Wednesday, September 25, 2019

တရားမ၀င္ ကုန္တင္ကား အစီး ၄၀ အား ျမန္မာနွင့္ အိႏၵိယနယ္စပ္တြင္ အာသံရိုင္ဖယ္တပ္မွ ဖမ္းဆီး

Image may contain: one or more peopleImage may contain: one or more people, people walking, crowd and outdoor

စက္တင္ဘာလ ၁၈ ရက္ေန႔က စတင္၍ အိႏၵိယ ဗဟိုအစိုးရညႊန္ၾကားခ်က္အရ အာသံရိုင္ဖယ္တပ္သည္ ျမန္မာ ႏွင့္ အိႏၵိယနယ္စပ္တြင္ တရားမ၀င္ ကုန္သြယ္မႈ တားဆီးေရး ေဆာင္ရြက္ေနရာမွ ယေန့ခ်ိန္ထိ မီဇိုရမ္ျပည္နယ္အတြင္း ကုန္တင္ထရပ္ကား အစီး ၄၀ ကို ဖမ္းဆီးရမိခဲ့ေျကာင္းသိရွိရပါသည္။

စက္တင္ဘာလ ၂၄ ရက္ေန့တြင္ ကြမ္းသီးမ်ားတင္လာေသာ ကား ၁၀ စီးႏွင့္ ယူရီးယားဓာတ္ေျမၾသဇာေတြ တင္လာတဲ့ ကား ႏွစ္စီးကို ဖမ္းမိခဲ့ေၾကာင္း ႏွင့္ လြန္ခဲ့ေသာ သီတင္းပတ္ကလည္း ျမန္မႏွင့္ ႔နယ္စပ္ ခ်င္ဖိုင္းၿမိဳ႕မွ မီဇိုရမ္ျပည္နယ္ၿမိဳ႕ေတာ္ အိုက္ေဇာကိုလာတဲ့ ကြမ္းသီးတင္ထရပ္ကား ၂၈ စီးကို ဖမ္းဆီးခဲ့ေၾကာင္းသိရွိရသည္။
အဆိုပါ ယူရီးယားဓာတ္ေျမျသဇာမ်ားကို မဏိပူလို ျပည္နယ္ေတြကေန ျမန္မာႏိုင္ငံအတြင္း တရားမ၀င္ ေမွာင္ခိုတင္သြင္းေနတာပါ။ စိုက္ပ်ိဳးေရးအျပင္၊ ပလပ္စတစ္ပစၥည္းေတြ ထုတ္လုပ္ရာမွာလည္း သံုးစြဲေနေျကာင္း သိရွိရပါသည္။
ကြမ္းသီးမ်ားကို ထိုင္း၊ အင္ဒိုနီးရွား၊ မေလးရွားႏိုင္ငံေတြကေန အိႏၵိယကို ေမွာင္ခိုသြင္းေနၿပီး၊ ငရုတ္ေကာင္းနဲ႔ ယူရီးယားကို အိႏိၵယကေန ျမန္မာကို တရားမ၀င္တင္သြင္းေနတာျဖစ္ျပီး အဲဒီပစၥည္းေတြဟာ အိႏၵိယမွာ မူလတန္ဖိုးထက္ ငါးဆပိုရေနေျကာင္း သိရွိရပါသည္။
ထို့အျပင္ ေရႊ၊ လက္နက္၊ က်ားေရ၊ ၾကံ႕ခ်ိဳနဲ႔ မူးယစ္ေဆး၀ါးေတြကိုလည္း နယ္စပ္တေလ်ာက္ ေမွာင္ခိုသြင္းေနျကျပီး ၿပီးခဲ့တဲ့ ၾသဂုတ္လက AK-57 ရိုင္ဖယ္ေသနတ္ေတြကို ခ်င္ဖိုင္းၿမိဳ႕မွာ ဖမ္းမိခဲ့ေျကာင္းသိရွိရပါသည္။
<<Unicode>>
တရားမဝင် ကုန်တင်ကား အစီး ၄၀ အား မြန်မာနှင့် အိန္ဒိယနယ်စပ်တွင် အာသံရိုင်ဖယ်တပ်မှ ဖမ်းဆီး
Thursday, September 26, 2019

စက်တင်ဘာလ ၁၈ ရက်နေ့က စတင်၍ အိန္ဒိယ ဗဟိုအစိုးရညွှန်ကြားချက်အရ အာသံရိုင်ဖယ်တပ်သည် မြန်မာ နှင့် အိန္ဒိယနယ်စပ်တွင် တရားမဝင် ကုန်သွယ်မှု တားဆီးရေး ဆောင်ရွက်နေရာမှ ယနေ့ချိန်ထိ မီဇိုရမ်ပြည်နယ်အတွင်း ကုန်တင်ထရပ်ကား အစီး ၄၀ ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကွမ်းသီးများတင်လာသော ကား ၁၀ စီးနှင့် ယူရီးယားဓာတ်မြေသြဇာတွေ တင်လာတဲ့ ကား နှစ်စီးကို ဖမ်းမိခဲ့ကြောင်း နှင့် လွန်ခဲ့သော သီတင်းပတ်ကလည်း မြန်မနှင့့်နယ်စပ် ချင်ဖိုင်းမြို့မှ မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောကိုလာတဲ့ ကွမ်းသီးတင်ထရပ်ကား ၂၈ စီးကို ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ယူရီးယားဓာတ်မြေသြဇာများကို မဏိပူလို ပြည်နယ်တွေကနေ မြန်မာနိုင်ငံအတွင်း တရားမဝင် မှောင်ခိုတင်သွင်းနေတာပါ။ စိုက်ပျိုးရေးအပြင်၊ ပလပ်စတစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာလည်း သုံးစွဲနေကြောင်း သိရှိရပါသည်။
ကွမ်းသီးများကို ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေကနေ အိန္ဒိယကို မှောင်ခိုသွင်းနေပြီး၊ ငရုတ်ကောင်းနဲ့ ယူရီးယားကို အိန္ဒိယကနေ မြန်မာကို တရားမဝင်တင်သွင်းနေတာဖြစ်ပြီး အဲဒီပစ္စည်းတွေဟာ အိန္ဒိယမှာ မူလတန်ဖိုးထက် ငါးဆပိုရနေကြောင်း သိရှိရပါသည်။
ထို့အပြင် ရွှေ၊ လက်နက်၊ ကျားရေ၊ ကြံ့ချိုနဲ့ မူးယစ်ဆေးဝါးတွေကိုလည်း နယ်စပ်တလျောက် မှောင်ခိုသွင်းနေကြပြီး ပြီးခဲ့တဲ့ သြဂုတ်လက AK-57 ရိုင်ဖယ်သေနတ်တွေကို ချင်ဖိုင်းမြို့မှာ ဖမ်းမိခဲ့ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment