Thursday, September 26, 2019

ကိုကို ညီညီ၏ မိခင္ ေဒၚဥမၼာလွိဳင္မွ ဗစ္တိုးရီးယားေလးရဲ႕ ဖခင္အပါအဝင္ ၆ ဦးအား ထပ္မံအမႈဖြင့္

Image may contain: plant, tree and outdoor

ကိုကို ညီညီ၏ မိခင္ ေဒၚဥမၼာလွိဳင္မွ ဗစ္တိုးရီးယားေလးရဲ႕ ဖခင္အပါအဝင္ ၆ ဦးအား ပုဗၺသီရိျမိဳ့နယ္၊ ပတၱာနယ္ေျမရဲစခန္းမွာ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁(က)(၂) နဲ႔ ထပ္မံအမႈဖြင့္လိုက္ေၾကာင္း သိရသည္။

အမႈဖြင့္ခံထားရသူ ၆ဦးမွာ သံသယတရားခံေအာင္ႀကီးရဲ့ ေရွ႕ေန ဦးခင္ေမာင္ေဇာ္၊ တရားလိုေရ႕ေန ေဒၚရြက္ႏုေအာင္တို႔အျပင္ ဗစ္တိုးရီးယားရဲ့ ဖခင္၊ ဗစ္တိုးရီးယားရဲ့ ဦးေလး၊ ဗစ္တိုးရီးယားရဲ့ အေဒၚနဲ႔ ဗစ္တိုးရီးယားအမႈကို လိုက္ပါေဆာင္ရြက္ေပးေနတဲ့ သကၠမိုးညိဳ အေကာင့္ပိုင္ရွင္ ေဒါက္တာဝင္းကိုကိုသိန္တို႔ ပါဝင္ေၾကာင္း သိရသည္။
ပုဗၺသီရိၿမိဳ႕နယ္တရား႐ံုးက ေအာင္ႀကီးေရွ႕ေန ေဒၚစုဒါလီေအာင္ကို စက္တင္ဘာ ၂၅ရက္ေန႔က ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒနဲ႔ တရားစြဲတင္ခဲ့ၿပီး က်ပ္္သိန္း ၁၀၀နဲ႔ အာမခံေပးထားေၾကာင္း သိရသည္။

<Unicode>
#Breaking News
ကိုကို ညီညီ၏ မိခင် ဒေါ်ဥမ္မာလှိုင်မှ ဗစ်တိုးရီးယားလေးရဲ့ ဖခင်အပါအဝင် ၆ ဦးအား ထပ်မံအမှုဖွင့်
Friday, September 27, 2019

ကိုကို ညီညီ၏ မိခင် ဒေါ်ဥမ္မာလှိုင်မှ ဗစ်တိုးရီးယားလေးရဲ့ ဖခင်အပါအဝင် ၆ ဦးအား ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ ထပ်မံအမှုဖွင့်လိုက်ကြောင်း သိရသည်။
အမှုဖွင့်ခံထားရသူ ၆ဦးမှာ သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်၊ တရားလိုရေ့နေ ဒေါ်ရွက်နုအောင်တို့အပြင် ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဗစ်တိုးရီးယားရဲ့ ဦးလေး၊ ဗစ်တိုးရီးယားရဲ့ အဒေါ်နဲ့ ဗစ်တိုးရီးယားအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာဝင်းကိုကိုသိန်တို့ ပါဝင်ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တရားရုံးက အောင်ကြီးရှေ့နေ ဒေါ်စုဒါလီအောင်ကို စက်တင်ဘာ ၂၅ရက်နေ့က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲတင်ခဲ့ပြီး ကျပ်သိန်း ၁၀၀နဲ့ အာမခံပေးထားကြောင်း သိရသည်။
#Ref_သက္ကမိုးညို #JusticeForVictoria #ToPromotetheRuleofLaw #WISDOMHILL
#StopChildSexAbuseInMyanmar #Myanmar_Online_News

0 comments:

Post a Comment