Thursday, September 26, 2019

ဗိုလ္ခ်ဳပ္ရုပ္ရွင္တြင္ “မိုးေဟကို” သရုပ္ေဆာင္မယ့္ သူရဲေကာင္းမေလး “မာရီလွေတာ” ရဲ႕ အေၾကာင္း

Image may contain: 1 person, textImage may contain: 1 person, sitting and indoor

ဗိုလ္ခ်ဳပ္ရုပ္ရွင္ နဲ႕ပတ္သက္ျပီး သရုပ္ေဆာင္ေတြကိုေရြးခ်ယ္ျပီးတဲ႔ေနာက္မွာ ယေန႔ေခတ္ လူငယ္ေတြနဲ႕ အနည္းငယ္စိမ္းေနတဲ႔ မာရီလွေတာ ဆိုတဲ႔ဇာတ္ရုပ္နဲ႔ပတ္သက္ျပီး ေျပာျပခ်င္ပါတယ္။ ဒီမာရီလွေတာဆိုတဲ႔ အမ်ိဳးသမီးရဲ႕ ေနရာမွာ ရုပ္ရွင္နဲ႔ ဗီဒီယိုသရုပ္ေဆာင္ မိုးေဟကိုကပါဝင္ သရုပ္ေဆာင္သြားမွာကိုလည္း အားလံုးအသိပါပဲ။ မာရီလွေတာဆိုတာ ဘယ္လိုသူရဲေကာင္းမ်ိဳးလည္းဆိုတာကို ခ်ျပခ်င္တာပဲျဖစ္ပါတယ္။
ေအာင္ဆန္းရုပ္ရွင္ရဲ႔အျခားေသာ လြတ္လပ္ေရး ဖခင္ႀကီးေတြကို အမ်ားသိၾကၿပီး သမိုင္းေၾကာင္းေလ့လာသူေတြနဲ႕ လြြတ္လပ္ေရးကို စိတ္ဝင္စားသူေတြ သာသိၾကျပီး လူႀကီးပိုင္းေတြသာ ရင္းႏွီးတဲ့ ဗိုလ္ခ်ဳပ္ရဲ႕ အသက္ကို ကယ္ေပးခဲ႔ဖူးတဲ႔ မာရီယိုရဲ႕ အေၾကာင္းကို ေလ့လာေတြ႔ရွိခ်က္ေတြ ထဲက ေကာက္ႏႈတ္ေဖာ္ျပေပးခ်င္ပါတယ္။
၁၉၄၀ _ ၄၁ လြတ္လပ္ေရးမရခင္မွာ ဒို ့ဗမာအစည္းရံုးဖြဲ႔ၿပီး သခင္ေတြလြတ္လပ္ေရးရဖို႔ႀကိဳးစားေနတ့ဲ အခ်ိန္။ လြတ္လပ္ေရးရဖို႔တြက္တရားေဟာတ့ဲ သခင္္ႏု နဲ ့ သခင္သန္းထြန္း ရန္ကုန္မွာအဖမ္းခံတယ္။ တစ္ခ်ိန္တည္းမွာ သခင္ေအာင္ဆန္း နဲ႔(က်ံဳမေငး)သခင္တင္ေမာင္ ကဟသၤတမွာ တရားသြားေဟာေနတယ္။ တရားေနတ့ဲအခ်ိန္မွာလည္း… သခင္ေအာင္ဆန္းကို ဆုေငြထုတ္ၿပီးတရားပြဲက ဆင္းတာနဲ႔ ဝင္ဖမ္းမွာျဖစ္တယ္။ ဒါ့ေၾကာင့္ၿဗိတိသွ်ပုလိပ္ေတြ တရားပြဲကိုလာဝိုင္းတယ္။ ဝိုင္းတာလဲသိေရာ… တရားပြဲထဲကေန သခင္ေအာင္ဆန္းနဲ ့ (က်ံဳမေငး)သခင္တင္ေမာင္ က အဲ့ဒီလူအုပ္ထဲကေနထြက္ၿပီး လမ္းမေပၚေရာက္သြားတယ္။ လမ္းမေပၚေရာက္ၿပီးထြက္ေျပးမယ္လုပ္ေတာ့ လမ္းမတိုင္း လမ္းမတိုင္းမွာ ျဗိတိသွ်ပုလိပ္ေတြရွိေနေတာ့ဘယ္မွေျပးမလြတ္ေတာဘူး။ ေျပးမလြတ္တ့ဲအခ်ိန္က်ေတာ့မွ သခင္တင္ေမာင္က အႀကံေပးတယ္။ “ကြ်န္ေတာ္တို႔လူမ်ဳိးျခားအဖမ္းေတာ့မခံဘူး။ ကြ်န္ေတာ္တို႔ဗမာအခ်င္းခ်င္းဖမ္းခ်င္ဖမ္းပါေစ” ဆိုၿပီး ..အဲ့ဒီအခ်ိန္မွာ ဟသၤတရဲ့ ရာဇဝတ္ဝန္ေထာက္က မစၥတာေဇးဗီးယား ဒုတိယရာဇဝတ္ဝန္ေထာက္ကဦးလွေတာ(ဗမာလူမ်ဳိး) ဦးလွေတာကICSတကယ့္ၿဗိတိသွ်အစိုးရက လူယုံအေနနဲ႔ခန္႔ထားတ့ဲ ဒုတိယအႀကီးဆံုးရာဇဝတ္ဝန္ေထာက္။ ဦးလွေတာရဲ့မိန္းကေလးက… ဇနီးသည္ေလးက…… ” အင္မတန္ေခ်ာ… အင္မတန္လွ… အင္မတန္ အသက္ငယ္ၿပီးေတာ့ ဗမာေတြမ်က္ေစ့ထဲမွာၾကည့္မရေထာင့္မက်ဳိး… ဗိုလ္ဆန္တ့ဲကေလးမေလး” နာမည္ကိုက ေယာက်္ားရၿပီးတာနဲ ့ “မာရီလွေတာ” ဆိုၿပီးေတာ့ ..နာမည္ေျပာင္းထားတ့ဲ ကေလးမေလး။ အဲ့ဒီအိမ္က သခင္ ေအာင္ဆန္း နဲ ့ (က်ံဳမေငး)သခင္ တင္ေမာင္ ေရာက္ေနတ့ဲေနရာနဲ ့နီးတယ္။နီးေတာ့အဲဒီ ျခံဝန္းထဲကို ဝင္သြားတယ္။ ဝင္သြားတ့ဲအခ်ိန္မွာတိုက္ရဲ့ဆင္ဝင္အာက္မွာ ကားတစ္စီး ရပ္ထားတယ္။ ကားေဘးမွာ လင္မယားႏွစ္ေယာက္ စကားေျပာေနတယ္။ ေယာက်္ားကရံုးသြားကာနီးအခ်ိန္မွာ သခင္ႏွစ္ေယာက္ကေရာက္သြားၿပီးသခင္တင္ေမာင္ကစကားစလိုက္တယ္ ” ကြ်န္ေတာ္တို ့လာတာကေတာ့…………” ေျပာစရွိေသး”မာရီလွေတာ” က သူ ့ေယာက်္ားကို……”အစ္ကို အလုပ္ကို သြားစရာရွိတာသြားေတာ့…… ကြ်န္မၾကည့္ရွင္ းလိုက္မယ္ဆိုၿပီးေတာ့…… သူ ့ေယာက်္ား ကို ကားေပၚ တင္ေပးလိုက္တယ္။ သူ႔ေယာက်္ားကားေမာင္းထြက္သြာၿပီးေတာ့မွ “ရွင္တို ့ဘာကိစၥရွိလဲ”လို ့ေမးေတာ့မွ သခင္တင္ေမာင္က ေျပာျပသည္။ “ခင္ဗ်ားေယာက်္ားဆီမွာ အဖမ္းခံဖို ့လာတာ… ကြ်န္ေတာ္တို ့ဘယ္လိုမွေျပး မလြတ္ေတာ့ဘူး… အဲ့ဒီၿဗိတိိသွ်ပုလိပ္ေတြ လက္ထဲမွာ အဖမ္း မခံခ်င္လို႔ ဗမာအခ်င္းခ်င္း အဖမ္းခံခ်င္လို ့… ခင္ဗ်ားေယာက်္ားဖမ္းမလား ဆိုၿပီးလာအပ္တာ…… ခုခင္ဗ်ားေယာက်္ားထြက္ သြားၿပီ… ခင္ဗ်ားတယ္လီဖုန္းဆကနီးစပ္ရာ ဂတ္ကို ဒါမွမဟုတ္ ခင္ဗ်ားေယာက်္ားကို ဖုန္းဆက္ၿပီးေတာ့အေၾကာင္းၾကား… ကြ်န္ေတာ္တို ့ အဖမ္းခံဖို ့အဆင္သင့္ပဲ” လို ့ေျပာခ်ိန္မွာ ..”မာရီလွေတာ” က ခဏေလးေနဦး…… ဆိုၿပီးေတာ့ အိမ္ထဲဝင္သြားတယ္။ အဲ့ဒီအခ်ိန္မွာ သခင္ႏွစ္ေယာက္က သူတို႔ ့ကို ဖုန္းဆက္ အေၾကာင္းၾကားမယ္လို ့ထင္ေနတ့ဲအခ်ိန္မွာ ခဏေလးျကာေတာ့… မာရီလွေတာျပန္ ထြက္လာတယ္။ လက္ထဲမွာကားေသာ့ေလးတစ္ေခ်ာင္းပါလာတယ္။ ၿပီးေတာ့မွဂုိေထာင္ထဲကကားတစ္စီးထုတ္လာကာ… “ရွင္တို ့ႏွစ္ေယာက္ ေနာက္ခန္းကတက္။ဝပ္ၿပီးလိုက္ခဲ့… ” ဆိုၿပီး မာရီလွေတာက အဲဒီ သခင္ႏွစ္ေယာက္ကို ျခံဝန္းထဲက ထြက္ၿပီးေတာ့ ဟသၤတၿမိဳ႔ထဲကို ျဖတ္ေမာင္းတယ္ ..ျဖတ္ေမာင္းတ့ဲအခ်ိန္မွာ စစ္ပုလိပ္ေတြက ဒါ… ရာဇဝတ္ဝန္ေထာက္ရဲ့ကားဆိုတာသိေတာ့ မရွာပါဘူး။ မရွာေတာ့ဘယ္ကို ေရာက္သြားလဲဆိုေတာ့ ဟသၤတနဲ ့ေတာ္ေတာ္ေလးလွမ္းတ့ဲ ယုန္တလင္း” ဆိုတ့ဲရြာကိုေရာက္သြားတယ္။ ယုန္တလင္း”ဆိုတ့ဲရြာမွာ ဘယ္သူရွိလဲဆိုေတာ့ ေနာင္တစ္ခ်ိိန္မွာ”အာဇာနည္ေခါင္းေဆာင္” ျဖစ္လာမ့ဲ “မန္းဘခိုင္” ရွိတယ္။ မန္းဘခိုင္ရဲ့ငွက္ေပ်ာေတာႀကီးထဲမွာ သခင္ႏွစ္ေယာက္ကို ဖြက္ေပးထားတယ္။
ဖြက္ေပးထားထားၿပီး ေနာက္တစ္ေန ့မွာ မန္းဘခိုင္က သူ ့ငွက္ေပ်ာေလွေတြထဲမွာ ငွက္ေပ်ာခိုင္ေတြနဲ႔ဖိဖိၿပီးေတာ့မွသခင္ႏွစ္ေယာက္ကိုရန္ကုန္သို ့ပို ့လိုက္တယ္။ ေနာက္တစ္ေန ့မွာ သခင္ေအာင္ဆန္းဟာ “အမိြဳင္”ကို လြတ္လပ္ေရးအတြက္ ခရီးထြက္သြားခဲ့တယ္။ ေကာင္းၿပီဘာေျပာခ်င္လဲဆိုေတာ့……”မာရီလွေတာ”ကို လူေတြသိသလား။အဲဒီ မာရီလွေတာ ရဲ့လုပ္ရပ္က ဘယ္ေလာက္အေရးႀကီးလဲ မာရီလွေတာကသာ အဖမ္းခိုင္းလိုက္ရင္ ဘာေျပာေျပာ ကြ်န္ေတာ္တို ့လြတ္လပ္ေရး ဒီေလာက္ျမန္ျမန္ရပါ့မလား ?စဥ္းစားစရာေတြမ်ားႀကီးရွိပါတယ္။အဲဒီေတာ့မာရီလွေတာဟာေကာင္းကင္မရွိတ့ဲၾကယ္မဟုတ္ဘူးလား?(ဗိုလ္ခ်ဳပ္တို ့က ေကာင္းကင္ရွိတ့ဲၾကယ္ ) ဘာလို ့ကြ်န္ေတာ္တို ့မေတြ ့ၾကရတာလဲ? အဲဒီလိုေကာင္းကင္မရွိတ့ဲ ျကယ္ေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီမွာ မွားမွန္ခဲြႏိုင္တ့ဲပညာဆိုတာကိုဘာေတြလဲဆိုေတာ့… မာရီလွေတာကသူဘာလုပ္ရမလဲလို႔စဥ္းစားတ့ဲ အခ်ိန္မွာ မွန္လား မွာလားဆိုတာ ႏွစ္ခ်က္ကိုစဥ္းစားမယ္………ဖမ္းလိုက္တာမွန္လား …လႊတ္လိုက္တာမွန္လား ဆိုတာကိုေပါ့။

“ဘယ္ေလာက္ေခတ္ဆန္ဆန္ ဘယ္ေလာက္ ဗိုလ္ဆန္ဆန္ႏွလံုးသားက ဗမာ ဗ်…… ဗမာလိုေတြးမွာပဲ ဗမာ့ လြတ္လပ္ေရးကိုႀကိဳက္မွာပဲ။ ေယာက်္ားက ဘယ္ေလာက္ပဲ ၿဗိတိသွ်ဝန္ထမ္းျဖစ္ျဖစ္ ဗမာျပည္ကိုခ်စ္မွာပဲ ။ အဲဒီအတြက္လႊတ္လိုက္တာ မွန္တယ္လို ့ သူသိတယ္။ ဒါေပမ့ဲ သူ ့ေနရာမွာ ကြ်န္ေတာ္တို ့ဝင္စဥ္းစားၾကည့္လိုက္။ လႊတ္တာမွန္မွန္းသိရင္လႊတ္ရဲမလား…လႊတ္လိုက္ရင္ ငါ့ေယာက်္ားျပဳတ္သြားမလား……ငါတို ့တိုက္ႀကီးကို လာပိတ္သြားမလား… ငါ့တို႔လင္မယားႏွစ္ေယာက္ကိုဖမ္းမလား… သူေတြးမွာပဲ။ သူမေတြးပဲမေနဘူး……အဲဒါေတြ ေတြးၿပီးေတာ့မွ… အဲဒါေတြျဖစ္ခ်င္ျဖစ္ လုပ္ရဲတယ္ဆိုၿပီး မာရီလွေတာ လုပ္သြားတာ……အဲ့ဒါအမွန္ကိုခ်စ္တာပဲ။ အဲဒါသူရဲေကာင္းပဲ။ ကြ်န္ေတာ္တို႔ကမာရီလွေတာလိုမလုပ္ရဲလို႔မလုပ္ခ့ဲရတာေတြ အမ်ားႀကီး။ ဒါဆိုရင္မာရီလွေတာဟာလည္းသူရဲေကာင္းအမ်ိဳးသမီးတစ္ေယာက္ပါလို႔ဆိုခ်င္ပါတယ္။ ဒီလို သူရဲေကာင္းမ်ိဳးကို မသိၾကေသးတဲ့ ပရိသတ္ၾကီးအတြက္ ျမန္မာ့လြတ္လပ္ေရးသမိုင္းစာအုပ္မ်ားမွ ျပန္လည္ကိုးကားတင္ျပလိုက္ပါတယ္။
မသိေသးတဲ့ပရိသတ္ျကီးကိုလည္း ျပန္လည္မ်ွေ၀ေပးျကဖို႕ ေမွ်ာ္လင့္ပါတယ္....။
Image may contain: 2 people, people smiling, textImage may contain: 1 person, closeup

<< Unicode >>
ဗိုလ်ချုပ်ရုပ်ရှင်တွင် “မိုးဟေကို” သရုပ်ဆောင်မယ့် သူရဲကောင်းမလေး “မာရီလှတော” ရဲ့ အကြောင်း
Friday, September 27, 2019

ဗိုလ်ချုပ်ရုပ်ရှင် နဲ့ပတ်သက်ပြီး သရုပ်ဆောင်တွေကိုရွေးချယ်ပြီးတဲ့နောက်မှာ ယနေ့ခေတ် လူငယ်တွေနဲ့ အနည်းငယ်စိမ်းနေတဲ့ မာရီလှတော ဆိုတဲ့ဇာတ်ရုပ်နဲ့ပတ်သက်ပြီး ပြောပြချင်ပါတယ်။ ဒီမာရီလှတောဆိုတဲ့ အမျိုးသမီးရဲ့ နေရာမှာ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မိုးဟေကိုကပါဝင် သရုပ်ဆောင်သွားမှာကိုလည်း အားလုံးအသိပါပဲ။ မာရီလှတောဆိုတာ ဘယ်လိုသူရဲကောင်းမျိုးလည်းဆိုတာကို ချပြချင်တာပဲဖြစ်ပါတယ်။
အောင်ဆန်းရုပ်ရှင်ရဲ့အခြားသော လွတ်လပ်ရေး ဖခင်ကြီးတွေကို အများသိကြပြီး သမိုင်းကြောင်းလေ့လာသူတွေနဲ့ လွတ်လပ်ရေးကို စိတ်ဝင်စားသူတွေ သာသိကြပြီး လူကြီးပိုင်းတွေသာ ရင်းနှီးတဲ့ ဗိုလ်ချုပ်ရဲ့ အသက်ကို ကယ်ပေးခဲ့ဖူးတဲ့ မာရီယိုရဲ့ အကြောင်းကို လေ့လာတွေ့ရှိချက်တွေ ထဲက ကောက်နှုတ်ဖော်ပြပေးချင်ပါတယ်။
၁၉၄၀ _ ၄၁ လွတ်လပ်ရေးမရခင်မှာ ဒို့ဗမာအစည်းရုံးဖွဲ့ပြီး သခင်တွေလွတ်လပ်ရေးရဖို့ကြိုးစားနေတဲ့ အချိန်။ လွတ်လပ်ရေးရဖို့တွက်တရားဟောတဲ့ သခင်နု နဲ့ သခင်သန်းထွန်း ရန်ကုန်မှာအဖမ်းခံတယ်။ တစ်ချိန်တည်းမှာ သခင်အောင်ဆန်း နဲ့(ကျုံမငေး)သခင်တင်မောင် ကဟင်္သတမှာ တရားသွားဟောနေတယ်။ တရားနေတဲ့အချိန်မှာလည်း… သခင်အောင်ဆန်းကို ဆုငွေထုတ်ပြီးတရားပွဲက ဆင်းတာနဲ့ ဝင်ဖမ်းမှာဖြစ်တယ်။ ဒါ့ကြောင့်ဗြိတိသျှပုလိပ်တွေ တရားပွဲကိုလာဝိုင်းတယ်။ ဝိုင်းတာလဲသိရော… တရားပွဲထဲကနေ သခင်အောင်ဆန်းနဲ့ (ကျုံမငေး)သခင်တင်မောင် က အဲ့ဒီလူအုပ်ထဲကနေထွက်ပြီး လမ်းမပေါ်ရောက်သွားတယ်။ လမ်းမပေါ်ရောက်ပြီးထွက်ပြေးမယ်လုပ်တော့ လမ်းမတိုင်း လမ်းမတိုင်းမှာ ဗြိတိသျှပုလိပ်တွေရှိနေတော့ဘယ်မှပြေးမလွတ်တောဘူး။ ပြေးမလွတ်တဲ့အချိန်ကျတော့မှ သခင်တင်မောင်က အကြံပေးတယ်။ “ကျွန်တော်တို့လူမျိုးခြားအဖမ်းတော့မခံဘူး။ ကျွန်တော်တို့ဗမာအချင်းချင်းဖမ်းချင်ဖမ်းပါစေ” ဆိုပြီး ..အဲ့ဒီအချိန်မှာ ဟင်္သတရဲ့ ရာဇဝတ်ဝန်ထောက်က မစ္စတာဇေးဗီးယား ဒုတိယရာဇဝတ်ဝန်ထောက်ကဦးလှတော(ဗမာလူမျိုး) ဦးလှတောကICSတကယ့်ဗြိတိသျှအစိုးရက လူယုံအနေနဲ့ခန့်ထားတဲ့ ဒုတိယအကြီးဆုံးရာဇဝတ်ဝန်ထောက်။ ဦးလှတောရဲ့မိန်းကလေးက… ဇနီးသည်လေးက…… ” အင်မတန်ချော… အင်မတန်လှ… အင်မတန် အသက်ငယ်ပြီးတော့ ဗမာတွေမျက်စေ့ထဲမှာကြည့်မရထောင့်မကျိုး… ဗိုလ်ဆန်တဲ့ကလေးမလေး” နာမည်ကိုက ယောကျ်ားရပြီးတာနဲ့ “မာရီလှတော” ဆိုပြီးတော့ ..နာမည်ပြောင်းထားတဲ့ ကလေးမလေး။ အဲ့ဒီအိမ်က သခင် အောင်ဆန်း နဲ့ (ကျုံမငေး)သခင် တင်မောင် ရောက်နေတဲ့နေရာနဲ့နီးတယ်။နီးတော့အဲဒီ ခြံဝန်းထဲကို ဝင်သွားတယ်။ ဝင်သွားတဲ့အချိန်မှာတိုက်ရဲ့ဆင်ဝင်အာက်မှာ ကားတစ်စီး ရပ်ထားတယ်။ ကားဘေးမှာ လင်မယားနှစ်ယောက် စကားပြောနေတယ်။ ယောကျ်ားကရုံးသွားကာနီးအချိန်မှာ သခင်နှစ်ယောက်ကရောက်သွားပြီးသခင်တင်မောင်ကစကားစလိုက်တယ် ” ကျွန်တော်တို့လာတာကတော့…………” ပြောစရှိသေး”မာရီလှတော” က သူ့ယောကျ်ားကို……”အစ်ကို အလုပ်ကို သွားစရာရှိတာသွားတော့…… ကျွန်မကြည့်ရှင် းလိုက်မယ်ဆိုပြီးတော့…… သူ့ယောကျ်ား ကို ကားပေါ် တင်ပေးလိုက်တယ်။ သူ့ယောကျ်ားကားမောင်းထွက်သွာပြီးတော့မှ “ရှင်တို့ဘာကိစ္စရှိလဲ”လို့မေးတော့မှ သခင်တင်မောင်က ပြောပြသည်။ “ခင်ဗျားယောကျ်ားဆီမှာ အဖမ်းခံဖို့လာတာ… ကျွန်တော်တို့ဘယ်လိုမှပြေး မလွတ်တော့ဘူး… အဲ့ဒီဗြိတိသျှပုလိပ်တွေ လက်ထဲမှာ အဖမ်း မခံချင်လို့ ဗမာအချင်းချင်း အဖမ်းခံချင်လို့… ခင်ဗျားယောကျ်ားဖမ်းမလား ဆိုပြီးလာအပ်တာ…… ခုခင်ဗျားယောကျ်ားထွက် သွားပြီ… ခင်ဗျားတယ်လီဖုန်းဆကနီးစပ်ရာ ဂတ်ကို ဒါမှမဟုတ် ခင်ဗျားယောကျ်ားကို ဖုန်းဆက်ပြီးတော့အကြောင်းကြား… ကျွန်တော်တို့ အဖမ်းခံဖို့အဆင်သင့်ပဲ” လို့ပြောချိန်မှာ ..”မာရီလှတော” က ခဏလေးနေဦး…… ဆိုပြီးတော့ အိမ်ထဲဝင်သွားတယ်။ အဲ့ဒီအချိန်မှာ သခင်နှစ်ယောက်က သူတို့ကို ဖုန်းဆက် အကြောင်းကြားမယ်လို့ထင်နေတဲ့အချိန်မှာ ခဏလေးကြာတော့… မာရီလှတောပြန် ထွက်လာတယ်။ လက်ထဲမှာကားသော့လေးတစ်ချောင်းပါလာတယ်။ ပြီးတော့မှဂိုထောင်ထဲကကားတစ်စီးထုတ်လာကာ… “ရှင်တို့နှစ်ယောက် နောက်ခန်းကတက်။ဝပ်ပြီးလိုက်ခဲ့… ” ဆိုပြီး မာရီလှတောက အဲဒီ သခင်နှစ်ယောက်ကို ခြံဝန်းထဲက ထွက်ပြီးတော့ ဟင်္သတမြို့ထဲကို ဖြတ်မောင်းတယ် ..ဖြတ်မောင်းတဲ့အချိန်မှာ စစ်ပုလိပ်တွေက ဒါ… ရာဇဝတ်ဝန်ထောက်ရဲ့ကားဆိုတာသိတော့ မရှာပါဘူး။ မရှာတော့ဘယ်ကို ရောက်သွားလဲဆိုတော့ ဟင်္သတနဲ့တော်တော်လေးလှမ်းတဲ့ ယုန်တလင်း” ဆိုတဲ့ရွာကိုရောက်သွားတယ်။ ယုန်တလင်း”ဆိုတဲ့ရွာမှာ ဘယ်သူရှိလဲဆိုတော့ နောင်တစ်ချိန်မှာ”အာဇာနည်ခေါင်းဆောင်” ဖြစ်လာမဲ့ “မန်းဘခိုင်” ရှိတယ်။ မန်းဘခိုင်ရဲ့ငှက်ပျောတောကြီးထဲမှာ သခင်နှစ်ယောက်ကို ဖွက်ပေးထားတယ်။
ဖွက်ပေးထားထားပြီး နောက်တစ်နေ့မှာ မန်းဘခိုင်က သူ့ငှက်ပျောလှေတွေထဲမှာ ငှက်ပျောခိုင်တွေနဲ့ဖိဖိပြီးတော့မှသခင်နှစ်ယောက်ကိုရန်ကုန်သို့ပို့လိုက်တယ်။ နောက်တစ်နေ့မှာ သခင်အောင်ဆန်းဟာ “အမွိုင်”ကို လွတ်လပ်ရေးအတွက် ခရီးထွက်သွားခဲ့တယ်။ ကောင်းပြီဘာပြောချင်လဲဆိုတော့……”မာရီလှတော”ကို လူတွေသိသလား။အဲဒီ မာရီလှတော ရဲ့လုပ်ရပ်က ဘယ်လောက်အရေးကြီးလဲ မာရီလှတောကသာ အဖမ်းခိုင်းလိုက်ရင် ဘာပြောပြော ကျွန်တော်တို့လွတ်လပ်ရေး ဒီလောက်မြန်မြန်ရပါ့မလား ?စဉ်းစားစရာတွေများကြီးရှိပါတယ်။အဲဒီတော့မာရီလှတောဟာကောင်းကင်မရှိတဲ့ကြယ်မဟုတ်ဘူးလား?(ဗိုလ်ချုပ်တို့က ကောင်းကင်ရှိတဲ့ကြယ် ) ဘာလို့ကျွန်တော်တို့မတွေ့ကြရတာလဲ? အဲဒီလိုကောင်းကင်မရှိတဲ့ ကြယ်တွေ အများကြီးရှိပါတယ်။ အဲဒီမှာ မှားမှန်ခွဲနိုင်တဲ့ပညာဆိုတာကိုဘာတွေလဲဆိုတော့… မာရီလှတောကသူဘာလုပ်ရမလဲလို့စဉ်းစားတဲ့ အချိန်မှာ မှန်လား မှာလားဆိုတာ နှစ်ချက်ကိုစဉ်းစားမယ်………ဖမ်းလိုက်တာမှန်လား …လွှတ်လိုက်တာမှန်လား ဆိုတာကိုပေါ့။

“ဘယ်လောက်ခေတ်ဆန်ဆန် ဘယ်လောက် ဗိုလ်ဆန်ဆန်နှလုံးသားက ဗမာ ဗျ…… ဗမာလိုတွေးမှာပဲ ဗမာ့ လွတ်လပ်ရေးကိုကြိုက်မှာပဲ။ ယောကျ်ားက ဘယ်လောက်ပဲ ဗြိတိသျှဝန်ထမ်းဖြစ်ဖြစ် ဗမာပြည်ကိုချစ်မှာပဲ ။ အဲဒီအတွက်လွှတ်လိုက်တာ မှန်တယ်လို့ သူသိတယ်။ ဒါပေမဲ့ သူ့နေရာမှာ ကျွန်တော်တို့ဝင်စဉ်းစားကြည့်လိုက်။ လွှတ်တာမှန်မှန်းသိရင်လွှတ်ရဲမလား…လွှတ်လိုက်ရင် ငါ့ယောကျ်ားပြုတ်သွားမလား……ငါတို့တိုက်ကြီးကို လာပိတ်သွားမလား… ငါ့တို့လင်မယားနှစ်ယောက်ကိုဖမ်းမလား… သူတွေးမှာပဲ။ သူမတွေးပဲမနေဘူး……အဲဒါတွေ တွေးပြီးတော့မှ… အဲဒါတွေဖြစ်ချင်ဖြစ် လုပ်ရဲတယ်ဆိုပြီး မာရီလှတော လုပ်သွားတာ……အဲ့ဒါအမှန်ကိုချစ်တာပဲ။ အဲဒါသူရဲကောင်းပဲ။ ကျွန်တော်တို့ကမာရီလှတောလိုမလုပ်ရဲလို့မလုပ်ခဲ့ရတာတွေ အများကြီး။ ဒါဆိုရင်မာရီလှတောဟာလည်းသူရဲကောင်းအမျိုးသမီးတစ်ယောက်ပါလို့ဆိုချင်ပါတယ်။ ဒီလို သူရဲကောင်းမျိုးကို မသိကြသေးတဲ့ ပရိသတ်ကြီးအတွက် မြန်မာ့လွတ်လပ်ရေးသမိုင်းစာအုပ်များမှ ပြန်လည်ကိုးကားတင်ပြလိုက်ပါတယ်။
မသိသေးတဲ့ပရိသတ်ကြီးကိုလည်း ပြန်လည်မျှဝေပေးကြဖို့ မျှော်လင့်ပါတယ်....။

0 comments:

Post a Comment