Wednesday, September 25, 2019

The Voice Journalတိုက္ အယ္ဒီတာတစ္ဦးအား ရန္ကင္းၿမိဳ႕နယ္ ဆိုလ္ေျပစားေသာက္ဆိုင္အနီးတြင္ လူရွစ္ဦးခန႔္မွ ၀ိုင္းဝန္း႐ိုက္ႏွက္မႈျဖစ္ပြား


စက္တင္ဘာ ၂၅ ရက္ ည ၇နာရီခန္႕တြင္ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္ (၁၃)ရပ္ကြက္၊ မိုးေကာင္းလမ္း၊ တိုက္အမွတ္ ၃၈၊ ဒုတိယထပ္တြင္ The Voice Journal တိုက္မွ တာဝန္ခံအယ္ဒီတာ ကိုေအာင္စိုးသည္ အလုပ္လုပ္ေနစဥ္ ေအာက္တြင္ ရန္ျဖစ္ေနေၾကာင္း သတင္းေထာက္တစ္ဦးက အေၾကာင္းၾကားသျဖင့္ ေအာက္သို႔ ဆင္းလာရာ အယ္ဒီတာ ကိုေဇယ်စိုေျပမွာ ဆိုလ္ေျပစားေသာက္ဆိုင္အနီး လမ္းေဘး ပလက္ေဖာင္းေပၚတြင္ မ်က္ႏွာႏွင့္အက်ႌတို႔တြင္ ေသြးမ်ား႐ႊဲနစ္လ်က္ လဲက်ေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ ေမးျမန္းရာ စားေသာက္ဆိုင္မွ လမ္းေဘးပလက္ေဖာင္းေပၚတြင္ ခုံမ်ားခ်ထားၿပီး အဆိုပါဝိုင္းတြင္ အမ်ိဳးသားႏွစ္ဦးက အရက္ထိုင္ေသာက္ေနသျဖင့္ ကိုေဇယ်စိုေျပက လမ္းသြားလမ္းလာမ်ား မလြတ္၍ ဆိုင္ထဲသို႔ ဝင္ေရာက္ေသာက္ ရန္ေျပာရာမွ အရက္ေသာက္ေနသူႏွစ္ဦးႏွင့္ စကားမ်ားခဲ့ေၾကာင္း၊ ထို႔ေနာက္ အမ်ိဳးသား ႏွစ္ဦး အပါအဝင္ လူရွစ္ဦးခန႔္က ဝိုင္းဝန္း႐ိုက္ႏွက္ခဲ့ၿပီး ကိုေဇယ်စိုေျပ ကိုင္ေဆာင္သည့္ Mi အမ်ိဳးအစား အနက္ေရာင္ဖုန္းမွာလည္း ရန္ျဖစ္စဥ္ ေပ်ာက္ဆုံံးသြားခဲ့ေၾကာင္း The Voice Journal တိုက္မွ တာဝန္ခံအယ္ဒီတာ ကိုေအာင္စိုးက ရန္ကင္းၿမိဳ႕မရဲစခန္းသို႔ တိုင္ၾကားစာတြင္ ထည့္သြင္း ေရးသားထားသည္။
႐ိုက္နွက္ခံရမႈေၾကာင့္ ကိုေဇယ်စိုေျပ၏ ဝဲနားထင္တြင္ ေပါက္ၿပဲေသြးထြက္ဒဏ္ရာ၊ ယာလက္ေကာက္ဝတ္တြင္ ေပါက္ၿပဲဒဏ္ရာ ႏွင့္ ဝဲေျခေထာက္တြင္ ပြန္းျခစ္ဒဏ္ရာမ်ား ရရွိခဲ့ၿပီး သဃၤန္းကြၽန္းစံျပေဆး႐ုံသို႔ ပို႔ေဆာင္ ကုသခဲ့ေၾကာင္း သိရွိရသည္။
The Voice Journal တိုက္၏ အမႈတိုင္ၾကားမႈကို သက္ဆိုင္ရာၿမိဳ႕နယ္ရဲစခန္း က လက္ခံထားၿပီး ထိခိုက္ခံရသူ၏ ေဆးစာအေပၚ မူတည္ၿပီး ပုဒ္မတပ္ အမႈဖြင့္ေဆာင္႐ြက္သြားမည္ဟုလည္း စက္တင္ဘာ ၂၅ရက္ ညပိုင္း တြင္ ရန္ကင္းၿမိဳ႕မရဲစခန္းမွ တာဝန္က် ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။
<<Unicode>>
The Voice Journalတိုက်အယ်ဒီတာတစ်ဦးအား ရန်ကင်းမြို့နယ် ဆိုလ်ပြေစားသောက်ဆိုင်အနီးတွင် လူရှစ်ဦးခန့်မှ ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား
Thursday, September 26, 2019

စက်တင်ဘာ ၂၅ ရက် ည ၇နာရီခန့်တွင် ရန်ကင်းမြို့နယ်၊ အမှတ် (၁၃)ရပ်ကွက်၊ မိုးကောင်းလမ်း၊ တိုက်အမှတ် ၃၈၊ ဒုတိယထပ်တွင် The Voice Journal တိုက်မှ တာဝန်ခံအယ်ဒီတာ ကိုအောင်စိုးသည် အလုပ်လုပ်နေစဉ် အောက်တွင် ရန်ဖြစ်နေကြောင်း သတင်းထောက်တစ်ဦးက အကြောင်းကြားသဖြင့် အောက်သို့ ဆင်းလာရာ အယ်ဒီတာ ကိုဇေယျစိုပြေမှာ ဆိုလ်ပြေစားသောက်ဆိုင်အနီး လမ်းဘေး ပလက်ဖောင်းပေါ်တွင် မျက်နှာနှင့်အင်္ကျီတို့တွင် သွေးများရွှဲနစ်လျက် လဲကျနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာ စားသောက်ဆိုင်မှ လမ်းဘေးပလက်ဖောင်းပေါ်တွင် ခုံများချထားပြီး အဆိုပါဝိုင်းတွင် အမျိုးသားနှစ်ဦးက အရက်ထိုင်သောက်နေသဖြင့် ကိုဇေယျစိုပြေက လမ်းသွားလမ်းလာများ မလွတ်၍ ဆိုင်ထဲသို့ ဝင်ရောက်သောက် ရန်ပြောရာမှ အရက်သောက်နေသူနှစ်ဦးနှင့် စကားများခဲ့ကြောင်း၊ ထို့နောက် အမျိုးသား နှစ်ဦး အပါအဝင် လူရှစ်ဦးခန့်က ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ကိုဇေယျစိုပြေ ကိုင်ဆောင်သည့် Mi အမျိုးအစား အနက်ရောင်ဖုန်းမှာလည်း ရန်ဖြစ်စဉ် ပျောက်ဆုံံးသွားခဲ့ကြောင်း The Voice Journal တိုက်မှ တာဝန်ခံအယ်ဒီတာ ကိုအောင်စိုးက ရန်ကင်းမြို့မရဲစခန်းသို့ တိုင်ကြားစာတွင် ထည့်သွင်း ရေးသားထားသည်။
ရိုက်နှက်ခံရမှုကြောင့် ကိုဇေယျစိုပြေ၏ ဝဲနားထင်တွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ယာလက်ကောက်ဝတ်တွင် ပေါက်ပြဲဒဏ်ရာ နှင့် ဝဲခြေထောက်တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင် ကုသခဲ့ကြောင်း သိရှိရသည်။
The Voice Journal တိုက်၏ အမှုတိုင်ကြားမှုကို သက်ဆိုင်ရာမြို့နယ်ရဲစခန်း က လက်ခံထားပြီး ထိခိုက်ခံရသူ၏ ဆေးစာအပေါ် မူတည်ပြီး ပုဒ်မတပ် အမှုဖွင့်ဆောင်ရွက်သွားမည်ဟုလည်း စက်တင်ဘာ ၂၅ရက် ညပိုင်း တွင် ရန်ကင်းမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
#The_Voice #Myanmar_Online_News

0 comments:

Post a Comment