Monday, September 23, 2019

ထားဝယ္ၿမိဳ႕၌ ဖုန္းဆိုင္ ၁ ဆိုင္အတြင္း ဖုန္းမ်ားခိုးယူ၍ ဆိုင္အား မီးရႈိ႕ဖ်က္ဆီးမႈျဖစ္ပြား

No photo description available.Image may contain: 1 person

၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၂ ရက္ေန႔ ၀၅ ၀၀ အခ်ိန္ ထားဝယ္ၿမိဳ႕၊ ခုံဝင္းဒပ္ရပ္ကြက္ေန ဦးရဲလြင္ဦး (၃၃) ႏွစ္ပိုင္ဆိုင္ေသာ အေနာက္ၿမိဳ႕တြင္းရပ္ကြက္ရွိ BSM ဖုန္းဆိုင္အတြင္းသို႔ အမ်ိဳးသား ၁ ဦး (စိစစ္ဆဲ) မွ ဝင္ေရာက္ၿပီး လက္ကိုင္ဖုန္း ၃၀ လုံးအား ခိုးယူ၍ ဆိုင္အား မီးရႈိ႕ခဲ့သျဖင့္ ဆိုင္အတြင္းရွိ ဆိုင္ကယ္ ၁ စီး၊ ေငြရွင္းေကာင္တာစားပြဲႏွင့္ CCTV ေမာ္နီတာ ၁ လုံး မီးေလာင္ဆုံးရႈံးခဲ့ကာ ၀၅း၁၅ အခ်ိန္တြင္ မီးၿငိမ္းသြားခဲ့ပါသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ၁၀၃၅ အခ်ိန္တြင္ ဦးရဲလြင္ဦးမွ တိုင္တန္း၍ ျပစ္မႈက်ဴးလြန္သူအား ထားဝယ္ၿမိဳ႕မရဲစခန္း(ပ)၁၃၄၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၄၃၆(ခိုးမႈ/မီးရႈိ႕မႈ)ျဖင့္ အမႈဖြင့္ စုံစမ္းလ်က္ရွိေၾကာင္း ျပည္ထဲေရးမွ သတင္းထားျပန္ထားသည္။
ထားဝယ်မြို့၌ ဖုန်းဆိုင် ၁ ဆိုင်အတွင်း ဖုန်းများခိုးယူ၍ ဆိုင်အား မီးရှို့ဖျက်ဆီးမှုဖြစ်ပွား
Monday, September 23, 2019

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ ၀၅ ၀၀ အချိန် ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်နေ ဦးရဲလွင်ဦး (၃၃) နှစ်ပိုင်ဆိုင်သော အနောက်မြို့တွင်းရပ်ကွက်ရှိ BSM ဖုန်းဆိုင်အတွင်းသို့ အမျိုးသား ၁ ဦး (စိစစ်ဆဲ) မှ ဝင်ရောက်ပြီး လက်ကိုင်ဖုန်း ၃၀ လုံးအား ခိုးယူ၍ ဆိုင်အား မီးရှို့ခဲ့သဖြင့် ဆိုင်အတွင်းရှိ ဆိုင်ကယ် ၁ စီး၊ ငွေရှင်းကောင်တာစားပွဲနှင့် CCTV မော်နီတာ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ ၀၅း၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၁၀၃၅ အချိန်တွင် ဦးရဲလွင်ဦးမှ တိုင်တန်း၍ ပြစ်မှုကျူးလွန်သူအား ထားဝယ်မြို့မရဲစခန်း(ပ)၁၃၄၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၄၃၆(ခိုးမှု/မီးရှို့မှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးမှ သတင်းထားပြန်ထားသည်။

#Myanmar_Online_News #ထားဝယ်မြို့ #ဖုန်းဆိုင် #မီးရှို့

0 comments:

Post a Comment