Wednesday, September 25, 2019

Facebook သည္ Libra ဒီဂ်စ္တယ္ေငြေၾကးကိုထုတ္ေဝရာ၌ အေမရိကန္ေဒၚလာကို အဓိကအေျချပဳခ်ိတ္ဆက္၍ ထုတ္ေဝသြားမည္ဟု သိရွိရ


Facebook သည္ Libra ဒီဂ်စ္တယ္ေငြေၾကးကို ထုတ္ေဝရာ၌ Libra ေငြေၾကး၏တန္ဖိုးခိုင္မာမႈရွိေစရန္အတြက္ အရန္အာမခံအျဖစ္ထားရွိမည့္ အရာမ်ားတြင္ ႏိုင္ငံတကာသုံးေငြေၾကးမ်ားႏွင့္ ကမာၻ႔ႏိုင္ငံအသီးသီးရွိအစိုးရမ်ားမွ ထုတ္ေဝထားေသာ ကာလတိုေငြတိုက္စာခ်ဳပ္စာတမ္းမ်ား ပါဝင္မည္ျဖစ္ၿပီး အာမခံထားရွိမည့္ေငြေၾကးမ်ား၏ ၅၀% မွာအေမရိကန္ေဒၚလာမ်ားျဖစ္သည္ဟု သိရွိရေၾကာင္းFacebook သည္ Libra ဒီဂ်စ္တယ္ေငြေၾကးကို ထုတ္ေဝရာ၌ အေမရိကန္ေဒၚလာကို အဓိကအေျချပဳခ်ိတ္ဆက္၍ ထုတ္ေဝသြားမည္ဟု သိရွိရပါသည္။

Facebook မွ ထုတ္ေဝမည့္ Libra ဒီဂ်စ္တယ္ေငြေၾကးႏွင့္ပတ္သက္၍ ကမာၻတစ္ဝန္းရွိဗဟိုဘဏ္မ်ား၊ ဥပေဒျပဳလႊတ္ေတာ္အမတ္မ်ားႏွင့္ ေငြေၾကးမူဝါဒေရးဆြဲသူမ်ားက စိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚေနခ်ိန္တြင္ ဂ်ာမနီလႊတ္ေတာ္အမတ္တစ္ဦးျဖစ္သူ ဖာဘီယိုဒီမက္ဆီသည္ ဆြစ္ဇာလန္ႏိုင္ငံတြင္ အေျချပဳဖြင့္လွစ္ထားသည့္ Libra Association ထံသို႔ ေငြေၾကးထုတ္ေဝမည့္ ကိစၥႏွင့္ပတ္သက္၍ စာေရးသားေမးျမန္းခဲ့ရာတြင္ Libra Association တာဝန္ရွိသူမ်ားက Libraေငြေၾကးကို အာမခံေပးႏိုင္မည့္ အရန္ေငြထူေထာင္ထားရွိရန္ကိစၥကို စာျဖင့္ယခုကဲ့သို႔ အေၾကာင္းျပန္ၾကားခဲ့သည္ဟု သိရွိရေၾကာင္း၊ Libra Association ကိုFacebookႏွင့္ မိတ္ဖက္စီးပြားေရးလုပ္ငန္းမ်ား၊ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားက တည္ေထာင္ထားျခင္းျဖစ္ေၾကာင္းသိရွိရပါသည္။
Libra Association ၏ အေၾကာင္းျပန္ၾကားစာတြင္ Libra ဒီဂ်စ္တယ္ေငြေၾကးႏွင့္ အဓိကထားအေျချပဳခ်ိတ္ဆက္ရန္ ရည္႐ြယ္ထားသည့္ ေငြေၾကးမ်ားတြင္ အေမရိကန္ေဒၚလာ၊ ယူ႐ို၊ ဂ်ပန္ယန္း၊ စတာလင္ေပါင္ ႏွင့္ စင္ကာပူေဒၚလာတို႔ ပါဝင္ၿပီး Libraေငြေၾကးအသုံးျပဳသူမ်ားယုံၾကည္ စိတ္ခ်စြာသုံးစြဲႏိုင္ရန္အတြက္ Facebook က အာမခံေငြေၾကးအျဖစ္ထားရွိမည့္ ႏိုင္ငံတကာအရန္ ေငြေၾကးမ်ားတြင္ အေမရိကန္ေဒၚလာ ၅၀%၊ ယူ႐ိုေငြ ၁၈%၊ ဂ်ပန္ယန္းေငြ ၁၄%၊ ၿဗိိတိသွ်စတာလင္ေပါင္ ၁၁% ႏွင့္ စင္ကာပူေဒၚလာ ၇% တို႔ ပါဝင္သည္ဟုေဖာ္ျပထားေၾကာင္းသိရွိရပါသည္။
Libraသည္ အာမခံေငြေၾကးအျဖစ္ထားရွိမည့္ ႏိုင္ငံတကာအရန္ေငြေၾကးမ်ားတြင္ တ႐ုတ္ ယြမ္ေငြကို ထည့္သြင္းထားျခင္းမရွိသကဲ့သို႔ Libra က ရည္ၫႊန္းေငြေၾကးလဲလွယ္မႈႏႈန္းသတ္မွတ္ ကာအေျချပဳခ်ိတ္ဆက္မည့္ ေငြေၾကးမ်ားတြင္လည္း တ႐ုတ္ယြမ္ေငြမပါဝင္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ အေမရိကန္ျပည္ေထာင္စုႏွင့္တ႐ုတ္ႏိုင္ငံတို႔အၾကား ကုန္သြယ္ေရးစစ္ပြဲျဖစ္ပြားေနသည့္အျပင္ အေမရိကန္အစိုးရတာဝန္ရွိသူအမ်ားစုသည္ တ႐ုတ္အစိုးရ၏ ယြမ္ေငြေၾကးတန္ဖိုးဆိုင္ရာမူဝါဒအေပၚ အဆိုးျမင္သည့္ သေဘာထားမ်ားရွိေနသည့္အတြက္ Facebookတာဝန္ရွိသူမ်ားအေနျဖင့္ Libraဒီဂ်စ္တယ္ေငြေၾကးထုတ္ေဝသည့္ကိစၥတြင္ အေမရိကန္တာဝန္ရွိသူမ်ားႏွင့္ ထိပ္တိုက္ရင္ဆိုင္မႈမ်ား ထပ္မံမျဖစ္ေပၚေစရန္အတြက္ Libraႏွင့္ အဓိကခ်ိတ္ဆက္မည့္ အာမခံေငြေၾကးမ်ားစာရင္းတြင္ ယြမ္ေငြကိုတမင္ခ်န္လွပ္ထားျခင္းျဖစ္ႏိုင္သည္ဟု ခန႔္မွန္းရေၾကာင္း သိရွိရပါသည္။

<<Unicode>>
Facebook သည် Libra ဒီဂျစ်တယ်ငွေကြေးကိုထုတ်ဝေရာ၌ အမေရိကန်ဒေါ်လာကို အဓိကအခြေပြုချိတ်ဆက်၍ ထုတ်ဝေသွားမည်ဟု သိရှိရ
Thursday, September 26, 2019

Facebook သည် Libra ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေရာ၌ Libra ငွေကြေး၏တန်ဖိုးခိုင်မာမှုရှိစေရန်အတွက် အရန်အာမခံအဖြစ်ထားရှိမည့် အရာများတွင် နိုင်ငံတကာသုံးငွေကြေးများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိအစိုးရများမှ ထုတ်ဝေထားသော ကာလတိုငွေတိုက်စာချုပ်စာတမ်းများ ပါဝင်မည်ဖြစ်ပြီး အာမခံထားရှိမည့်ငွေကြေးများ၏ ၅၀% မှာအမေရိကန်ဒေါ်လာများဖြစ်သည်ဟု သိရှိရကြောင်းFacebook သည် Libra ဒီဂျစ်တယ်ငွေကြေးကို ထုတ်ဝေရာ၌ အမေရိကန်ဒေါ်လာကို အဓိကအခြေပြုချိတ်ဆက်၍ ထုတ်ဝေသွားမည်ဟု သိရှိရပါသည်။
Facebook မှ ထုတ်ဝေမည့် Libra ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိဗဟိုဘဏ်များ၊ ဥပဒေပြုလွှတ်တော်အမတ်များနှင့် ငွေကြေးမူဝါဒရေးဆွဲသူများက စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေချိန်တွင် ဂျာမနီလွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဖာဘီယိုဒီမက်ဆီသည် ဆွစ်ဇာလန်နိုင်ငံတွင် အခြေပြုဖွင့်လှစ်ထားသည့် Libra Association ထံသို့ ငွေကြေးထုတ်ဝေမည့် ကိစ္စနှင့်ပတ်သက်၍ စာရေးသားမေးမြန်းခဲ့ရာတွင် Libra Association တာဝန်ရှိသူများက Libraငွေကြေးကို အာမခံပေးနိုင်မည့် အရန်ငွေထူထောင်ထားရှိရန်ကိစ္စကို စာဖြင့်ယခုကဲ့သို့ အကြောင်းပြန်ကြားခဲ့သည်ဟု သိရှိရကြောင်း၊ Libra Association ကိုFacebookနှင့် မိတ်ဖက်စီးပွားရေးလုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများက တည်ထောင်ထားခြင်းဖြစ်ကြောင်းသိရှိရပါသည်။
Libra Association ၏ အကြောင်းပြန်ကြားစာတွင် Libra ဒီဂျစ်တယ်ငွေကြေးနှင့် အဓိကထားအခြေပြုချိတ်ဆက်ရန် ရည်ရွယ်ထားသည့် ငွေကြေးများတွင် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ စတာလင်ပေါင် နှင့် စင်ကာပူဒေါ်လာတို့ ပါဝင်ပြီး Libraငွေကြေးအသုံးပြုသူများယုံကြည် စိတ်ချစွာသုံးစွဲနိုင်ရန်အတွက် Facebook က အာမခံငွေကြေးအဖြစ်ထားရှိမည့် နိုင်ငံတကာအရန် ငွေကြေးများတွင် အမေရိကန်ဒေါ်လာ ၅၀%၊ ယူရိုငွေ ၁၈%၊ ဂျပန်ယန်းငွေ ၁၄%၊ ဗြိတိသျှစတာလင်ပေါင် ၁၁% နှင့် စင်ကာပူဒေါ်လာ ၇% တို့ ပါဝင်သည်ဟုဖော်ပြထားကြောင်းသိရှိရပါသည်။
Libraသည် အာမခံငွေကြေးအဖြစ်ထားရှိမည့် နိုင်ငံတကာအရန်ငွေကြေးများတွင် တရုတ် ယွမ်ငွေကို ထည့်သွင်းထားခြင်းမရှိသကဲ့သို့ Libra က ရည်ညွှန်းငွေကြေးလဲလှယ်မှုနှုန်းသတ်မှတ် ကာအခြေပြုချိတ်ဆက်မည့် ငွေကြေးများတွင်လည်း တရုတ်ယွမ်ငွေမပါဝင်ကြောင်း၊ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေသည့်အပြင် အမေရိကန်အစိုးရတာဝန်ရှိသူအများစုသည် တရုတ်အစိုးရ၏ ယွမ်ငွေကြေးတန်ဖိုးဆိုင်ရာမူဝါဒအပေါ် အဆိုးမြင်သည့် သဘောထားများရှိနေသည့်အတွက် Facebookတာဝန်ရှိသူများအနေဖြင့် Libraဒီဂျစ်တယ်ငွေကြေးထုတ်ဝေသည့်ကိစ္စတွင် အမေရိကန်တာဝန်ရှိသူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ထပ်မံမဖြစ်ပေါ်စေရန်အတွက် Libraနှင့် အဓိကချိတ်ဆက်မည့် အာမခံငွေကြေးများစာရင်းတွင် ယွမ်ငွေကိုတမင်ချန်လှပ်ထားခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း သိရှိရပါသည်။
#BSI_Myanmar
#Myanmar_Online_News #Libra #ဒီဂျစ်တယ်ငွေကြေး #Facebook

0 comments:

Post a Comment