Monday, September 30, 2019

တရုတ်နိုင်ငံ တည်ထောင်သည့် နှစ်ပတ်လည်နေ့ နံနက်ပိုင်းတွင် ဟောင်ကောင်၌ အဓိကရုဏ်းများဖြစ်ပွား

Image may contain: one or more people, crowd and outdoorImage may contain: one or more people and outdoor

အောက်တိုဘာလ ၁ ရက် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်နေ့တွင် ဟောင်ကောင်ရှိ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့နေကြပြီဖြစ်ကြောင်းသိရှိရသည်။

ဆန္ဒပြပွဲကို ဆိုရှယ်ဒီမိုကရက် အဖွဲ့ချုပ် ဥက္ကဋ္ဌ လောင်ကွတ်ဟောင် ဦးဆောင်ပြီး ချီတက်လာကာ ရဲတပ်ဖွဲ့ဝင်များက ငရုတ်ရည်တွေဖြန်းပြီး လူစုခွဲဖို့ ကြိုးစားတာ တွေ့ရသလို ဖမ်းဆီးထိန်းသိမ်းမှုတွေလည်း ရှိနေကြောင်း နှင့် ဆန္ဒပြပါက အရမ်းကို အန္တရာယ်များမယ်ဟု ရဲတပ်ဖွဲ့က သတိပေးထားသော်လည်း ဆန္ဒပြသူများ အနေဖြင့် နောက်မတွန့်ခဲ့ပေ။ ယနေ့တွင် ရထားဘူတာတွေနဲ့ ရှော့ပင်းမောလ်တွေကတော့ ပိတ်ထားကြကြောင်းတွ့ရှိရသည်။
တရုတ်ပြည် ထူထောင်တဲ့ နှစ်ပတ်လည်နေ့ကို အမျိုးသားနေ့လို့လည်း သတ်မှတ်ထားခြင်းဖြစ်ပြီးအထိမ်းအမှတ်အဖြစ် ဟောင်ကောင် ဝိတိုရိယ ဆိပ်ကမ်းမှာ မီးပန်းတွေ ဖောက်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ အဲဒီလိုမလုပ်ဖို့ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းနဲ့ အစိုးရအဖွဲ့ကဆုံးဖြတ်ခဲ့ကြကြောင်းသျရှိရပါသည်။

<<Zawgyi>>
Tuesday, October 1, 2019

Red-#Reuters

0 comments:

Post a Comment