Wednesday, September 25, 2019

MPT ဆက္သြယ္ေရးမွ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ရုပ္ရွင္ရုိက္ကူးေရးလုပ္ငန္းတြင္ ပါဝင္လွဴဒါန္းႏုိင္ေၾကာင္း ေျပာၾကား


MPT ဆက္သြယ္ေရးေအာ္ပေရတာမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ရိုက္ကူးထုတ္လုပ္ေရးတြင္ သုံးစြဲသူမိဘျပည္သူမ်ားပါ၀င္ လွဴဒါန္းႏုိင္ေၾကာင္း သိရိွရသည္။

MPT သုံးစြဲသူမိဘျပည္သူမ်ားအေနျဖင့္ MPTေအာ္ပေရတာမွတစ္ဆင့္ လွဴဒါန္းႏုိင္မႈကုိ စက္တင္ဘာ ၂၅ ရက္က စတင္ခဲ့ေၾကာင္း သိရသည္။ လွဴဒါန္းလုိသူမ်ား အေနျဖင့္ MPT မွတစ္ဆင့္ 9000 သို႔ “500” ဟု SMS တစ္ႀကိမ္ေပးပို႔ ျခင္းျဖင့္ အလွဴေငြက်ပ္ ၅၀၀ လွဴဒါန္းႏိုင္မည္ျဖစ္ၿပီး လွဴဒါန္းမႈအား အႀကိမ္အေရအတြက္ ကန္႔သတ္ထားျခင္းမရိွေၾကာင္း သိရိွရသည္။
ဗုိလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ရိုက္ကူးဖို႔အတြက္ ဘက္ဂ်က္က က်ပ္သိန္းေပါင္း (၁၇၀၀၀)ေလာက္ကုန္မယ္လို႔ ခန္႔မွန္းထားၿပီး ဒီရုပ္ရွင္ရိုက္ကူးၿပီးစီးရင္လည္း ျပည္ပႏိုင္ငံေတြ ပြဲေတာ္ေတြမွာျပဖို႔လည္း စီစဥ္ထားေၾကာင္း သိရွိရသည္။
<Unicode>
MPT ဆက်သွယ်ရေးမှ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွင် ပါဝင်လှူဒါန်းနိုင်ကြောင်း ပြောကြား
Thursday, September 26, 2019

MPT ဆက်သွယ်ရေးအော်ပရေတာမှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးတွင် သုံးစွဲသူမိဘပြည်သူများပါဝင် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။
MPT သုံးစွဲသူမိဘပြည်သူများအနေဖြင့် MPTအော်ပရေတာမှတစ်ဆင့် လှူဒါန်းနိုင်မှုကို စက်တင်ဘာ ၂၅ ရက်က စတင်ခဲ့ကြောင်း သိရသည်။ လှူဒါန်းလိုသူများ အနေဖြင့် MPT မှတစ်ဆင့် 9000 သို့ “500” ဟု SMS တစ်ကြိမ်ပေးပို့ ခြင်းဖြင့် အလှူငွေကျပ် ၅၀၀ လှူဒါန်းနိုင်မည်ဖြစ်ပြီး လှူဒါန်းမှုအား အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိကြောင်း သိရှိရသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ကူးဖို့အတွက် ဘက်ဂျက်က ကျပ်သိန်းပေါင်း (၁၇၀၀၀)လောက်ကုန်မယ်လို့ ခန့်မှန်းထားပြီး ဒီရုပ်ရှင်ရိုက်ကူးပြီးစီးရင်လည်း ပြည်ပနိုင်ငံတွေ ပွဲတော်တွေမှာပြဖို့လည်း စီစဉ်ထားကြောင်း သိရှိရသည်။

0 comments:

Post a Comment