Wednesday, September 25, 2019




No photo description available.
No photo description available.
No photo description available.
No photo description available.
Image may contain: one or more people
No photo description available.
No photo description available.
<Unicode>
မွန်ပြည်နယ်၊ ပေါင်မြို့ အ.ထ.က (ခွဲ) ကျားဘိုစာသင်ကျောင်း မျက်နှာကျက်များနှင့် သံတန်းများပြိုကျမှုဖြစ်ပွား
Thursday, September 26, 2019

စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မွန်ပြည် နယ်၊ ပေါင်မြို့၊ အ.ထ.က (ခွဲ) ကျားဘိုစာသင်ကျောင်းတွင် မျက်နှာကျက်များနှင့် သံတန်းများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါကျောင်းအား တည်ဆောက်ခဲ့သည်မှာ ၃ နှစ်စွန်းစွန်းလေးသာ ရှိကြောင်းသိရသည်။ ကျောင်းသူ/သားများ ဒဏ်ရာ အနည်းအငယ်သာ ရရှိပေမယ့် စာသင်နေချိန်အတွင်း ဖြစ်ပွားသောကြောင့် ဖရိုဖရဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
နောက်ထပ် နဝမတန်းနှင့် ဒသမတန်း စာသင်ခန်းများ၏ မျက်နှာကျက်များလည်း အန္တရာယ်ရှိနေပါကြောင်း သိရသည်။
ကျောင်းတည်ဆောက်မှု နှစ်အနည်းအငယ်အတွင်း ပြိုကျပျက်စီးမှုများဖြစ်တပြီး တာဝန်သိတဲ့ ပုဂ္ဂိုလ်များ ကျောင်းသားတွေရဲ့ အန္တရာယ်ကိုအလေး ထားပြီး လာရောက် ကြည့်ရှုပြီး၊ အကြံပြုစေ၊ ကူညီစေချင်ပါတယ်... ပြီးစလွယ်လုပ်တဲ့သူတွေ၊ စစ်ဆေးတာဝန်ယူတဲ့ သူတွေ အားလုံးမှာ တာဝန်ရှိပါတယ်. နိုင်ငံတော်က လုံလောက်တဲ့ ငွေကြေးပေးပြီးသော်လည်း တာဝန်မကျေတဲ့သူတွေကြောင့်အခုလိုဖြစ်ရတာလို့ ယူဆပါတယ်ဘယ်သူ့မှာ တာဝန်ရှိလဲလို့လည်း ကျောင်းသားတစ်ဦးမှ ပြောကြားထား ကြောင်း သတင်းရရှိသည်။
#Inthiran_Thein #Myanmar_Online_News #မွန်ပြည်နယ်

0 comments:

Post a Comment