Thursday, September 26, 2019

ကမၻာ့ခရီးသြားေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဟိုတယ္ႏွင့္ခရီးသြားလားေရး၀န္ႀကီးဌာနမွ က်င္းပေနတဲ့ အခမ္းအနားတြင္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူကို ဆုအတုေပးမယ့္ အရႈပ္ေတာ္ပုံအေၾကာင္း ေျဖရွင္းေပးရန္ ေတာင္းဆိုလိုက္တဲ့ ဦးေနယံဦး

Image may contain: 1 person, suit and textImage may contain: 1 person, eyeglasses

ကမၻာ့ခရီးသြားေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဟိုတယ္ႏွင့္ခရီးသြားလားေရး၀န္ႀကီးဌာနမွ ယေန႔က်င္းပေနတဲ့ အခမ္းအနားတြင္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူကို ဆုအတုေပးမယ့္ အရႈပ္ေတာ္ပုံအေၾကာင္းကို ဦးေနယံဦးမွ ေျဖရွင္းေပးရန္ ေတာင္းဆိုလိုက္ေၾကာင္း သိရပါသည္။
ဦးေနယံဦးမွ သူ၏ လူမႈကြန္ရက္တြင္ ယခုလို ေရးသားေဖာ္ျပထားပါသည္။
ဦးေနယံဦး၏ ေရးသားေဖာ္ျပခ်က္မ်ား
ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူကို ဆုအတုေပးမယ့္အရႈပ္ေတာ္ပုံမွာ အဓိကတာ၀န္ရိွသူ ေနာက္တစ္ေယာက္ က်န္ပါေသးတယ္။ သူက ဟိုတယ္ႏွင့္ခရီးသြားလားေရး Ministry of Hotels and Tourismရဲ႕ ျပည္ေထာင္ စု၀န္ႀကီးျဖစ္သူ ဦးအုန္းေမာင္ပါ။ ဘာေၾကာင့္ တာ၀န္ရိွတာလဲ မေျပာခင္၊ ဘာေတြျဖစ္ခဲ့သလဲဆိုတာ အက်ဥ္းခ်ဳပ္ ျပန္ရွင္းျပပါရေစ။
■ ေနျပည္ေတာ္မွာ စီစဥ္တဲ့ပြဲ
ဒီေန႔ စက္တင္ဘာ (၂၇) ရက္ေန႔က ကမၻာ့ခရီးသြားေန႔ျဖစ္ပါတယ္။ ကမၻာ့ခရီးသြားေန႔ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဟိုတယ္ႏွင့္ခရီးသြားလားေရး၀န္ႀကီးဌာနက ေနျပည္ေတာ္ရိွ MICC-2 မွာ အခမ္းအနားတစ္ခုကို က်င္းပလ်က္ရွိေၾကာင္း သိရပါသည္။
မူလစီစဥ္ထားပုံအရဆုိရင္ ဒီအခမ္းအနားကို ခရီးသြားလုပ္ငန္းႏွင့္ကုန္သြယ္ေရးဆိုင္ရာ ဥေရာပေကာင္စီ (European Council on Tourism and Trade - ECTT) က တက္ေရာက္မွာျဖစ္ၿပီး၊ ၂၀၁၉ ခုႏွစ္အတြက္ ကမၻာ့အေကာင္းဆုံး ခရီးစဥ္ေဒသဆုကို ျမန္မာျပည္အား ေပးအပ္ခ်ီးျမွင့္္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူကိုလည္း ဥေရာပခရီးသြားအကယ္ဒမီ (European Tourism Academy) ရဲ႕ ေတာ္ ၀င္ပညာရွင္အျဖစ္ တင္ေျမွာက္သြားအုံးမွာပါ။
ဟိုတယ္ႏွင့္ခရီးသြားလားေရး၀န္ႀကီးဌာနနဲ႔ ဒု-သမၼတရုံးဘက္ကေတာ့ ငါတို႔ရဲ႕ ႀကိဳးစားမႈေၾကာင့္ အခုလို ႏုိင္ငံတကာက အသိအမွတ္ျပဳတာပဲဆိုၿပီး ပီတိေတြ ျဖာေနႏုိင္ပါတယ္။
ဒါေပမဲ့ ECTT တို႔ European Tourism Academy တို႔ဆိုတာ ခုိင္မာတဲ့အဖြဲ႔အစည္းေတြ မဟုတ္ဘဲ ဆင္းရဲၿပီး ဖြံ႔ၿဖိဳးဆဲႏုိင္ငံေတြကို အဓိက ပစ္မွတ္ထား ဂြင္ဖန္ေနတဲ့ ရိုေမးနီးယားအေျခစိုက္ အဖြဲ႔ေတြပါ။ သူတို႔က ဥေရာပသမၼဂ European Union in Myanmar နဲ႔လည္း ဘယ္လိုမွ ပတ္သက္မႈ မရိွပါဘူး။
ဒီအဖြဲ႔ေတြက အတုေတြျဖစ္ေၾကာင္း ျပည္သူေတြက ေဖ့စ္ဘြတ္ခ္ေပၚမွာ အတင္း၀ိုင္းေအာ္လို႔ အခုေတာ့ ECTT ရဲ႕ ျမန္မာျပည္ ခရီးစဥ္ပ်က္သြားပါၿပီ။ ECTT က ေပးမယ့္ဆုေတြကို လက္ခံေတာ့မွာ မဟုတ္ေၾကာင္း ၿပီးခဲ့တဲ့အပတ္က သမၼတရုံး Myanmar President Office က ထုတ္ျပန္ေၾကျငာပါတယ္။
ဒီေနရာမွာ ကြ်န္ေတာ္တို႔ သတိထားရမွာက သမၼတရုံးက ထုတ္ျပန္တိုင္း အမွန္လို႔ ယူဆလို႔ မရပါဘူး။ ေရွ႕မွာ တစ္ခါ ကြ်န္ေတာ္တို႔ ႀကဳံခဲ့ဖူးပါၿပီ။
ရာထူး၀န္အရႈပ္ေတာ္ပုံႀကီးကို ဒီႏွစ္အေစာပိုင္းမွာ ကြ်န္ေတာ္တို႔ျပည္သူေတြ ၀ိုင္းၿပီးေဖာ္ထုတ္ေတာ့၊ သမၼတရုံးက ေက်ာင္းအတုေတြနဲ႔ လက္တြဲတာကို ဇန္န၀ါရီလ (၄) ရက္ေန႔မွာ ရပ္ဆိုင္းလိုက္ၿပီလို႔ တရား၀င္ေျပာခဲ့တာ ရိွပါတယ္။
သမၼတရုံးေျပာတာ မမွန္ပါဘူး။ ဇန္န၀ါရီလ (၇) ရက္ေန႔အထိ မေလးရွားနဲ႔ဟာ၀ိုင္ယီမွ တကၠသိုလ္အမည္ခံ အဖြဲ႔အစည္းအတုေတြနဲ႔ ျပည္ေထာင္စုရာထူး၀န္အဖြဲ႔ Union Civil Service Board Myanmar ပတ္သက္ေနေၾကာင္း ဓါတ္ပုံအေထာက္အထားေတြအရ ကြ်န္ေတာ္တို႔ သိခဲ့ရပါတယ္။ အေသးစိတ္ကို ကြ်န္ေတာ့္ေဆာင္းပါးမွာ ဖတ္လို႔ရပါတယ္။
(ရာထူး၀န္အဖြဲ႕ ေျဗာင္လိမ္ေနသည္၊ ဘတ္ဂ်က္ေတြ ဘယ္ေနရာမွာ သုံးေနလဲႏွင့္ အမွန္တရားကို ေဖာ္ထုတ္ေပးပါ။

ဒါေၾကာင့္ အခုတစ္ေခါက္လည္း ECTT ပြဲ ပ်က္သြားၿပီလို႔ သမၼတရုံးကေျပာေသာ္လည္း၊ ကြ်န္ေတာ္တို႔ ယုံလို႔ မရပါေသးဘူး။ တကယ္ပြဲပ်က္၊ မပ်က္ကို ဒီေန႔ ေနျပည္ေတာ္ကြန္ဖရင့္မွာ ေစာင့္ၾကည့္ဖို႔ လိုပါေသးတယ္။
■ ငါးဦးပါအဖြဲ႔
ECTT က ဒု-သမၼတနဲ႔ျမန္မာျပည္ကို ဆုေပးမယ့္အေၾကာင္း ဩစႀတီးယားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕ရိွ ျမန္မာသံရုံးကို ခ်ဥ္းကပ္ပါတယ္။ ျမန္မာသံရုံးကေနတဆင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာနကို ေရာက္သြားၿပီး ဒီကိစၥေတြ ဆက္ျဖစ္သြားတာပါ။ ဒါေၾကာင့္ Ministry of Hotels and Tourism ကို ဦးေဆာင္ေနတဲ့ ၀န္ႀကီးျဖစ္သူ ဦးအုန္းေမာင္က ခရီးသြားဆုအတုကိစၥကို တာ၀န္ခံဖို႔ လိုပါတယ္။
ျမန္မာျပည္ကိုလာမယ့္ ECTT ရဲ႕ ကိုယ္စားလွယ္အဖြဲ႔ (Delegation)မွာ လူငါးဦးပါမွာျဖစ္ၿပီး၊ အဲဒီလူေတြကလည္း ျပႆနာမ်ဳိးစုံနဲ႔ သူေတြပါ။ သူတို႔ဘယ္သူေတြလဲဆိုတာကို ျမန္မာတိုင္း(စ္) The Myanmar Times ရဲ႕ သတင္းေပးပို႔ခ်က္ကို ကိုးကားၿပီး ကြ်န္ေတာ္ ေျပာျပပါမယ္။ ေအာက္ကအခ်က္အလက္ေတြက ျမန္မာတိုင္း(စ္)ကေန ယူပါတယ္။
၁။ Dr. Anton Caragea
ECTT ရဲ႕ ဥကၠဌျဖစ္သူ ေဒါက္တာ Anton Caragea က ဒီကိုယ္စားလွယ္အဖြဲ႔ကို ဦးေဆာင္မွာပါ။ သူက ပါရဂူဘြဲ႔အပါအ၀င္ ဆုတံဆိပ္ေပါင္း ေျမာက္ျမားစြာကို ႏိုင္ငံတကာအဖြ႔ဲအစည္းေပါင္း မ်ားစြာကေန ရယူထားတယ္လို႔ သူရဲ႕ အင္တာနက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။ စာအုပ္ေပါင္း (၂၀) နဲ႔ ေဆာင္းပါးေပါင္း (၃၀၀) ေက်ာ္ကို ေရးသားခဲ့သူျဖစ္ၿပီး၊ သူရဲ႕ ကြ်မ္းက်င္မႈေတြကေတာ့ သမိုင္း၊ ယဥ္ေက်းမႈသမိုင္း၊ ဖြ႔ံၿဖိဳးေရး၊ ႏိုင္ငံေရး၊ ႏိုင္ငံတကာဆက္ဆံေရး၊ ဘာသာေရးနဲ႔ တျခား ကြ်န္ေတာ္ ဘာသာေတာင္ ဘယ္လိုျပန္ရမယ္မွန္းမသိတဲ့ ဘာသာရပ္ေတြ ပါ၀င္ပါတယ္။
ျပႆနာက ဒါေတြက သူ႔အေျပာပဲရိွၿပီး၊ လက္ေတြ႔မွာေတာ့ သူေရးထားတယ္ဆိုတဲ့ စာအုပ္၊ စာတမ္းေတြကို ဘယ္ေနရာမွ ရွာလို႔မေတြ႔ႏုိင္တာပါပဲ။ ေဒါက္တာ Anton Caragea ႏိုင္ငံတကာဆက္ဆံေရးပါေမာကၡအျဖစ္ စာသင္ေနတဲ့ ရိုေမးနီးယားမွာရိွတဲ့ Spiru Haret University ဆိုတာကလည္း တကၠသိုလ္အစစ္မဟုတ္ဘဲ၊ ေက်ာင္းအတုသာျဖစ္ေၾကာင္းကို သူတို႔ႏုိင္ငံရဲ႕ သတင္းေထာက္ေတြက ေဖာ္ထုတ္ထားပါတယ္။
၂။ ေတာ္၀င္ပညာရွင္ Mircea Ionut Costea
သူကေတာ့ ဒု-သမၼတ ဦးဟင္နရီဗန္ထီးယူကို ေတာ္၀င္ပညာရွင္အျဖစ္ ေရြးခ်ယ္တင္ေျမွာက္မယ့္ European Tourism Academy ရဲ႕ ဒါရိုက္တာျဖစ္သူပါ။ ရိုေမးနီးယားႏုိင္ငံမွာေတာ့ သူက လာဘ္ေပးလာဘ္ယူမႈနဲ႔ ျပႆနာတက္ေနပါတယ္။ ရိုေမးနီးယားႏိုင္ငံရဲ႕ ဘ႑ာေရး၀န္ႀကီးေဟာင္းနဲ႔ လႊတ္ေတာ္အမတ္ေဟာင္းႏွစ္ေယာက္က ရထားသံလမ္းေတြ ျပန္လည္ျပင္ဆင္တဲ့ေနရာမွာ လာဘ္စားတယ္ဆိုၿပီး တရားစြဲ ခံထားရပါတယ္။ ဒီအမႈတြဲထဲမွာ ျမန္မာျပည္ကိုလာမယ့္ Mircea Ionut Costea က ပါ၀င္ေနၿပီး၊ သူ႔ကို ရိုေမးနီးယားအာဏာပိုင္ေတြက ယူရိုေငြ ၁.၅ မီလီယံ (ျမန္မာေငြ သန္းႏွစ္ေထာင့္ငါးရာ) ေပးေဆာင္ဖို႔ ဒဏ္ေငြ ခ်ထားပါတယ္။
၃။ Mihai Prundianu
ECTT ရဲ႕ ကုန္သြယ္ေရးေကာ္မတီဥကၠဌျဖစ္သူ Mihai Prundianu က စီးပြားေရးလုပ္ငန္းရွင္ တစ္ေယာက္ျဖစ္ၿပီး၊ သူလည္းပဲ ရိုေမးနီးယားႏုိင္ငံရဲ႕ လာဘ္စားမႈတစ္ခုထဲ ပါ၀င္ပတ္သက္ေနပါတယ္။ ရိုေမးနီးယားအစိုးရရဲ႕ အေထြေထြအတြင္းေရးမွဴးခ်ဳပ္ျဖစ္သူကို ၂၀၀၉-၂၀၁၅ ကာလအတြင္း လာဘ္ေပးခဲ့တယ္ဆိုၿပီး အမႈဖြင့္ ခံထားရပါတယ္။ သူ လာဘ္ေပးခဲ့တယ္ဆိုသူက ရိုေမးနီးယားႏိုင္ငံမွာေတာ့ အေကာင္ႀကီးႀကီး ရာထူးႀကီးႀကီးျဖစ္ၿပီး၊ လာဘ္စားမႈ၊ စာရြက္စာတမ္းအတုလုပ္မႈ၊ ဒုစရိုက္ဂုိဏ္းတည္ေထာင္မႈတိုနဲ႔ တရားရင္ဆိုင္ခဲ့ရပါတယ္။
၄။ Pavel Avramoiu
သူက ECTT ရဲ႕ ဟိုတယ္ဌာနကို ဦးေဆာင္သူ ဒါရိုက္တာျဖစ္ၿပီး၊ အရင္က ရိုေမးနီးယားႏိုင္ငံပိုင္ ပုံႏိွပ္စက္ကုမၸဏီကို အုပ္ခ်ဳပ္သူအျဖစ္လည္း တာ၀န္ထမ္းေဆာင္ခဲ့ပါေသးတယ္။ ရိုေမးနီးယားမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရေတာ့ သူသည္ ႏိုင္ငံေတာ္ပိုင္ ပုံႏိွပ္စက္ကုမၸဏီကို ပုဂၢလိကပိုင္ ျပဳလုပ္ေရာင္းခ်ရာမွာ အက်ဳိးစီးပြားပဋိပကၡေတြ ပါ၀င္မႈရိွတယ္ဆိုၿပီး အစြပ္စြဲ ခံထားရသူပါ။ သူအုပ္ခ်ဳပ္ခဲ့တဲ့ ပုံႏိွပ္စက္ကုမၸဏီကိုလည္း ရိုေမးနီးယားအဂတိလိုက္စားမႈတိုက္ဖ်က္ေရးအဖြဲ႔က စုံစမ္းစစ္ေဆးေနပါတယ္။
၅။ Pop Stefan Zaharie
သူက ECTT ရိွ ခရီးသြားလုံၿခဳံေရးအကဲျဖတ္ဌာနရဲ႕ ဌာနမွဴးအျဖစ္ တာ၀န္ယူထားပါတယ္။ အင္တာနက္ရာဇ၀တ္မႈေတြကေန ေငြေၾကးခ၀ါခ်မႈအေၾကာင္းကို သုေတသနေဆာင္းပါးတစ္ေစာင္ေရးဖူးထားပါတယ္။
ဒီလို ရိုေမးနီးယားႏုိင္ငံရိွ တကၠသိုလ္အတုမွာ စာသင္သူ၊ လာဘ္စားမႈေၾကာင့္ တရားရင္ဆိုင္ေနရသူ၊ အစိုးရအရာရိွႀကီးေတြကို လာဘ္ထိုးမႈေၾကာင့္ အမႈတြဲထဲ ပါေနသူ၊ အက်င့္ပ်က္ျခစားမႈျဖင့္ နာမည္ပ်က္ထြက္ေနသူနဲ႔ ေငြေၾကးခ၀ါခ်မႈအေၾကာင္းကို ေဆာင္းပါးေရးထားသူေတြကို ျမန္မာအစိုးရက ေနျပည္ေတာ္ကို ဖိတ္ၿပီး ဒု-သမၼတ ဦးဟင္နရီဗန္ထီးယူ၊ ဟိုတယ္ႏွင့္ခရီးသြာလာေရး၀န္ႀကီး ဦးအုန္းေမာင္တိုနဲ႔ ေတြ႔ဆုံကာ အစည္းအေ၀းက်င္းပဖို႔ စီစဥ္ထားပါတယ္။
ECTT ရဲ႕ ငါးေယာက္ပါ ကိုယ္စားလွယ္အဖြဲ႔ကို ျမန္မာျပည္ေခၚတာလည္း အစိုးရစရိတ္နဲ႔ပါ။ သူတို႔က ကမၻာ့ခရီးသြားေန႔အထိမ္းအမွတ္ပြဲကို ေနျပည္ေတာ္မွာ လာတက္မယ့္အျပင္၊ ဆုေပးပြဲမတိုင္ခင္ မႏၱေလး၊ အင္း၀၊ ရန္ကုန္၊ အမရပူရ၊ အင္ေလးကန္နဲ႔ ပဲခူးတုိ႔လုိ ႏိုင္ငံျခားခရီးသြားဧည့္သည္ေတြ အသြားမ်ားတဲ့ ေဒသေတြကို ျမန္မာျပည္အစိုးရအစီအစဥ္နဲ႔ လိုက္လည္အုံးမွာပါ။
သူတိုရဲ႕ ခရီးစဥ္ကုန္က်စရိတ္ကို ကြ်န္ေတာ္ အၾကမ္းဖ်င္းတြက္ၾကည့္တာေတာ့ ေဒၚလာ ၂၈,၀၀၀ ( ျမန္မာေငြ သိန္း ၄၂၀ ေက်ာ္) က်ပါတယ္။ ဒါေတာင္ ကြ်န္ေတာ္ စဥ္းစားမိသေလာက္ ကုန္က်စရိတ္ေတြကိုပဲ တြက္ထားတာပါ။ တျခားဟာေတြ မထည့္ရေသးပါဘူး။
ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာနက ECTT ကိစၥမွာ အဓိက သက္ဆိုင္တာမို႔ ၀န္ႀကီးျဖစ္သူ ဦးအုန္းေမာင္က ခရီးသြားဆုအတုကိစၥကို တာ၀န္ယူ ေျဖရွင္းဖို႔ လိုပါတယ္။ သမၼတရုံးက ECTT ဆုေတြကို လက္မခံေတာ့ဘူးဆိုၿပီး ေၾကျငာလိုက္တာနဲ႔ ဒီကိစၥက ၿပီးဆုံးသြားမွာ မဟုတ္ပါဘူး။
ျပည္သူေတြ ၀န္ႀကီးဦးအုန္းေမာင္ဆီက သိခ်င္ေနတဲ့ အေၾကာင္းအရာေတြက
- ဘာေၾကာင့္ ဒီလို ခုိင္မာမႈမရိွတဲ့အဖြဲ႔ေတြနဲ႔ ပူးေပါင္းဖို႔ ျဖစ္လာတာလဲ။
- ဘာေၾကာင့္ လာဘ္စားမႈေတြနဲ႔တရားစြဲခံထားရတဲ့သူေတြကို ျမန္မာျပည္ကို ဖိတ္တာလဲ။
- ေနာက္ကြယ္မွာ ဘယ္လို အေၾကာင္းအရာေတြ ပါ၀င္ေနလဲ။ ရိုးေကာ ရိုးရဲ႕လား။
အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒမွာေတာ့ ႏိုင္ငံေတာ္ဘ႑ာကို မစိစစ္ဘဲ သုံးစြဲခဲ့လို႔ ႏိုင္ငံေတာ္ဘက္က နစ္နာမႈေတြ ျဖစ္ခဲ့ရင္ အဂတိလိုက္စားမႈေျမာက္တယ္လို႔ အတိအလင္းေရးထားပါတယ္။
- ဒါေၾကာင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာနရဲ႕ လုပ္ေဆာင္ခ်က္က အဂတိလိုက္စားမႈေျမာက္ႏုိင္လား။
- ဒီအဖြဲ႔ေတြေၾကာင့္ ႏုိင္ငံေတာ္ဘက္က ေငြေၾကးဆုံးရႈံးမႈ ဘယ္ေလာက္ေတာင္ ျဖစ္ခဲ့ရၿပီလဲ။ (ဂုဏ္သိကၡာဆုံးရႈံးမႈေတာ့ ျဖစ္ခဲ့ပါၿပီ။)
- ၂၀၁၄ တုန္းက ျငင္းပယ္ခဲ့တဲ့ဆုကို ဘာျဖစ္လို႔ ၂၀၁၉ မွာ လက္ခံလိုက္တာလဲ။
- ဒီမိုကေရစီစနစ္မွာ ပြင့္လင္းျမင္သာမႈ၊ တာ၀န္ခံမႈ/တာ၀န္ယူမႈ၊ ျပည္သူေတြကို အေလးထားမႈေတြလိုပါတယ္။ ဘာျဖစ္လို႔ ECTT က ေပးမယ့္ ခရီးသြားဆုအတုအေၾကာင္းကို ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာနက အခုအထိ တစုံတရာ မရွင္းျပေသးတာလဲ။
ဒီလိုေမးခြန္းေတြကို ၀န္ႀကီးျဖစ္သူ ဦးအုန္းေမာင္က တာ၀န္ယႈမႈရိွရိွ ေျဖရွင္းေပးဖို႔ လိုပါတယ္။
အခုေဆာင္းပါးကို ဖတ္ေနသူေတြထဲမွာ သတင္းေထာက္ေတြရိွရင္ ေနျပည္ေတာ္မွာ ဒီေန႔က်င္းပေနတဲ့ ကမၻာ့ခရီးသြားေန႔ပြဲေတာ္မွာ ၀န္ႀကီးဦးအုန္းေမာင္ကို ေတြ႔ေအာင္ရွာၿပီး အေပၚက ေမးခြန္းေတြကို ေမးေပးေစလိုပါတယ္။
၀န္ႀကီးျဖစ္သူေတြက ျပည္သူေတြနဲ႔ ကင္းကြာကာ ေနျပည္ေတာ္မွာပဲ ေနေလ့ရိွၿပီး၊ ျပႆနာေတြ ျဖစ္လာရင္လည္း ထြက္ရွင္းတာမ်ဳိး မလုပ္ဘဲ မီဒီယာကို ေရွာင္ေလ့ရိွပါတယ္။
ဒါေၾကာင့္ ဒီေန႔လို ၀န္ႀကီးဦးအုန္းေမာင္ ျပည္သူေတြၾကားထဲ ဆင္းတဲ့အခ်ိန္မ်ဳိးက အခါအခြင့္ေကာင္းပါပဲ။ ျပည္သူေတြ သိခ်င္ေနတဲ့ အေၾကာင္းအရာေတြကို ၀န္ႀကီးျဖစ္သူ ေရွာင္ထြက္လို႔ မရေအာင္ ေမးခဲ့ေပးပါ။
၀န္ႀကီးခင္ဗ်ာ . . . #ျပည္သူကိုေျဖရွင္းပါ
ျပန္ၾကားေရး ဝန္ႀကီးေဟာင္း ဦးရဲထြဋ္ ေျပာတဲ့ "အင္န္အယ္လ္ဒီအစိုုးရနဲ႕ အတုျပႆနာ"

ဒု-သမၼတႀကီးကိုေပးအပ္မယ့္ “ဆုအတု” (အပိုင္း-၂) -

#Nay_Yan_Oo #ဆုအတု #VicePresident #HenryVanThio #fakeawards#MinistryofHotelsandTourism #WorldTourismDay #ျပည္သူကိုေျဖရွင္းပါ။
<unicode>
ကမ္ဘာ့ခရီးသွားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဟိုတယ်နှင့်ခရီးသွားလားရေးဝန်ကြီးဌာနမှ ကျင်းပနေတဲ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဆုအတုပေးမယ့် အရှုပ်တော်ပုံအကြောင်း ဖြေရှင်းပေးရန် တောင်းဆိုလိုက်တဲ့ ဦးနေယံဦး
Friday, September 27, 2019

ကမ္ဘာ့ခရီးသွားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဟိုတယ်နှင့်ခရီးသွားလားရေးဝန်ကြီးဌာနမှ ယနေ့ကျင်းပနေတဲ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဆုအတုပေးမယ့် အရှုပ်တော်ပုံအကြောင်းကို ဦးနေယံဦးမှ ဖြေရှင်းပေးရန် တောင်းဆိုလိုက်ကြောင်း သိရပါသည်။
ဦးနေယံဦးမှ သူ၏ လူမှုကွန်ရက်တွင် ယခုလို ရေးသားဖော်ပြထားပါသည်။
ဦးနေယံဦး၏ ရေးသားဖော်ပြချက်များ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဆုအတုပေးမယ့်အရှုပ်တော်ပုံမှာ အဓိကတာဝန်ရှိသူ နောက်တစ်ယောက် ကျန်ပါသေးတယ်။ သူက ဟိုတယ်နှင့်ခရီးသွားလားရေး Ministry of Hotels and Tourismရဲ့ ပြည်ထောင် စုဝန်ကြီးဖြစ်သူ ဦးအုန်းမောင်ပါ။ ဘာကြောင့် တာဝန်ရှိတာလဲ မပြောခင်၊ ဘာတွေဖြစ်ခဲ့သလဲဆိုတာ အကျဉ်းချုပ် ပြန်ရှင်းပြပါရစေ။
■ နေပြည်တော်မှာ စီစဉ်တဲ့ပွဲ
ဒီနေ့ စက်တင်ဘာ (၂၇) ရက်နေ့က ကမ္ဘာ့ခရီးသွားနေ့ဖြစ်ပါတယ်။ ကမ္ဘာ့ခရီးသွားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဟိုတယ်နှင့်ခရီးသွားလားရေးဝန်ကြီးဌာနက နေပြည်တော်ရှိ MICC-2 မှာ အခမ်းအနားတစ်ခုကို ကျင်းပလျက်ရှိကြောင်း သိရပါသည်။
မူလစီစဉ်ထားပုံအရဆိုရင် ဒီအခမ်းအနားကို ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (European Council on Tourism and Trade - ECTT) က တက်ရောက်မှာဖြစ်ပြီး၊ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆုကို မြန်မာပြည်အား ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကိုလည်း ဥရောပခရီးသွားအကယ်ဒမီ (European Tourism Academy) ရဲ့ တော် ဝင်ပညာရှင်အဖြစ် တင်မြှောက်သွားအုံးမှာပါ။
ဟိုတယ်နှင့်ခရီးသွားလားရေးဝန်ကြီးဌာနနဲ့ ဒု-သမ္မတရုံးဘက်ကတော့ ငါတို့ရဲ့ ကြိုးစားမှုကြောင့် အခုလို နိုင်ငံတကာက အသိအမှတ်ပြုတာပဲဆိုပြီး ပီတိတွေ ဖြာနေနိုင်ပါတယ်။
ဒါပေမဲ့ ECTT တို့ European Tourism Academy တို့ဆိုတာ ခိုင်မာတဲ့အဖွဲ့အစည်းတွေ မဟုတ်ဘဲ ဆင်းရဲပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အဓိက ပစ်မှတ်ထား ဂွင်ဖန်နေတဲ့ ရိုမေးနီးယားအခြေစိုက် အဖွဲ့တွေပါ။ သူတို့က ဥရောပသမ္မဂ European Union in Myanmar နဲ့လည်း ဘယ်လိုမှ ပတ်သက်မှု မရှိပါဘူး။
ဒီအဖွဲ့တွေက အတုတွေဖြစ်ကြောင်း ပြည်သူတွေက ဖေ့စ်ဘွတ်ခ်ပေါ်မှာ အတင်းဝိုင်းအော်လို့ အခုတော့ ECTT ရဲ့ မြန်မာပြည် ခရီးစဉ်ပျက်သွားပါပြီ။ ECTT က ပေးမယ့်ဆုတွေကို လက်ခံတော့မှာ မဟုတ်ကြောင်း ပြီးခဲ့တဲ့အပတ်က သမ္မတရုံး Myanmar President Office က ထုတ်ပြန်ကြေငြာပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့ သတိထားရမှာက သမ္မတရုံးက ထုတ်ပြန်တိုင်း အမှန်လို့ ယူဆလို့ မရပါဘူး။ ရှေ့မှာ တစ်ခါ ကျွန်တော်တို့ ကြုံခဲ့ဖူးပါပြီ။
ရာထူးဝန်အရှုပ်တော်ပုံကြီးကို ဒီနှစ်အစောပိုင်းမှာ ကျွန်တော်တို့ပြည်သူတွေ ဝိုင်းပြီးဖော်ထုတ်တော့၊ သမ္မတရုံးက ကျောင်းအတုတွေနဲ့ လက်တွဲတာကို ဇန်နဝါရီလ (၄) ရက်နေ့မှာ ရပ်ဆိုင်းလိုက်ပြီလို့ တရားဝင်ပြောခဲ့တာ ရှိပါတယ်။
သမ္မတရုံးပြောတာ မမှန်ပါဘူး။ ဇန်နဝါရီလ (၇) ရက်နေ့အထိ မလေးရှားနဲ့ဟာဝိုင်ယီမှ တက္ကသိုလ်အမည်ခံ အဖွဲ့အစည်းအတုတွေနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ Union Civil Service Board Myanmar ပတ်သက်နေကြောင်း ဓါတ်ပုံအထောက်အထားတွေအရ ကျွန်တော်တို့ သိခဲ့ရပါတယ်။ အသေးစိတ်ကို ကျွန်တော့်ဆောင်းပါးမှာ ဖတ်လို့ရပါတယ်။
(ရာထူးဝန်အဖွဲ့ ဗြောင်လိမ်နေသည်၊ ဘတ်ဂျက်တွေ ဘယ်နေရာမှာ သုံးနေလဲနှင့် အမှန်တရားကို ဖော်ထုတ်ပေးပါ။

ဒါကြောင့် အခုတစ်ခေါက်လည်း ECTT ပွဲ ပျက်သွားပြီလို့ သမ္မတရုံးကပြောသော်လည်း၊ ကျွန်တော်တို့ ယုံလို့ မရပါသေးဘူး။ တကယ်ပွဲပျက်၊ မပျက်ကို ဒီနေ့ နေပြည်တော်ကွန်ဖရင့်မှာ စောင့်ကြည့်ဖို့ လိုပါသေးတယ်။
■ ငါးဦးပါအဖွဲ့
ECTT က ဒု-သမ္မတနဲ့မြန်မာပြည်ကို ဆုပေးမယ့်အကြောင်း ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ မြန်မာသံရုံးကို ချဉ်းကပ်ပါတယ်။ မြန်မာသံရုံးကနေတဆင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို ရောက်သွားပြီး ဒီကိစ္စတွေ ဆက်ဖြစ်သွားတာပါ။ ဒါကြောင့် Ministry of Hotels and Tourism ကို ဦးဆောင်နေတဲ့ ဝန်ကြီးဖြစ်သူ ဦးအုန်းမောင်က ခရီးသွားဆုအတုကိစ္စကို တာဝန်ခံဖို့ လိုပါတယ်။
မြန်မာပြည်ကိုလာမယ့် ECTT ရဲ့ ကိုယ်စားလှယ်အဖွဲ့ (Delegation)မှာ လူငါးဦးပါမှာဖြစ်ပြီး၊ အဲဒီလူတွေကလည်း ပြဿနာမျိုးစုံနဲ့ သူတွေပါ။ သူတို့ဘယ်သူတွေလဲဆိုတာကို မြန်မာတိုင်း(စ်) The Myanmar Times ရဲ့ သတင်းပေးပို့ချက်ကို ကိုးကားပြီး ကျွန်တော် ပြောပြပါမယ်။ အောက်ကအချက်အလက်တွေက မြန်မာတိုင်း(စ်)ကနေ ယူပါတယ်။
၁။ Dr. Anton Caragea
ECTT ရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာ Anton Caragea က ဒီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာပါ။ သူက ပါရဂူဘွဲ့အပါအဝင် ဆုတံဆိပ်ပေါင်း မြောက်မြားစွာကို နိုင်ငံတကာအဖွ့ဲအစည်းပေါင်း များစွာကနေ ရယူထားတယ်လို့ သူရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ စာအုပ်ပေါင်း (၂၀) နဲ့ ဆောင်းပါးပေါင်း (၃၀၀) ကျော်ကို ရေးသားခဲ့သူဖြစ်ပြီး၊ သူရဲ့ ကျွမ်းကျင်မှုတွေကတော့ သမိုင်း၊ ယဉ်ကျေးမှုသမိုင်း၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ဘာသာရေးနဲ့ တခြား ကျွန်တော် ဘာသာတောင် ဘယ်လိုပြန်ရမယ်မှန်းမသိတဲ့ ဘာသာရပ်တွေ ပါဝင်ပါတယ်။
ပြဿနာက ဒါတွေက သူ့အပြောပဲရှိပြီး၊ လက်တွေ့မှာတော့ သူရေးထားတယ်ဆိုတဲ့ စာအုပ်၊ စာတမ်းတွေကို ဘယ်နေရာမှ ရှာလို့မတွေ့နိုင်တာပါပဲ။ ဒေါက်တာ Anton Caragea နိုင်ငံတကာဆက်ဆံရေးပါမောက္ခအဖြစ် စာသင်နေတဲ့ ရိုမေးနီးယားမှာရှိတဲ့ Spiru Haret University ဆိုတာကလည်း တက္ကသိုလ်အစစ်မဟုတ်ဘဲ၊ ကျောင်းအတုသာဖြစ်ကြောင်းကို သူတို့နိုင်ငံရဲ့ သတင်းထောက်တွေက ဖော်ထုတ်ထားပါတယ်။
၂။ တော်ဝင်ပညာရှင် Mircea Ionut Costea
သူကတော့ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူကို တော်ဝင်ပညာရှင်အဖြစ် ရွေးချယ်တင်မြှောက်မယ့် European Tourism Academy ရဲ့ ဒါရိုက်တာဖြစ်သူပါ။ ရိုမေးနီးယားနိုင်ငံမှာတော့ သူက လာဘ်ပေးလာဘ်ယူမှုနဲ့ ပြဿနာတက်နေပါတယ်။ ရိုမေးနီးယားနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းနဲ့ လွှတ်တော်အမတ်ဟောင်းနှစ်ယောက်က ရထားသံလမ်းတွေ ပြန်လည်ပြင်ဆင်တဲ့နေရာမှာ လာဘ်စားတယ်ဆိုပြီး တရားစွဲ ခံထားရပါတယ်။ ဒီအမှုတွဲထဲမှာ မြန်မာပြည်ကိုလာမယ့် Mircea Ionut Costea က ပါဝင်နေပြီး၊ သူ့ကို ရိုမေးနီးယားအာဏာပိုင်တွေက ယူရိုငွေ ၁.၅ မီလီယံ (မြန်မာငွေ သန်းနှစ်ထောင့်ငါးရာ) ပေးဆောင်ဖို့ ဒဏ်ငွေ ချထားပါတယ်။
၃။ Mihai Prundianu
ECTT ရဲ့ ကုန်သွယ်ရေးကော်မတီဥက္ကဌဖြစ်သူ Mihai Prundianu က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး၊ သူလည်းပဲ ရိုမေးနီးယားနိုင်ငံရဲ့ လာဘ်စားမှုတစ်ခုထဲ ပါဝင်ပတ်သက်နေပါတယ်။ ရိုမေးနီးယားအစိုးရရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူကို ၂၀၀၉-၂၀၁၅ ကာလအတွင်း လာဘ်ပေးခဲ့တယ်ဆိုပြီး အမှုဖွင့် ခံထားရပါတယ်။ သူ လာဘ်ပေးခဲ့တယ်ဆိုသူက ရိုမေးနီးယားနိုင်ငံမှာတော့ အကောင်ကြီးကြီး ရာထူးကြီးကြီးဖြစ်ပြီး၊ လာဘ်စားမှု၊ စာရွက်စာတမ်းအတုလုပ်မှု၊ ဒုစရိုက်ဂိုဏ်းတည်ထောင်မှုတိုနဲ့ တရားရင်ဆိုင်ခဲ့ရပါတယ်။
၄။ Pavel Avramoiu
သူက ECTT ရဲ့ ဟိုတယ်ဌာနကို ဦးဆောင်သူ ဒါရိုက်တာဖြစ်ပြီး၊ အရင်က ရိုမေးနီးယားနိုင်ငံပိုင် ပုံနှိပ်စက်ကုမ္ပဏီကို အုပ်ချုပ်သူအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ ရိုမေးနီးယားမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ သူသည် နိုင်ငံတော်ပိုင် ပုံနှိပ်စက်ကုမ္ပဏီကို ပုဂ္ဂလိကပိုင် ပြုလုပ်ရောင်းချရာမှာ အကျိုးစီးပွားပဋိပက္ခတွေ ပါဝင်မှုရှိတယ်ဆိုပြီး အစွပ်စွဲ ခံထားရသူပါ။ သူအုပ်ချုပ်ခဲ့တဲ့ ပုံနှိပ်စက်ကုမ္ပဏီကိုလည်း ရိုမေးနီးယားအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။
၅။ Pop Stefan Zaharie
သူက ECTT ရှိ ခရီးသွားလုံခြုံရေးအကဲဖြတ်ဌာနရဲ့ ဌာနမှူးအဖြစ် တာဝန်ယူထားပါတယ်။ အင်တာနက်ရာဇဝတ်မှုတွေကနေ ငွေကြေးခဝါချမှုအကြောင်းကို သုတေသနဆောင်းပါးတစ်စောင်ရေးဖူးထားပါတယ်။
ဒီလို ရိုမေးနီးယားနိုင်ငံရှိ တက္ကသိုလ်အတုမှာ စာသင်သူ၊ လာဘ်စားမှုကြောင့် တရားရင်ဆိုင်နေရသူ၊ အစိုးရအရာရှိကြီးတွေကို လာဘ်ထိုးမှုကြောင့် အမှုတွဲထဲ ပါနေသူ၊ အကျင့်ပျက်ခြစားမှုဖြင့် နာမည်ပျက်ထွက်နေသူနဲ့ ငွေကြေးခဝါချမှုအကြောင်းကို ဆောင်းပါးရေးထားသူတွေကို မြန်မာအစိုးရက နေပြည်တော်ကို ဖိတ်ပြီး ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဟိုတယ်နှင့်ခရီးသွာလာရေးဝန်ကြီး ဦးအုန်းမောင်တိုနဲ့ တွေ့ဆုံကာ အစည်းအဝေးကျင်းပဖို့ စီစဉ်ထားပါတယ်။
ECTT ရဲ့ ငါးယောက်ပါ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာပြည်ခေါ်တာလည်း အစိုးရစရိတ်နဲ့ပါ။ သူတို့က ကမ္ဘာ့ခရီးသွားနေ့အထိမ်းအမှတ်ပွဲကို နေပြည်တော်မှာ လာတက်မယ့်အပြင်၊ ဆုပေးပွဲမတိုင်ခင် မန္တလေး၊ အင်းဝ၊ ရန်ကုန်၊ အမရပူရ၊ အင်လေးကန်နဲ့ ပဲခူးတို့လို နိုင်ငံခြားခရီးသွားဧည့်သည်တွေ အသွားများတဲ့ ဒေသတွေကို မြန်မာပြည်အစိုးရအစီအစဉ်နဲ့ လိုက်လည်အုံးမှာပါ။
သူတိုရဲ့ ခရီးစဉ်ကုန်ကျစရိတ်ကို ကျွန်တော် အကြမ်းဖျင်းတွက်ကြည့်တာတော့ ဒေါ်လာ ၂၈,၀၀၀ ( မြန်မာငွေ သိန်း ၄၂၀ ကျော်) ကျပါတယ်။ ဒါတောင် ကျွန်တော် စဉ်းစားမိသလောက် ကုန်ကျစရိတ်တွေကိုပဲ တွက်ထားတာပါ။ တခြားဟာတွေ မထည့်ရသေးပါဘူး။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ECTT ကိစ္စမှာ အဓိက သက်ဆိုင်တာမို့ ဝန်ကြီးဖြစ်သူ ဦးအုန်းမောင်က ခရီးသွားဆုအတုကိစ္စကို တာဝန်ယူ ဖြေရှင်းဖို့ လိုပါတယ်။ သမ္မတရုံးက ECTT ဆုတွေကို လက်မခံတော့ဘူးဆိုပြီး ကြေငြာလိုက်တာနဲ့ ဒီကိစ္စက ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။
ပြည်သူတွေ ဝန်ကြီးဦးအုန်းမောင်ဆီက သိချင်နေတဲ့ အကြောင်းအရာတွေက
- ဘာကြောင့် ဒီလို ခိုင်မာမှုမရှိတဲ့အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ ဖြစ်လာတာလဲ။
- ဘာကြောင့် လာဘ်စားမှုတွေနဲ့တရားစွဲခံထားရတဲ့သူတွေကို မြန်မာပြည်ကို ဖိတ်တာလဲ။
- နောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေ ပါဝင်နေလဲ။ ရိုးကော ရိုးရဲ့လား။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာတော့ နိုင်ငံတော်ဘဏ္ဍာကို မစိစစ်ဘဲ သုံးစွဲခဲ့လို့ နိုင်ငံတော်ဘက်က နစ်နာမှုတွေ ဖြစ်ခဲ့ရင် အဂတိလိုက်စားမှုမြောက်တယ်လို့ အတိအလင်းရေးထားပါတယ်။
- ဒါကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်က အဂတိလိုက်စားမှုမြောက်နိုင်လား။
- ဒီအဖွဲ့တွေကြောင့် နိုင်ငံတော်ဘက်က ငွေကြေးဆုံးရှုံးမှု ဘယ်လောက်တောင် ဖြစ်ခဲ့ရပြီလဲ။ (ဂုဏ်သိက္ခာဆုံးရှုံးမှုတော့ ဖြစ်ခဲ့ပါပြီ။)
- ၂၀၁၄ တုန်းက ငြင်းပယ်ခဲ့တဲ့ဆုကို ဘာဖြစ်လို့ ၂၀၁၉ မှာ လက်ခံလိုက်တာလဲ။
- ဒီမိုကရေစီစနစ်မှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု/တာဝန်ယူမှု၊ ပြည်သူတွေကို အလေးထားမှုတွေလိုပါတယ်။ ဘာဖြစ်လို့ ECTT က ပေးမယ့် ခရီးသွားဆုအတုအကြောင်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အခုအထိ တစုံတရာ မရှင်းပြသေးတာလဲ။
ဒီလိုမေးခွန်းတွေကို ဝန်ကြီးဖြစ်သူ ဦးအုန်းမောင်က တာဝန်ယှုမှုရှိရှိ ဖြေရှင်းပေးဖို့ လိုပါတယ်။
အခုဆောင်းပါးကို ဖတ်နေသူတွေထဲမှာ သတင်းထောက်တွေရှိရင် နေပြည်တော်မှာ ဒီနေ့ကျင်းပနေတဲ့ ကမ္ဘာ့ခရီးသွားနေ့ပွဲတော်မှာ ဝန်ကြီးဦးအုန်းမောင်ကို တွေ့အောင်ရှာပြီး အပေါ်က မေးခွန်းတွေကို မေးပေးစေလိုပါတယ်။
ဝန်ကြီးဖြစ်သူတွေက ပြည်သူတွေနဲ့ ကင်းကွာကာ နေပြည်တော်မှာပဲ နေလေ့ရှိပြီး၊ ပြဿနာတွေ ဖြစ်လာရင်လည်း ထွက်ရှင်းတာမျိုး မလုပ်ဘဲ မီဒီယာကို ရှောင်လေ့ရှိပါတယ်။
ဒါကြောင့် ဒီနေ့လို ဝန်ကြီးဦးအုန်းမောင် ပြည်သူတွေကြားထဲ ဆင်းတဲ့အချိန်မျိုးက အခါအခွင့်ကောင်းပါပဲ။ ပြည်သူတွေ သိချင်နေတဲ့ အကြောင်းအရာတွေကို ဝန်ကြီးဖြစ်သူ ရှောင်ထွက်လို့ မရအောင် မေးခဲ့ပေးပါ။
ဝန်ကြီးခင်ဗျာ . . . #ပြည်သူကိုဖြေရှင်းပါ
ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ် ပြောတဲ့ "အင်န်အယ်လ်ဒီအစိုးရနဲ့ အတုပြဿနာ"

ဒု-သမ္မတကြီးကိုပေးအပ်မယ့် “ဆုအတု” (အပိုင်း-၂) -

#Nay_Yan_Oo #ဆုအတု #VicePresident #HenryVanThio #fakeawards#MinistryofHotelsandTourism #WorldTourismDay #ပြည်သူကိုဖြေရှင်းပါ။

0 comments:

Post a Comment