင့္တင္ဖို႔နွင့္ ကေလးသူငယ္ လက္ထပ္ေပးမႈကို ဆက္ရွိေနေစတဲ့ ဥပေဒရဲ႕ ဟာကြက္ေတြကိုဖာဖို႔အတြက္ ဆယ္စုႏွစ္မ်ားစြာ ေတာင္းဆိုခဲ့ၾကၿပီး ယခုလို ေျပာင္းလဲလာခဲ့တာျဖစ္ေၾကာင္းသိရွိရသည္။

ကုလသမဂၢကေလးမ်ားဆိုင္ရာ ရန္ပံုေငြအဖြဲ႔ UNICEF ၏ ထုတ္ျပန္ခ်က္အရ ကမၻာေပၚရွိ ၁၄ ရာခိုင္ႏႈန္းေသာ မိန္းကေလးမ်ားသည္ အသက္ ၁၈ ႏွစ္မျပည့္ခင္ အိမ္ေထာင္က်ေနၾကရၿပီး ၁၅ ႏွစ္မတိုင္ခင္က ၃ သန္းေက်ာ္ ရွိေနေၾကာင္းသိရွိရသည္။ထိုအထဲတြင္ အင္ဒိုနီးရွားႏိုင္ငံသည္ ကမၻာေပၚတြင္ ကေလးသတို႔သမီး အမ်ားဆံုး အဆင့္ ၈ ေနရာတြင္ရွိေနေသာႏိုင္ငံျဖစ္ေၾကာင္းသိရွိရပါသည္။
<<Unicode>>
အရွယ်မရောက်သေးသူကို အင်ဒိုနီးရှားတွင် လက်ထပ်ပေးခြင်းအား ဥပဒေဖြင့်တားမြစ်
Friday, September 27, 2019

အင်ဒိုနီးရှားတွင် အရင်ခေတ်ကလများတွင် မည်သည့်အရွယ်မဆို မိန်းကလေးများ လက်ထပ်ခွင့်အတွက် ဘာသာရေးနဲ့ ဒေသအာဏာပိုင်တွေက ခွင့်ပြုခဲ့သည်။
ယခုချိန်တွင် အင်ဒိုနီးရှား ပါလီမန်သည် တရားဝင် လက်ထပ်လို့ရတဲ့ အသက်အရွယ်ကို အနည်းဆုံး ၁၉ နှစ်အထိ ထားဖို့ လုံးဝ သဘောတူညီလိုက်ကြကြောင်းသိရှိရသည်။ ကျား၊ မတန်းတူ ညီမျှရေးကို မြှင့်တင်ဖို့နှင့် ကလေးသူငယ် လက်ထပ်ပေးမှုကို ဆက်ရှိနေစေတဲ့ ဥပဒေရဲ့ ဟာကွက်တွေကိုဖာဖို့အတွက် ဆယ်စုနှစ်များစွာ တောင်းဆိုခဲ့ကြပြီး ယခုလို ပြောင်းလဲလာခဲ့တာဖြစ်ကြောင်းသိရှိရသည်။

ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်ရှိ ၁၄ ရာခိုင်နှုန်းသော မိန်းကလေးများသည် အသက် ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ကျနေကြရပြီး ၁၅ နှစ်မတိုင်ခင်က ၃ သန်းကျော် ရှိနေကြောင်းသိရှိရသည်။ထိုအထဲတွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးသတို့သမီး အများဆုံး အဆင့် ၈ နေရာတွင်ရှိနေသောနိုင်ငံဖြစ်ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment