Thursday, September 26, 2019

မုဒိမ္းဇာတ္ေကာင္ထဲက တစ္ေယာက္ အပါအဝင္ျဖစ္တဲ့ မ်ိဳးလႈိင္ဝင္းက သင္ဇာ့ကို စကားမေျပာရဲေသးဘူးဟု ဆို

Image may contain: 1 person, smiling

မ်ိဳးလႈိင္ဝင္း ကေတာ့ ‘’ျမ’’႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္လာမယ့္ မုဒိမ္းဇာတ္ေကာင္ထဲက တစ္ေယာက္ အပါအဝင္ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ သင္ဇာဝင့္ေက်ာ္လည္း ပါဝင္သြားမွာပါ။ ဒါေပမယ့္ အခုခ်ိန္ထိ သင္ဇာ့ကို စကားမေျပာရဲေသးဘူးလို႔ ေျပာျပခဲ့ပါတယ္။ သူ႔ျမင္ေနရရင္ကို စကားလည္းမေျပာရဲဘူး၊ သြားလည္းမႏႈတ္ဆက္ရဲဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္ထက္ အဆင့္ရွိတယ္လို႔ ခံစားရလို႔ ကိုယ့္ကိုယ္ကိုယ္ ခ်ိဳးႏွိမ္ထားတာပဲ ျဖစ္ျဖစ္သြားမေျပာရဲတာေပါ့။ ဘယ္လိုေျပာရမလဲ ရွိန္တယ္ဗ်ာ။ ကိုယ့္ထက္ စီနီယာေတြလည္းျဖစ္တယ္၊ Perfect ျဖစ္တဲ့အတြက္ စကားသြားေျပာရမွာ ဝင္တိုးရမွာေတြ မလုပ္ရဲဘူးဗ်ာ’’လို႔ သူကဆိုပါတယ္။

မ်ိဳးလႈိင္ဝင္းဟာ ျမ ႐ုပ္ရွင္ဇာတ္ကားအတြက္ မုဒိမ္းဇာတ္ေကာင္ေ႐ြးခ်ယ္ပြဲမွာ သ႐ုပ္ျပခဲ့တဲ့ ပုံစံ ဗီဒီယိုဖိုင္ဟာ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔ ခဲ့တာျဖစ္ပါတယ္။ ဒီလို ပ်ံ႕ႏွံ႔ခဲ့ခ်ိန္မွာ ေဝဖန္မႈမ်ားစြာႀကဳံေတြ႕ခဲ့ရသူပါ။ ဒီ ေဝဖန္မႈေတြ အေပၚမွာလည္း သူက ရင္ဖြင့္စကားဆိုလာပါေသးတယ္။ အႏုပညာဆိုတာကေတာ့ သ႑ာန္လုပ္ရင္ သ႐ုပ္တူရမယ္ေပါ့ေနာ္။ အဲဒီေတာ့ ကိုယ္က Mood ထည့္လိုက္တယ္။ လူတစ္ဖက္သားကို အႏိုင္က်င့္ေတာ့မယ္ဆိုရင္ ကိုယ့္မ်က္ႏွာ အေနအထားက အက်င့္ယုတ္တဲ့ ပုံစံလုပ္ရမွာေလ။ အဲဒီအခ်ိန္မွာ ကိုယ္က ယဥ္ေက်းေနလို႔ မရေတာ့ဘူးေလ။ အဲဒီပုံစံတူေအာင္ အိုက္တင္ကို ႀကိဳးစားသ႐ုပ္ေဆာင္ျပခဲ့ရတာပါ’’ လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။
အဲဒီေနာက္ မုဒိမ္းဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ မ်ိဳးလႈိင္ဝင္းရဲ႕ ဇနီးကလည္း အားေပးခဲ့တယ္လို႔ဆိုပါတယ္။ ခင္ပြန္းျဖစ္သူရဲ႕ အလုပ္တိုင္းကို နားလည္ေပးတဲ့ သူပါလို႔ မ်ိဳးလႈိင္ဝင္းက ဆိုပါတယ္။
မ်ိဳးလႈိင္ဝင္းက မႏၲေလးသားတစ္ေယာက္ျဖစ္ပါတယ္။ သူ႔ကိုေတာ့ ပရိသတ္ေတြက Tik Tok ဗီဒီယိုေလးေတြကေနတဆင့္ ပရိသတ္ေတြ စတင္သိရွိခဲ့ၾကတာပါ။ အဲဒီေနာက္မွာေတာ့ ဒါ႐ိုက္တာ ညိဳမင္းလြင္ရဲ႕ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့တာေတြ႕ရပါတယ္။ အခုဆိုရင္ေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ိုက္ခြင့္ရတဲ့အထိ ေအာင္ျမင္လာခဲ့ၿပီျဖစ္ပါတယ္။
Image may contain: 1 person, sitting
<<unicode>>
မုဒိမ်းဇာတ်ကောင်ထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ မျိုးလှိုင်ဝင်းက သင်ဇာ့ကို စကားမပြောရဲသေးဘူးဟု ဆို
Thursday, September 26, 2019

မျိုးလှိုင်ဝင်း ကတော့ ‘’မြ’’ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်လာမယ့် မုဒိမ်းဇာတ်ကောင်ထဲက တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သင်ဇာဝင့်ကျော်လည်း ပါဝင်သွားမှာပါ။ ဒါပေမယ့် အခုချိန်ထိ သင်ဇာ့ကို စကားမပြောရဲသေးဘူးလို့ ပြောပြခဲ့ပါတယ်။ သူ့မြင်နေရရင်ကို စကားလည်းမပြောရဲဘူး၊ သွားလည်းမနှုတ်ဆက်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ထက် အဆင့်ရှိတယ်လို့ ခံစားရလို့ ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်ထားတာပဲ ဖြစ်ဖြစ်သွားမပြောရဲတာပေါ့။ ဘယ်လိုပြောရမလဲ ရှိန်တယ်ဗျာ။ ကိုယ့်ထက် စီနီယာတွေလည်းဖြစ်တယ်၊ Perfect ဖြစ်တဲ့အတွက် စကားသွားပြောရမှာ ဝင်တိုးရမှာတွေ မလုပ်ရဲဘူးဗျာ’’လို့ သူကဆိုပါတယ်။
မျိုးလှိုင်ဝင်းဟာ မြ ရုပ်ရှင်ဇာတ်ကားအတွက် မုဒိမ်းဇာတ်ကောင်ရွေးချယ်ပွဲမှာ သရုပ်ပြခဲ့တဲ့ ပုံစံ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ ခဲ့တာဖြစ်ပါတယ်။ ဒီလို ပျံ့နှံ့ခဲ့ချိန်မှာ ဝေဖန်မှုများစွာကြုံတွေ့ခဲ့ရသူပါ။ ဒီ ဝေဖန်မှုတွေ အပေါ်မှာလည်း သူက ရင်ဖွင့်စကားဆိုလာပါသေးတယ်။ အနုပညာဆိုတာကတော့ သဏ္ဍာန်လုပ်ရင် သရုပ်တူရမယ်ပေါ့နော်။ အဲဒီတော့ ကိုယ်က Mood ထည့်လိုက်တယ်။ လူတစ်ဖက်သားကို အနိုင်ကျင့်တော့မယ်ဆိုရင် ကိုယ့်မျက်နှာ အနေအထားက အကျင့်ယုတ်တဲ့ ပုံစံလုပ်ရမှာလေ။ အဲဒီအချိန်မှာ ကိုယ်က ယဉ်ကျေးနေလို့ မရတော့ဘူးလေ။ အဲဒီပုံစံတူအောင် အိုက်တင်ကို ကြိုးစားသရုပ်ဆောင်ပြခဲ့ရတာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
အဲဒီနောက် မုဒိမ်းဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့အတွက် မျိုးလှိုင်ဝင်းရဲ့ ဇနီးကလည်း အားပေးခဲ့တယ်လို့ဆိုပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ အလုပ်တိုင်းကို နားလည်ပေးတဲ့ သူပါလို့ မျိုးလှိုင်ဝင်းက ဆိုပါတယ်။
မျိုးလှိုင်ဝင်းက မန္တလေးသားတစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေက Tik Tok ဗီဒီယိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ ဒါရိုက်တာ ညိုမင်းလွင်ရဲ့ သရုပ်ဆောင်ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာတွေ့ရပါတယ်။ အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ခွင့်ရတဲ့အထိ အောင်မြင်လာခဲ့ပြီဖြစ်ပါတယ်။

0 comments:

Post a Comment