Thursday, September 26, 2019

ခ်န္ႏိုင္းဆိပ္ကမ္းတြင္ အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕ ကင္းလွည့္ေရယာဥ္ တပ္ေတာ္၀င္အခမ္းအနား ျပဳလုပ္

Image may contain: one or more people and people standingNo photo description available.

၁။ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၅ ရက္ေန႔တြင္ အိႏၵိယႏိုင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Defense Minister Rajnath Singh သည္ အိႏၵိယကမ္းေျခေစာင့္တပ္ဖြဲ႕ ကင္းလွည့္ေရယာဥ္တစ္စီးျဖစ္သည့္ Coast Guard offshore patrol vessel 'Varaha' ကို တပ္ေတာ္၀င္အခမ္းအနားအား အိႏၵိယႏိုင္ငံ၊ ခ်န္ႏိုင္းဆိပ္ကမ္းတြင္ ျပဳလုပ္ေပးခဲ့ပါသည္။
၂။ အဆိုပါ ကမ္းေျခေစာင့္သေဘၤာအေနျဖင့္ ျပည္တြင္းတည္ေဆာက္ေရးလုပ္ငန္းတစ္ခုျဖစ္တဲ့ HAL က တည္ေဆာက္တဲ့ twin engine ALH Helicopter ကို တင္ေဆာင္ထားႏိုင္မည္ျဖစ္ၿပီး ေရယာဥ္တည္ေဆာက္ေရးကိုေတာ့ L&T ကေန တည္ေဆာက္ေပးခဲ့ျခင္းျဖစ္ပါတယ္။ ကမ္းေျခေစာင့္ေရယာဥ္ Varaha ကို Commandant Dushyant Kumar က ဦးေဆာင္မွာျဖစ္ၿပီး အရာရွိ ၁၄ ဦး၊ တပ္ဖြဲ႕၀င္ ၈၉ ဦး လိုက္ပါတာ၀န္ထမ္းေဆာင္မွာျဖစ္ပါတယ္။ အေျခစိုက္ထားရွိမဲ့ေနရာကေတာ့ New Mangalore မွာျဖစ္ၿပီး အိႏၵိယႏိုင္ငံ၊ အေနာက္ပိုင္းေဒသကြပ္ကဲမႈဌာနခ်ုပ္ Coast Guard Commander (West) Region ရဲ႕ အုပ္ခ်ဳပ္ ႀကီးၾကပ္ကြပ္ကဲမႈေအာက္မွာထားမွာျဖစ္ပါသည္။
၃။'Varaha' ဟာ ၉၈ မီတာ အလ်ားရွိတဲ့ ကမ္းလြန္ကင္းလွည့္ေရယာဥ္အမ်ိဳးအစားျဖစ္ၿပီး စုစုေပါင္း ၇ စီး တည္ေဆာက္အသံုးျပဳသြားမွာျဖစ္ပါတယ္။ Varaha က ၄ စီးေျမာက္ျဖစ္ပါတယ္။ ျပည္တြင္းေရယာဥ္တည္ေဆာက္ေရးလုပ္ငန္းျဖစ္တဲ့ Larsen & Toubro (L&T) က တည္ေဆာက္ပါတယ္။ ဒီဇယ္အင္ဂ်င္ ၂ လံုး တပ္ဆင္ထားၿပီး ၃၀မမ စက္အေျမာက္ႀကီး တစ္လက္၊ လက္နက္ထိန္းခ်ဳပ္ပစ္ခတ္မႈစနစ္နဲ႔ ပစ္ခတ္တဲ့ ၁၂.၇မမ စက္အေျမာက္ ၂ လက္တို႔ကို တပ္ဆင္ထားရွိပါတယ္။ twin-engine helicopter တစ္စီးကိုလည္း တင္ေဆာင္ထားႏိုင္ပါတယ္။ ပင္လယ္ျပင္ ေရထုညစ္ညမ္းမႈ ထိန္းသိမ္းေရးတာ၀န္ကိုပါ ထမ္းေဆာင္ႏိုင္ပါသည္။
၄။ 'Varaha' မွာဆိုရင္ ေခတ္မီ ေစာင့္ၾကည့္ေထာက္လွမ္းေရးစနစ္ modern surveillance systems ၊ ေရယာဥ္ကိုင္တြယ္ထိန္းခ်ဳပ္မႈစနစ္ Integrated Bridge System ၊ စြမ္းအားျမင့္ မီးၿငိမ္းသတ္ ထိန္းခ်ဳပ္မႈစနစ္ high power external firefighting system ၊ Automated power management system, Help Traversing System တို႔ကို တပ္ဆင္ထားပါတယ္။ ပင္လယ္ေရေၾကာင္း ကူးသန္းသြားလာမႈ လံုၿခံဳေရးဆိုင္ရာ တာ၀န္မ်ားႏွင့္အတူ ပင္လယ္ေရေၾကာင္း အၾကမ္းဖက္မႈရန္မွ ကာကြယ္ေရး၊ မူးယစ္ေဆး၀ါး တရားမ၀င္ သယ္ေဆာင္ေရာင္း၀ယ္မႈ ႏွိမ္နင္းေရး၊ ေရယာဥ္မ်ား ပင္လယ္ျပင္တြင္ မေတာ္တဆမႈမ်ားျဖစ္ပြားျခင္း၊ ပင္လယ္ျပင္ေရထုညစ္ညမ္းမႈအား ကာကြယ္ထိန္းသိမ္း ရွင္းလင္းျခင္း အစရွိတဲ့တာ၀န္ေတြကို ထမ္းေဆာင္သြားမွာျဖစ္ပါသည္။
Image may contain: 1 person, standing

<<Unicode>>
ချန်နိုင်းဆိပ်ကမ်းတွင် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ကင်းလှည့်ရေယာဉ် တပ်တော်ဝင်အခမ်းအနား ပြုလုပ်
Friday, September 27, 2019

၁။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Defense Minister Rajnath Singh သည် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ ကင်းလှည့်ရေယာဉ်တစ်စီးဖြစ်သည့် Coast Guard offshore patrol vessel 'Varaha' ကို တပ်တော်ဝင်အခမ်းအနားအား အိန္ဒိယနိုင်ငံ၊ ချန်နိုင်းဆိပ်ကမ်းတွင် ပြုလုပ်ပေးခဲ့ပါသည်။
၂။ အဆိုပါ ကမ်းခြေစောင့်သင်္ဘောအနေဖြင့် ပြည်တွင်းတည်ဆောက်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ HAL က တည်ဆောက်တဲ့ twin engine ALH Helicopter ကို တင်ဆောင်ထားနိုင်မည်ဖြစ်ပြီး ရေယာဉ်တည်ဆောက်ရေးကိုတော့ L&T ကနေ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ကမ်းခြေစောင့်ရေယာဉ် Varaha ကို Commandant Dushyant Kumar က ဦးဆောင်မှာဖြစ်ပြီး အရာရှိ ၁၄ ဦး၊ တပ်ဖွဲ့ဝင် ၈၉ ဦး လိုက်ပါတာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ အခြေစိုက်ထားရှိမဲ့နေရာကတော့ New Mangalore မှာဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ အနောက်ပိုင်းဒေသကွပ်ကဲမှုဌာနချုပ် Coast Guard Commander (West) Region ရဲ့ အုပ်ချုပ် ကြီးကြပ်ကွပ်ကဲမှုအောက်မှာထားမှာဖြစ်ပါသည်။
၃။'Varaha' ဟာ ၉၈ မီတာ အလျားရှိတဲ့ ကမ်းလွန်ကင်းလှည့်ရေယာဉ်အမျိုးအစားဖြစ်ပြီး စုစုပေါင်း ၇ စီး တည်ဆောက်အသုံးပြုသွားမှာဖြစ်ပါတယ်။ Varaha က ၄ စီးမြောက်ဖြစ်ပါတယ်။ ပြည်တွင်းရေယာဉ်တည်ဆောက်ရေးလုပ်ငန်းဖြစ်တဲ့ Larsen & Toubro (L&T) က တည်ဆောက်ပါတယ်။ ဒီဇယ်အင်ဂျင် ၂ လုံး တပ်ဆင်ထားပြီး ၃၀မမ စက်အမြောက်ကြီး တစ်လက်၊ လက်နက်ထိန်းချုပ်ပစ်ခတ်မှုစနစ်နဲ့ ပစ်ခတ်တဲ့ ၁၂.၇မမ စက်အမြောက် ၂ လက်တို့ကို တပ်ဆင်ထားရှိပါတယ်။ twin-engine helicopter တစ်စီးကိုလည်း တင်ဆောင်ထားနိုင်ပါတယ်။ ပင်လယ်ပြင် ရေထုညစ်ညမ်းမှု ထိန်းသိမ်းရေးတာဝန်ကိုပါ ထမ်းဆောင်နိုင်ပါသည်။
၄။ 'Varaha' မှာဆိုရင် ခေတ်မီ စောင့်ကြည့်ထောက်လှမ်းရေးစနစ် modern surveillance systems ၊ ရေယာဉ်ကိုင်တွယ်ထိန်းချုပ်မှုစနစ် Integrated Bridge System ၊ စွမ်းအားမြင့် မီးငြိမ်းသတ် ထိန်းချုပ်မှုစနစ် high power external firefighting system ၊ Automated power management system, Help Traversing System တို့ကို တပ်ဆင်ထားပါတယ်။ ပင်လယ်ရေကြောင်း ကူးသန်းသွားလာမှု လုံခြုံရေးဆိုင်ရာ တာဝန်များနှင့်အတူ ပင်လယ်ရေကြောင်း အကြမ်းဖက်မှုရန်မှ ကာကွယ်ရေး၊ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု နှိမ်နင်းရေး၊ ရေယာဉ်များ ပင်လယ်ပြင်တွင် မတော်တဆမှုများဖြစ်ပွားခြင်း၊ ပင်လယ်ပြင်ရေထုညစ်ညမ်းမှုအား ကာကွယ်ထိန်းသိမ်း ရှင်းလင်းခြင်း အစရှိတဲ့တာဝန်တွေကို ထမ်းဆောင်သွားမှာဖြစ်ပါသည်။
Ref-#oneindi

0 comments:

Post a Comment