Wednesday, September 25, 2019




Image may contain: 2 people, people standing, crowd, child and outdoor
Image may contain: 5 people, basketball court and outdoor

<<Unicode>>
မြန်မာ-တရုတ် (၁၉) ကြိမ်မြောက် ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော် ရွှေလီမြို့၌ ကျင်းပမည်
Thursday, September 26, 2019

အောက်တိုဘာလ၂ ရက်နေ့မှ ၇ ရက်နေ့ အထိ( ၁၉ )ကြိမ်မြောက် မြန်မာ-တရုတ် ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အတွင်းရှိ ရွှေလီမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးပွဲတော်ကို မြန်မာနိုင်ငံ၊ မူဆယ်မြို့ရှိ နယ်စပ်ဒေသ တာဝန်ရှိသူများ တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ် တာဝန်ရှိသူများ ပူးပေါင်းပြီး၂၀၀၀ ခုနှစ်မှ စတင်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး (၁၈)ကြိမ် အထိ ကျင်းပခဲ့ပြီးဖြစ်သည်။
ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်ကို မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရေး ရေရှည်တည်တံ့ခိုင်မြဲလာစေဖို့နဲ့၊စီးပွားရေး၊လူမှုရေး၊ယဉ်ကျေးမှု၊အားကစားကဏ္ဍတွေ အချင်းချင်းဖလှယ်ပြီး ပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ယခု ၁၉ ကြိမ်မြောက် ပွဲတော်တွင် မြန်မာ-တရုတ်ဘောလုံးပြိုင်ပွဲ၊ ခြင်းလုံးပြိုင်ပွဲ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ် ကဗျာ၊လင်္ကာရွတ်ဆိုပြိုင်ပွဲ၊ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးပွဲတော်ညခေါင်းစဉ်ဖြင့်အနုပညာဖျော်ဖြေရေးပွဲ စတာတွေအပါအဝင် ပျော်ပွဲရွှင်ပွဲပေါင်း ၁၅ မျိုးခန့် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
#Myanmar_Online_News

0 comments:

Post a Comment