Monday, September 23, 2019

ရန္ကုန္ၿမိဳ႕တြင္ ခိုစာေကြ်းသူမ်ားကို အေရးယူေတာ့မည္

Image may contain: outdoor

ရန္ကုန္ၿမိဳ႕တြင္းရွိ ခိုစာေရာင္းခ်ေနသူမ်ားနွင့္ ခိုစာေကြၽးသူမ်ားကို ပေပ်ာက္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တိရစၧာန္ေဆးကုႏွင့္ အသားထုတ္လုပ္ေရးမ်ားဌာနမွ ဌာနမွဴး ဦးမင္းေအာင္က ယေန႔ စက္တင္ဘာလ၂၃ ရက္တြင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၌ ျပဳလုပ္သည့္ စည္ပင္သတင္းစာရွင္းလင္းပြဲတြင္ ၎က ေျပာၾကားခဲ့ျခင္းျဖစ္သည္။

" အခုဆို ၿမိဳ႕လယ္ေခါင္မွာ အစာေတြေကြၽးေနတယ္။ အဲ့ေနရာမွာ မေကြၽးပါနဲ႔ မေကြၽးရင္ ဒီခိုမရွိေတာ့ပါဘူး။ တခ်ိဳ႕ေနရာေတြမွာ ခိုစာေကြၽးလို႔သာ ခိုေတြက အဲ့ေနရာမွာ စုၿပီးေတာ့ ေနေနတာပါ။ က်န္းမာေရး အတြက္ပါ။ ဒါေၾကာင့္ ျမိဳ႕နယ္တိုင္းမွာ ခိုစာေရာင္းတဲ့သူေတြ ေပ်ာက္ကြယ္သြားေအာင္ ေဆာင္႐ြက္မယ္။ ေနာက္ ခိုစာေကြၽးတဲ့သူေတြ ပေပ်ာက္သြားေအာင္ လုပ္မယ္"ဟု ၎ကေျပာသည္။
လာမည့္ပတ္မွစ၍ ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္တိုင္းတြင္ ခိုစာမေကြၽးရန္ ဗီနိုင္းမ်ား ကပ္သြားမည္ျဖစ္ၿပီး ပထမအဆင့္အေနျဖင့္ စည္းရံုးျခင္း ၊ ဒုတိယအေနျဖင့္ သတိေပးျခင္းနွင့္ ေနာက္ဆံုးအဆင့္ အေနျဖင့္ ဒဏ္ရုိက္ျခင္းမ်ားကို လုပ္ေဆာင္မည္ ဟုဆိုသည္။
ကနဦးအေနျဖင့္ ခိုစာမေကၽြးရန္ ညႊန္ၾကားမည့္ဗီနိုင္းမ်ားကို ရန္ကုန္ၿမိဳ့ေတာ္ စည္ပင္သာယာ နယ္နမိတ္ၿမိဳ့နယ္မ်ားတြင္ကပ္ရန္ အစည္းအေဝးဆုံးျဖတ္ခ်က္ရၿပီျဖစ္ၿပီး ယင္းဗီနိုင္းမ်ားကို တစ္ပတ္အတြင္း ခ်ိတ္ဆြဲသြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
“အၾကမ္းဖ်င္းေလး သိေအာင္ေျပာရရင္ ၁၉၂၈ အက္ဥပေဒမွာ ရွိပါတယ္ခင္မ်။ အဲမွာျပ႒ာန္းထားတာက စည္ပင္သာယာကေနၿပီး က်န္းမာေရးအတြက္အလို့ငွာ ဖယ္ရွားရွင္းလင္း သုတ္သင္ရွင္းလင္းခြင့္ရွိတဲ့ တိရစၧာန္ ၃ မ်ိဳးရွိပါတယ္။ အဲဒီသုံးမ်ိဳးက ေခြးရယ္၊ ႂကြက္ရယ္၊ က်ီးရယ္ ျဖစ္ပါတယ္။ ဒါေပမယ့္ ခိုကရွင္းလင္းပိုင္ခြင့္ထဲ မပါပါဘူး။ ခိုေတြေၾကာင့္ ၾကက္ငွက္တုပ္ေကြးေရာဂါျဖစ္တယ္။ ေရာဂါဘယကို တစ္ေနရာကတစ္ေနရာ ပို့ေဆာင္တဲ့ေနရာမွာ ခိုက ေတာ္ေတာ္ဆိုးဆိုးဝါးဝါးျဖစ္တယ္”ဟု ဦးမင္းေအာင္က ဆက္လက္ေျပာၾကားသည္။
ခိုမ်ားေၾကာင့္ ၾကက္ငွက္တုပ္ေကြးေရာျဖစ္ၿပီး ေရာဂါမ်ား တစ္ေနရာမွတစ္ေနရာသို႔ သယ္ေဆာင္ရာတြင္လည္း လြန္စြာ ဆိုးဝါးသည္ ဟုဆိုသည္။
"ခိုဟာ ရွင္းလင္းရမယ့္ထဲမွာ မပါေပမယ့္ လူထုကလဲ ဒီခိုေတြေၾကာင့္ သူတို႔ကားေတြေပၚမွာ မစင္ေတြ စြန္႔တာေတြ ခိုေတြေၾကာင့္ အေနွာက္ယွက္ ျဖစ္တာေတြ က်န္းမာေရးအတြက္ ထိခိုက္တာေတြေၾကာင့္ မၾကာခဏ လာရွင္းေပးဖို႔ တင္ျပတာေတြ ရွိပါတယ္။ ဒါေပမယ့္ ဥပေဒထဲမွာေတာ့ ခိုကို တရားဝင္ သက္ခြင့္မရွိပါဘူး။အဓိကေတာ့ ရန္ကုန္ၿမိဳ႕တြင္းမွာ လူေနထူထပ္တဲ့ေနရာေတြမွာ ဒီခိုေတြ မရွိတာေတာ့ လူထုအတြက္ေတာ့ အေတာ္ေကာင္းတယ္လို႔ ခံယူထားပါတယ္"ဟု ၎ကဆိုသည္။
ခိုစာေရာင္းသူမ်ားကို ဥပေဒအရ အေရးယူ၍ရၿပီး က်န္းမာေရးဥပေဒအရ ပတ္ဝန္းက်င္ ညစ္ညမ္းေအာင္ လုပ္ျခင္းေၾကာင့္ ခိုမ်ားကို အစာမေကြၽးရဟူ၍ ဥပေဒထဲတြင္ ပါရွိသည္ဟုဆိုသည္။
အဆိုပါဥပေဒအရ ခိုစာေကြၽးသူမ်ားကို ဒဏ္ေငြအျပင္ ေထာင္ဒဏ္ပါခ်မွတ္နိုင္ၿပီး တိရိစာၦန္္မ်ား အစားအစာ ေကြၽးေမြးျခင္းအတြက္ ျပစ္ဒဏ္အေနျဖင့္ ေငြဒဏ္ ၅ေသာင္းက်ပ္မွ က်ပ္ တစ္သိန္းထိ ျဖစ္ေစ၊ ေထာင္ဒဏ္ ၃ လအထိျဖစ္ေစ၊ ဒဏ္ ၂ရပ္လံုးျဖစ္ေစ ခ်မွတ္နိုင္ေၾကာင္း သိရသည္။
<Unicode>
ရန်ကုန်မြို့တွင် ခိုစာကျွေးသူများကို အရေးယူတော့မည်
Monday, September 23, 2019

ရန်ကုန်မြို့တွင်းရှိ ခိုစာရောင်းချနေသူများနှင့် ခိုစာကျွေးသူများကို ပပျောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရေးများဌာနမှ ဌာနမှူး ဦးမင်းအောင်က ယနေ့ စက်တင်ဘာလ၂၃ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
" အခုဆို မြို့လယ်ခေါင်မှာ အစာတွေကျွေးနေတယ်။ အဲ့နေရာမှာ မကျွေးပါနဲ့ မကျွေးရင် ဒီခိုမရှိတော့ပါဘူး။ တချို့နေရာတွေမှာ ခိုစာကျွေးလို့သာ ခိုတွေက အဲ့နေရာမှာ စုပြီးတော့ နေနေတာပါ။ ကျန်းမာရေး အတွက်ပါ။ ဒါကြောင့် မြို့နယ်တိုင်းမှာ ခိုစာရောင်းတဲ့သူတွေ ပျောက်ကွယ်သွားအောင် ဆောင်ရွက်မယ်။ နောက် ခိုစာကျွေးတဲ့သူတွေ ပပျောက်သွားအောင် လုပ်မယ်"ဟု ၎င်းကပြောသည်။
လာမည့်ပတ်မှစ၍ ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် ခိုစာမကျွေးရန် ဗီနိုင်းများ ကပ်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် စည်းရုံးခြင်း ၊ ဒုတိယအနေဖြင့် သတိပေးခြင်းနှင့် နောက်ဆုံးအဆင့် အနေဖြင့် ဒဏ်ရိုက်ခြင်းများကို လုပ်ဆောင်မည် ဟုဆိုသည်။
ကနဦးအနေဖြင့် ခိုစာမကျွေးရန် ညွှန်ကြားမည့်ဗီနိုင်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ်မြို့နယ်များတွင်ကပ်ရန် အစည်းအဝေးဆုံးဖြတ်ချက်ရပြီဖြစ်ပြီး ယင်းဗီနိုင်းများကို တစ်ပတ်အတွင်း ချိတ်ဆွဲသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အကြမ်းဖျင်းလေး သိအောင်ပြောရရင် ၁၉၂၈ အက်ဥပဒေမှာ ရှိပါတယ်ခင်မျ။ အဲမှာပြဋ္ဌာန်းထားတာက စည်ပင်သာယာကနေပြီး ကျန်းမာရေးအတွက်အလို့ငှာ ဖယ်ရှားရှင်းလင်း သုတ်သင်ရှင်းလင်းခွင့်ရှိတဲ့ တိရစ္ဆာန် ၃ မျိုးရှိပါတယ်။ အဲဒီသုံးမျိုးက ခွေးရယ်၊ ကြွက်ရယ်၊ ကျီးရယ် ဖြစ်ပါတယ်။ ဒါပေမယ့် ခိုကရှင်းလင်းပိုင်ခွင့်ထဲ မပါပါဘူး။ ခိုတွေကြောင့် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်တယ်။ ရောဂါဘယကို တစ်နေရာကတစ်နေရာ ပို့ဆောင်တဲ့နေရာမှာ ခိုက တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တယ်”ဟု ဦးမင်းအောင်က ဆက်လက်ပြောကြားသည်။
ခိုများကြောင့် ကြက်ငှက်တုပ်ကွေးရောဖြစ်ပြီး ရောဂါများ တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ရာတွင်လည်း လွန်စွာ ဆိုးဝါးသည် ဟုဆိုသည်။
"ခိုဟာ ရှင်းလင်းရမယ့်ထဲမှာ မပါပေမယ့် လူထုကလဲ ဒီခိုတွေကြောင့် သူတို့ကားတွေပေါ်မှာ မစင်တွေ စွန့်တာတွေ ခိုတွေကြောင့် အနှောက်ယှက် ဖြစ်တာတွေ ကျန်းမာရေးအတွက် ထိခိုက်တာတွေကြောင့် မကြာခဏ လာရှင်းပေးဖို့ တင်ပြတာတွေ ရှိပါတယ်။ ဒါပေမယ့် ဥပဒေထဲမှာတော့ ခိုကို တရားဝင် သက်ခွင့်မရှိပါဘူး။အဓိကတော့ ရန်ကုန်မြို့တွင်းမှာ လူနေထူထပ်တဲ့နေရာတွေမှာ ဒီခိုတွေ မရှိတာတော့ လူထုအတွက်တော့ အတော်ကောင်းတယ်လို့ ခံယူထားပါတယ်"ဟု ၎င်းကဆိုသည်။
ခိုစာရောင်းသူများကို ဥပဒေအရ အရေးယူ၍ရပြီး ကျန်းမာရေးဥပဒေအရ ပတ်ဝန်းကျင် ညစ်ညမ်းအောင် လုပ်ခြင်းကြောင့် ခိုများကို အစာမကျွေးရဟူ၍ ဥပဒေထဲတွင် ပါရှိသည်ဟုဆိုသည်။
အဆိုပါဥပဒေအရ ခိုစာကျွေးသူများကို ဒဏ်ငွေအပြင် ထောင်ဒဏ်ပါချမှတ်နိုင်ပြီး တိရိစ္ဆာန်များ အစားအစာ ကျွေးမွေးခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ငွေဒဏ် ၅သောင်းကျပ်မှ ကျပ် တစ်သိန်းထိ ဖြစ်စေ၊ ထောင်ဒဏ် ၃ လအထိဖြစ်စေ၊ ဒဏ် ၂ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

0 comments:

Post a Comment