Thursday, September 26, 2019

ဆု ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ စြပ္စြဲခံရသူ ဆရာဦးညီညီေထြးမွ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္

Image may contain: 5 people

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ ၃၃ လမ္းႏွင့္ ၃၄ လမ္းၾကား၊ ၈၂ လမ္းႏွင့္ ၈၃ လမ္းၾကားရွိ ဆု ကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ ဒသမတန္း တက္ေရာက္ေနသည့္ အသက္(၁၆)ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ဦးကို သခ်ၤာဆရာမွ ကာယိေျႏၵ ပ်က္ျပားေအာင္ ျပဳလုပ္ခဲ့သည္ ဟု ဆိုကာေက်ာင္းသူ၏ မိဘမ်ားက စြပ္စြဲထားရာ စြပ္စြဲခံဆရာမွ ယေန႔ မႏၲေလးမီဒီယာစင္တာတြင္ ေန႔လည္(၁)နာရီမွ စတင္သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ကာ ျပန္လည္ရွင္းလင္းလ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ(၁၂)ရက္ နံနက္ပိုင္းက မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ ဆု ကိုယ္ပိုင္အထက္တန္းေက်ာင္း ဒသမတန္း(C) စာသင္ခန္းတြင္ သခ်ၤာဘာသာရပ္ သင္ၾကားသည့္ ဆရာဦးညီညီေထြးမွ ေက်ာင္းသူတစ္ဦးကို စားေမးခဲ့ၿပီး စာမွားသည္ဟုဆိုကာ မတ္တပ္ရပ္ခိုင္းခဲ့ေၾကာင္း၊ ထို႔ေနာက္ ေက်ာင္းသူ၏ လည္ဂုတ္ကို ကိုင္ကာ ကိုင္ကြယ္ပြတ္သပ္ခဲ့ၿပီးေနာက္ ေက်ာင္းသူ၏ ရင္ၫြန္႔ကို ကိုယ္တြယ္ရန္ ႀကိဳးစားခဲ့ေၾကာင္း ေက်ာင္းသူ၏ မိဘမ်ားက စြပ္စြဲထားၿပီး ခုႏွစ္ရက္အတြင္း မေတာင္းပန္ပါက တရားစြဲဆိုမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။ သခၤ်ာဆရာ ဦးညီညီေထြးကမူ ေက်ာင္းသူမိဘမ်ား၏ စြပ္စြဲခ်က္အေပၚ ျငင္းပယ္ထားၿပီး ၎အေနျဖင့္ မည္သည့္က်င့္၀တ္သိကၡာ ေဖာက္ျပားမူမွ မရွိဘဲ ဂုဏ္သိကၡာထိပါးေစရန္ ဆက္လက္လုပ္ေဆာင္ေနပါက ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း ျပန္လည္ေျဖရွင္းထားေၾကာင္း သိရသည္။
Image may contain: 11 people, people smiling, crowd, tree and outdoor
Image may contain: 2 people, crowd and outdoor

<Unicode>
ဆု ကိုယ်ပိုင်အထက်တန်းကျောင်းမှ စွပ်စွဲခံရသူ ဆရာဦးညီညီထွေးမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Thursday, September 26, 2019

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ ၈၂ လမ်းနှင့် ၈၃ လမ်းကြားရှိ ဆု ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဒသမတန်း တက်ရောက်နေသည့် အသက်(၁၆)နှစ်အရွယ် ကျောင်းသူတစ်ဦးကို သင်္ချာဆရာမှ ကာယိန္ဒြေ ပျက်ပြားအောင် ပြုလုပ်ခဲ့သည် ဟု ဆိုကာကျောင်းသူ၏ မိဘများက စွပ်စွဲထားရာ စွပ်စွဲခံဆရာမှ ယနေ့ မန္တလေးမီဒီယာစင်တာတွင် နေ့လည်(၁)နာရီမှ စတင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြန်လည်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ(၁၂)ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဆု ကိုယ်ပိုင်အထက်တန်းကျောင်း ဒသမတန်း(C) စာသင်ခန်းတွင် သင်္ချာဘာသာရပ် သင်ကြားသည့် ဆရာဦးညီညီထွေးမှ ကျောင်းသူတစ်ဦးကို စားမေးခဲ့ပြီး စာမှားသည်ဟုဆိုကာ မတ်တပ်ရပ်ခိုင်းခဲ့ကြောင်း၊ ထို့နောက် ကျောင်းသူ၏ လည်ဂုတ်ကို ကိုင်ကာ ကိုင်ကွယ်ပွတ်သပ်ခဲ့ပြီးနောက် ကျောင်းသူ၏ ရင်ညွန့်ကို ကိုယ်တွယ်ရန် ကြိုးစားခဲ့ကြောင်း ကျောင်းသူ၏ မိဘများက စွပ်စွဲထားပြီး ခုနှစ်ရက်အတွင်း မတောင်းပန်ပါက တရားစွဲဆိုမည်ဖြစ်ကြောင်း ပြောကြားသည်။ သင်္ချာဆရာ ဦးညီညီထွေးကမူ ကျောင်းသူမိဘများ၏ စွပ်စွဲချက်အပေါ် ငြင်းပယ်ထားပြီး ၎င်းအနေဖြင့် မည်သည့်ကျင့်ဝတ်သိက္ခာ ဖောက်ပြားမူမှ မရှိဘဲ ဂုဏ်သိက္ခာထိပါးစေရန် ဆက်လက်လုပ်ဆောင်နေပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းထားကြောင်း သိရသည်။
#Myanmar_Online_News #Mandalay

0 comments:

Post a Comment