Friday, August 30, 2013

Samsaungလည်း မြန်မာစာရပြီ


မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အချို့၌ မြန်မာစာစနစ် အသင့်ထည့် သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက junction Square၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆို သည်ဟု သိရသည်။
 
“အခုလောလောဆယ်မှာ Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာစနစ် အသင့် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောဆိုသည်။

အဆိုပါ စမတ်ဖုန်းများသည် ယခင်က ၀ယ်ယူထားပြီးဖြစ်ခဲ့ပါက Firmware အား update ပြုလုပ်ခြင်းဖြင့်မြ န်မာစာစနစ် ရယူနိုင်မည်ဖြစ်ပြီး Setting အတွင်းရှိ Language မှတဆင့် ပြင်ဆင်နိုင်ကြောင်း သိရသည်။ ယခင်ကပြည်တွင်းဈေးကွက်၌ တရားဝင်တင်သွင်းထားသော Samsung စမတ်ဖုန်းများတွင် အသုံးချဘာ သာစကား ၁၀မျိုးဖြင့် ထုတ်လုပ်ထားကြောင်း ယခုအခါ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံ၌ ဒေသ တွင်း ဘာသာစကားများ ထပ်မံဖြည့်တင်း ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“မြန်မာဇော်ဂျီဖောင့်ကို အသုံးပြုထားတဲ့အတွက် အင်တာနက် သုံးပြီး ၀က်ဘ်ဆိုဒ်ကြည့်ရှု တာ၊ ဖေ့ဘုတ်စ် လို လူမူကွန်ရက်တွေ အသုံးပြုတာနဲ့ စာတိုတွေ ပေးပို့တာကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

Source: The Standard Time Daily
Myanmar ICT

ဂိမ်မာတွေအတွက်အထူးထုတ်လုပ်ထားတဲ့ Wikipad-7 Tablet


Playstation Mobile ရဲ့ ဖန်တီးပေးမူနဲ့အတူထွက်ပေါ်လာတဲ့ Wikipad ပါ။
ဂိမ်မာတွေအတွက်သီးသန့်ရယ်လို့မဟုတ်ပါဘူး tablet ကြိုက်နှစ်သက်တဲ့ သူ
တွေအသုံးပြုမယ်ဆိုလည်း အဆင်ပြေမှာပါ။သို့ပေမယ့် tablet နဲ့ဂိမ်းကစားတဲ့
သူတွေအတွက်တော့ အကြိုက်တွေ့စေမှာတော့ အမှန်ပါပဲ။

အသုံးပြုသူအနေနဲ့ ဂိမ်းကစားရာမှာပိုမိုလွယ်ကူစေဖို့ ဂိမ်းခလုတ်ပုံစံပါတဲ့ keypad
အတွဲတွေကို တပ်ဆင်အသုံးပြုလို့ရမှာဖြစ်သလို tablet ကိုပဲသီးသန့်
အသုံးပြုမယ်ဆိုလည်း Keypad ခလုတ်တွေကိုဖယ်ပြီးလိုသလို အသုံးပြုလို့
ရနိုင်ပါတယ်။

မျက်နှာပြင်အကျယ် ၇ လက်မ၊Nvidia Tegra 3 quad-core processor ကို
အသုံးပြုထားပြီး Android Version 4.2 Jelly Bean နဲ့ထွက်ရှိလာမှာပါ။RAM
1GB နှင့် Internal Memory 16GB ဖြစ်ပြီး အပို 32GB အထိအပိုထည့်သွင်း
အသုံးပြုလို့အဆင်ပြေစေပါတယ်။

စက်တင်ဘာ-၂၇ မှာအင်္ဂလန်မှာစတင်ဖြန့်ချိမှာဖြစ်ပြီး ဈေးနှုန်းက ပေါင်-၂၅၀
ဝန်းကျင်နဲ့ရောင်းချပေးမယ်လို့ဆိုပါတယ်။ကြော်ငြာ် ပိုစတာကိုကြည့်တာနဲ့
ဂိမ်မာတွေကို ဘယ်လောက်ဦးစားပေးထားလည်းဆိုတာ ခန့်မှန်းမိမယ်ထင်
ပါတယ်။

Ref:gadget
Khun Nay(August Myanmar media Group)

ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ






 
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။ 

ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မ ကွာတဲ့ အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။ 

ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ် အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။ 

ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါ တယ်။ နောက် ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်အဖြစ် ချီးမြင့်ပါ တယ်။ နောက်ပိုင်း bachelors နဲ့ undergraduates သမားများကို ပေးအပ်လာပါတယ်။ 

ခေတ်တွေပြောင်းလာတဲ့အခါမှာ ယင်းဦးထုပ်ကို ပညာသင်ကြားပြီး အသိအမှတ်ပြုစရာ တစ်ခုအဖြစ်သာ အသုံးပြုလာခဲ့ပါ တယ်။ ခေတ်သစ် ဘွဲ့နှင်းသဘင်ဦးထုပ်ကို ၁၉၅၀ ခုနှစ်က အမေရိကန် မှ တီထွင်သူ Edward O’Reilly နဲ့ကတ်သလစ်ဘုန်းကြီး Joseph Durham စတင်တီထွင်ခဲ့တယ်လို့ သတ်မှတ်ကြပါတယ်။ ယခုအခါ ကမ္ဘာတစ်လွှားမှာ ယင်းဦးထုပ်ကို အသုံးပြုပြီး အများစုဟာ ဗြတိန်နိုင်ငံမှ စံစနစ်ကို ကူးယူထားတယ်လို့ သိရပါတယ်။ 

Motarboard အကြောင်း အသေးစိတ်လေ့လာနိုင်ရန်-- 

http://en.wikipedia.org/wiki/Mortar_boards

-
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/book/152-natter/37532-how-hat-become

ကျန်ရှိနေသေးသည့် နယ်မြေရဲကင်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ရဲစခန်းများ၌ CCTV ကင်မရာများ တပ်ဆင်သွားမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျန်ရှိနေသော နယ်မြေ ရဲကင်းများ သာမက တိုင်းဒေသကြီးနှင့် ပြည်နယ် ရဲစခန်းများ၌ CCTV ကင်မရာများ ဆက်လက် တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရှိရသည်။

ဆီးရီးယားအရေး တင်းမာနေချိန် အမေရိကန် စစ်သင်္ဘော တပ်ဖြန့်ထားသည့် မြေထဲ ပင်လယ်သို့ ရုရှား စစ်သင်္ဘောများ စေလွှတ်

ဆီးရီးယားအရေး တင်းမာနေချိန် အမေရိကန် စစ်သင်္ဘော တပ်ဖြန့်ထားသည့် မြေထဲ ပင်လယ်သို့ ရုရှား စစ်သင်္ဘောများ စေလွှတ်

Friday, 30 August 2013

ရုရှားရေတပ်သည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် တစ်စင်းနှင့် ဒုံးကျည်တင် တိုက်ခိုက်ရေး စစ်သင်္ဘော တစ်စင်းတို့အား သြဂုတ် ၂၉ ရက်က မြေထဲ ပင်လယ်သို့ စေလွှတ်ခဲ့ကြောင်း ရုရှား သတင်းဌာန တစ်ခုက ပြောကြားခဲ့သည်။

 စစ်ဘက် အသိုင်းအဝိုင်းများ၏ ပြောကြားချက်အရ အဆိုပါ စစ်သင်္ဘောများ စေလွှတ်ခြင်း သည်လက်ရှိ ဖြစ်ပေါ် နေသော ဆီးရီးယား အရေးအား တုံ့ပြန်ရန် အတွက် ဖြစ်ကြောင်း သိရသည်။ သို့သော် ရုရှားရေတပ်၏ ပြောကြားချက်အ ရ ထိုကဲ့သို့ စစ်သင်္ဘော များ စေလွှတ်ခြင်း သည် မြေထဲပင်လယ် အတွင်း သို့ စစ်သင်္ဘော များ အလှည့်ကျ စေလွှတ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် ဆီးရီးယား အရေးတွင် မည်သည့်စစ်ရေးအရ ကြားဝင် တိုက်ခိုက်မှုမျိုးကို မဆို ပြင်းပြင်းထန်ထန် ကန့်ကွက် လျက်ရှိပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက် မရရှိဘဲ တိုက်ခိုက်ခြင်းသည် အပြည်ပြည် ဆိုင်ရာ ဥပဒေ အား ချိုးဖောက်ခြင်းသာဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် နိုင်ငံသည် ဆီးရီးယားအား ဝင်ရောက် တိုက်ခိုက်နိုင်ရန် အတွက် အသင့် ပြင်ဆင်ထားသည့် အနေဖြင့် မြေထဲပင်လယ် အရှေ့ပိုင်းတွင် ၎င်း၏ ငါးစင်းမြောက် ဖျက်သင်္ဘောဖြစ်သည့် USS Stout အား တပ်ဖြန့်ချ ထားကြောင်း သိရသည်။


http://www.myawady.net.mm/allnews/global/item/24014-2013-08-30-16-44-38
ရုရှားရေတပ်သည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရေယာဉ် တစ်စင်းနှင့် ဒုံးကျည်တင် တိုက်ခိုက်ရေး စစ်သင်္ဘော တစ်စင်းတို့အား သြဂုတ် ၂၉ ရက်က မြေထဲ ပင်လယ်သို့ စေလွှတ်ခဲ့ကြောင်း ရုရှား သတင်းဌာန တစ်ခုက ပြောကြားခဲ့သည်။

ကမ္ဘာ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ လေဆင်နှာမောင်း ဓါတ်ပုံ

ကမ္ဘာ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ လေဆင်နှာမောင်း ဓါတ်ပုံ

**********************************

ကမ္ဘာတည်ကတည်းက လေဆင်နှာမောင်းဆိုတာ ရှိခဲ့မှာပါ။ ဒါပေမယ့် နည်းပညာ တွေ ပေါ်ထွက်လာတဲ့ အခါမှာတော့ မှတ်တမ်း တင်ထားမှု 
တွေ ပြုလုပ်လာကြပါတယ်။

အောက်မှာ ပြထားတဲ့ ပုံက ကမ္ဘာပေါ်မှာ ပထမဦးဆုံးရိုက်ကူးထားတဲ့
လေဆင်နှာမောင်း ရဲ့  ပုံ၇ိပ် ဖြစ်ပါတယ်။

Kaung Zay Yan
(Discoveries Myanmar)https://www.facebook.com/Discoveries.Myanmar

ကမ္ဘာတည်ကတည်းက လေဆင်နှာမောင်းဆိုတာ ရှိခဲ့မှာပါ။ ဒါပေမယ့် နည်းပညာ တွေ ပေါ်ထွက်လာတဲ့ အခါမှာတော့ မှတ်တမ်း တင်ထားမှုတွေ ပြုလုပ်လာကြပါတယ်။

စားကျက်မြေတစ်ဖြစ်လဲ စိုက်ပျိုးမြေများ ပိုင်ဆိုင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပေးမည်မဟုတ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲ သတ်မှတ်ပေးသည့် စားကျက်မြေများကို ဆက်လက်လုပ်ကိုင်ခွင့်ပေးမည် ဖြစ်သော်လည်း ပိုင်ဆိုင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကိုမူ ချထားပေးမည် မဟုတ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစန်းမောင်က ပြောကြားသည်။

တောင်ကြီး၊ မော်လမြိုင်မြို့ များ၌ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများ ဖွင့်လှစ်မည်

လာမည့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် တောင်ကြီးနှင့် မော်လမြိုင်မြို့များ၌ အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းအသစ်များ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ဆီးဂိမ်းကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိဟု မလေးရှား အိုလံပစ်ကော်မတီဥက္ကဋ္ဌ ချီးကျူး

မလေးရှား အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ကော့ချီက မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းကစားကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိကြောင်း ချီးကျူးပြောကြားခဲ့သည်။

ကော့ချီမှာမြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောလူမျိုးရေး ပဋိပက္ခဖြစ်စဉ်များကြောင့်နေပြည်တော် ဆီးဂိမ်းအတွက် လုံခြုံရေးစိုးရိမ်ကြောင်း ထုတ်ဖေါ်ပြောခဲ့သူဖြစ်ပြီး ယခုအခါပြိုင်ပွဲကျင်းပရန်သုံးလအလိုတွင် စိုးရိမ်မှု မရှိတော့ဟုပြန်လည် ပြောဆိုခဲ့ကြောင်း မလေးရှားသတင်းစာ The Star တွင် ဖော်ပြထားသည်။

**တို့ vote တဲ့ ၀င့်လေး***



တေးရေး/ဆို-------Chanel G Force Balaybsar Lay Htike Tan
ကီးဘုတ်--------- Naing Linn Oo
ဟာမိုနီ----------- သူရိန်နေ မင်း
ရိုက်ကွင်းတာဝန်ခံ- Вампир Богини
အသံဖမ်းအင်ဂျင်နီယာ--- အနေအထိုင်တတ်တဲ့ ကြယ်

Naing Linn Oo

လီဗာပူးလ်-မန်ယူပွဲစဉ်အပြင် လန်ဒန်ဒါဘီပွဲစဉ်နဲ့ မြိုင်ဆိုင်နေတဲ့ ပရီးမီးယားလိဂ်ညချမ်း

ပရီးမီးယားလိဂ်ပွဲစဉ်(၃) ပွဲကြိုခန့်မှန်းချက်

အောင်သုတ

မန်စီးတီး Vs ဟူးလ်စီးတီး

နောက်ဆုံးငါးပွဲရလဒ်
မန်စီးတီး ရှုံး နိုင် ရှုံး ရှုံး နိုင်
ဟူးလ်စီးတီး နိုင် နိုင် ရှုံး နိုင် ရှုံး

အစိုးရနှင့် UNFC စက်တင်ဘာ ၈ ရက်နေ့ ထိုင်းနိုင်ငံ၌ တွေ့မည်

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ စက်တင်ဘာလ ၈ ရက်နေ့၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်း အကြံပေးတစ်ဦးက ပြောကြားသည်။

အချိန်ယူ စိစစ်သွားမည်ဖြစ်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စက်မှုဇုန် လျှပ်စစ်မီးပေးရေး ကြန့်ကြာဦးမည်ဖြစ်

ရန်ကုန်စက်မှုဇုန်များအား လျှပ်စစ်ဓာတ်အား အပြည့်အ၀ ဖြန့်ဖြူးပေးနိုင်ရန် လုပ်ကိုင်မည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၏ အဆိုပြုလွှာများအား အချိန်ယူ စိစစ်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့၊ ရုံးအဖွဲ့မှူး ဦးကျော်ထွေးမြင့်က ပြောသည်။

ဇူလိုင်လမှ စတင်ကာ သြဂုတ် ၁၅ ရက်ထိ အဆိုပြုလွှာများ ခေါ်ယူခဲ့ရာ အဆိုပြုလွှာ ၂၀ ၀န်းကျင် ရရှိခဲ့ပြီး ယင်း အဆိုပြုလွှာများအား စိစစ်လျက်နေကြောင်း ဆိုသည်။

ဗြိတိန်အနေဖြင့် ဆီးရီးယား အရေးတွင်ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည် အထိ စောင့်ဆိုင်းသင့်ကြောင်း ရုရှား ပြောကြား

Photo: ဗြိတိန်အနေဖြင့် ဆီးရီးယား အရေးတွင်ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှု ပြီးဆုံးသည် အထိ စောင့်ဆိုင်းသင့်ကြောင်း ရုရှား ပြောကြား
Friday, August 30, 2013

ဆီးရီးယားအရေးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အဖြေကို စိတ်ရှည်
သည်းခံကာ စောင့်ဆိုင်းသင့်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရ၏ တောင်းဆိုမှုကြောင့် ပြုလုပ်ခဲ့သော တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးမှုတွင် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟဂ်က ဗြိတိသျှ အစိုးရအနေဖြင့် ဆီးရီးယား ပြည်သူများကို ကာကွယ်ပေးနိုင်မည့် လိုအပ်သော အစီအမံများပါဝင်သည့် အဆိုပြု မူကြမ်းအား ကုလသမဂ္ဂသို့ တင်သွင်းခဲ့မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သို့သော် လဗ်ရော့ဗ်က ဗြိတိသျှ အစိုးရအနေဖြင့် ဆီးရီးယားတွင် ဓာတုလက်နက် အသုံးပြုမှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့က
 ပြုလုပ်လျက်ရှိသော လေ့လာစုံစမ်းမှုများမှ တိကျသေချာသော အဖြေတစ်ခုရရှိသည် အထိ စောင့်ဆိုင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း
 ပြောကြားခဲ့သည်။

 နှစ်နှစ်ကျော်ကြာ ဖြစ်ပွားလျက်ရှိသော ဆီးရီးယား ပြည်တွင်းစစ်တွင် 
လွန်ခဲ့သော သီတင်းပတ်က ဒမတ်စကပ်မြို့အနီး ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဆီးရီးယား ပြည်သူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး အဆိုပါတိုက် ခိုက်မှုသည် ဆီးရီးယားအစိုးရက လုပ်ဆောင်ခြင်းဖြစ်ကြောင်း အတိုက်အခံ တပ်ဖွဲ့များက စွပ်စွဲပြောကြားခဲ့မှု အပေါ်အနောက်အင်အားကြီး
 နိုင်ငံများက ဆီးရီးယား အစိုးရကို ကြားဝင် တိုက်ခိုက်ရန်အတွက် စိုင်းပြင်း
လျက်ရှိနေသည်။

သို့သော် အဆိုပါတိုက်ခိုက်မှုသည် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များ
ကသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဆီးရီးယားအစိုးရကတုံ့ပြန်ပြောဆိုခဲ့ပြီး 
ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ သက်သေပြရန် အတွက် ကုလသမဂ္ဂ ဓာတုလက်နက် ကျွမ်းကျင် စုံစမ်းစစ် ဆေးရေးအဖွဲ့ကို အစိုးရက ရှာဖွေစုံစမ်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယား လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက သြဂုတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။

မြ၀တီ

ဆီးရီးယားအရေးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အဖြေကို စိတ်ရှည်သည်းခံကာ စောင့်ဆိုင်းသင့်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလဗ်ရော့ဗ်က ပြောကြားခဲ့သည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ် ရင်ဆိုင်နေရ


Photo: ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်
ရင်ဆိုင်နေရ
Friday, August 30, 2013

ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့်
 မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသား
များက ပြောသည်။

“တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ အကိုက်ခံရတာ” ဟု မကြာမီရက်ပိုင်းအတွင်း မြွေကိုက်ခံရပြီး သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်ဥယျာဉ်မြို့တော်သည် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက်တွင်တည်ရှိပြီး နယ်မှလာသော ကျောင်းသားများ အများဆုံး ငှားရမ်းနေထိုင်ကြကာ အဆောင်များပတ်ပတ်လည်တွင် ကြာရှည်စွာ
အသုံးမပြုဘဲထားရှိသော လယ်ကွင်းများရှိပြီး နှစ်စဉ်မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားလာသော ရာသီဥတု
အခြေအနေကြောင့် မြွေဆိုးအန္တရာယ် ပိုမိုကြီးမားလာကြောင်း သတင်းရရှိသည်။

“အခုတလောပတ်ဝန်းကျင်မှာ မြွေတွေတော်တော်တွေ့လာတယ်။ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ ရေတွေဝပ်နေတော့ ကုန်းမြေရှိတဲ့ လမ်းမပေါ်
တက်လာတယ်။ ကျောင်းသားတွေကလည်း အများစုက ညဘက်ကျမှ အိမ်ပြန်လာကြတော့ အိမ်အပြန်လမ်းမှာ မြွေကိုက်ခံရတာတွေက ခဏခဏရှိနေပြီ” ဟု အဆိုပါဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦးက
 ပြောသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရိပ်မွန်အတွင်း တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် နေထိုင်ပြီး ဇွန်လမှ သြဂုတ်လအတွင်း မြွေပွေးအကိုက်ခံရသူ
 ခြောက်ဦးခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မြွေပွေးကိုက်ခံရရင် အဆိပ်အနည်းအများပေါ် မူတည်ပြီး တတ်နိုင်သမျှ
အမြန်ဆုံးမြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်တယ်။ လူနာ အခြေအနေပေါ်မူ
တည်ပြီး မြွေဆိပ်ဖြေဆေး အနည်းဆုံး လေးလုံးကနေခြောက်လုံးလောက် ထိုးရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးဖြစ်ကာ ၁၀ ရာခိုင်နှုန်းသည် မြွေဟောက်ဖြစ်သည်။ နိုင်ငံတွင်း နှစ်စဉ် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် မြွေကိုက်ခံရမှုကြောင့် လူသေဆုံးမှုလျော့ကျမသွားသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့ တိုက်နယ်ဆေးရုံများသို့ မြွေဆိပ်ဖြေဆေး
လှူဒါန်းပေးအပ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ အဆိပ်ရှိသတ္တ၀ါကိုက်ခံရ
မှုဖြစ်စဉ် ၁၅၀၀၀ ခန့် ရှိပြီး ပျမ်းမျှလူဦးရေ ၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ တစ်နှစ်တည်းတွင်မူ ဖြစ်စဉ်တစ်သောင်းကျော်တွင် သေဆုံးသူ ၂၅၃ ဦး သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

7Day News Journal
ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှု များကြောင့်မြွဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။

လေဆိပ်နဲ့ရန်ကုန်မြို့ထဲပြေးမယ့် မော်တော်ယာဉ်လိုင်း

Photo: လေဆိပ်နဲ့ရန်ကုန်မြို့ထဲပြေးမယ့် မော်တော်ယာဉ်လိုင်း
Friday, August 30, 2013

ရန်ကုန်လေဆိပ်မှ  မြို့တွင်းမြို့ပြင်သို့ ဈေးနှုန်းသက်သာစွာ သွားလာနိုင်မည့် လေဆိပ် ကြိုပို့ လွန်းပြန်ယာဉ် (Airport Shuttle) များကို  စက်တင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့)မှ စတင်  ပြေးဆွဲ တော့ မည်ဖြစ်ကြောင်း  သတင်းရရှိသည်။

ကားခမှာ နိုင်ငံခြားသား  တဦးလျှင်  ၅ ဒေါ်လာ၊  မြန်မာနိုင်ငံသားတဦးလျှင် ၃,၅၀၀ ကျပ် ဖြစ်ကြောင်း  Yangon Airport Shuttle ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

“လေဆိပ်မှာ တက္ကစီတွေ အလုအယက် ခေါ်နေကြတာတွေကို တွေ့တော့ တနည်းနည်း နဲ့ ရှင်းအောင် လုပ်ပေးမယ် ဆိုတဲ့ သဘောပါ။
 VIP ကားတွေနဲ့ နိုင်ငံခြားသားအချို့အတွက် Wheel Chair Lift ပါတဲ့ ကားတွေလည်းဆွဲပေးဖို့ရှိတယ်” ဟု ဦးကျော်ကျော်က ဆိုသည်။

လေဆိပ်မှ ရန်ကုန်မြို့တွင်း ဆူးလေဘုရား၊ ပန်းဆိုးတန်းလမ်းအထိ ရန်ကုန်-အင်းစိန်လမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ကမ္ဘာအေးလမ်းကြောင်း ၃ ခု အတိုင်း ပြေးဆွဲမည်  ဖြစ်ကြောင်း၊  သိရှိရသည်။

ခရီးသည် ၁၅ဦးဆံ့သည့် Airport Shuttle ၄ စီးဖြင့် စတင်ပြေးဆွဲ
မည်ဖြစ်ကြောင်း၊ဝန်ဆောင်မှုများ အတွက် လေဆိပ်အတွင်း ကောင်တာ 
ဖွင့်ရေးအတွက် ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း၊ ဖုန်းဆက်ခေါ်
လျှင် အိမ်တိုင်ရာကြိုသည့်စနစ်ဖြင့် လေဆိပ်သို့ ပို့ဆောင်ပေးမည်
 ဖြစ်ကြောင်း  သိရှိရသည်။

လတ်တလော ရန်ကုန်လေဆိပ်တွင် ခရီးသည်စောင့်ဆိုင်းနေသော  ပါရမီ၊  ရွှေပျံလွှား၊   ရွှေလွန်းပျံကုမ္ပဏီတို့မှ တက္ကစီ စီးရေ ၃၀၀ နီးပါး
ရှိသည်ဟု ဆိုသည်။ 

ရွှေပျံလွှားကုမ္ပဏီမှ အငှားယာဉ်မောင်းတဦးဖြစ်သူ ကိုကျော်သူရလှိုင်က ...
“အပြိုင်အဆိုင်ဖြစ်လာတော့ ၀န်ဆောင်မှု ကောင်းတဲ့သူက အသာရမှာပေါ့။
ကျနော်တို့က ခရီးသည်တယောက်ကို မြို့ထဲခရီးကို ၇,၀၀၀ ကျပ် ယူတယ် ဆိုတာက ကားတစီးလုံးကို ငှားပေးတဲ့သဘောလေ၊သူတို့က ၃,၅၀၀ ကျပ်
နဲ့ယူတယ်ဆိုတာက လူအများစုနဲ့တင်တာကိုး၊ လုပ်ငန်းပိုင်းမှာ ထိခိုက်မှု
လည်း နည်းနည်းတော့ရှိနိုင်တာပေါ့” ဟု  ပြောသည်။

ဧရာဝတီblog

ရန်ကုန်လေဆိပ်မှ မြို့တွင်းမြို့ပြင်သို့ ဈေးနှုန်းသက်သာစွာ သွားလာနိုင်မည့် လေဆိပ် ကြိုပို့ လွန်းပြန်ယာဉ် (Airport Shuttle) များကို စက်တင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့)မှ စတင် ပြေးဆွဲ တော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ကျပ် ၅၃ ဘီလီယံ သုံးစွဲမည်

Photo: ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာနနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ကျပ် ၅၃ ဘီလီယံ သုံးစွဲမည်
Friday, August 30, 2013

မြန်မာ တစ်နိုင်ငံလုံးတွင် ပြည်သူ့ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာန၊
 ကျေးလက် ကျန်းမာရေး ဌာနခွဲများနှင့် ဝန်ထမ်း အိမ်ရာများ တည်ဆောက်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနသည် လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ် ၅၃ ဘီလီယံ သုံးစွဲသွားမည် ဖြစ်ကြောင်း
 မန္တလေးတိုင်းဒေသကြီး တိုင်းကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ယင်းသုံးစွဲမှုများထဲမှ မန္တလေးတိုင်းဒေသကြီးအတွက် ကျပ်သန်း ၄၁၄၀ ပမာဏ သုံးစွဲသွားမည် ဖြစ်ပြီး တိုင်းဒေသကြီး အနေဖြင့် အဆောက်
အအုံပေါင်း ၃၇ ခုကို တင်ဒါ ခေါ်ယူလျက် ရှိကြောင်း ၎င်းက ထပ်မံ
 ပြောကြားသည်။ “အဲဒီ လုပ်ငန်းတွေအတွက် တင်ဒါ သြဂုတ်လ ၃၀ 
ရက်နေ့အထိ လက်ခံမယ်” ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနအနေနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် တိုက်နယ် ဆေးရုံ ငါးခုနှင့် ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက် ကျန်းမာရေးဌာနခွဲများနှင့် ဝန်ထမ်း အိမ်ရာများကိုပါ အဆင့် မြှင့်တင်ခြင်းနှင့် အသစ် ဆောက်လုပ်ခြင်း
များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနထံမှ ထပ်မံ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်တွင် တာဝန် ခန့်အပ်ထား ပေးသော ကျန်းမာရေး ဝန်ထမ်း ၂၀၀ ဦး ရရှိထားပြီး အဆိုပါ ဝန်ထမ်းများကို စိစစ်၍ လိုအပ်သည့် နေရာများတွင် တာဝန် ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန လက်အောက်တွင် လက်ရှိ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ ခုတင် ၅၀၀ နှင့်အထက် ဆေးရုံ ခြောက်ရုံ၊ ခုတင် ၃၀၀ ဆေးရုံ တစ်ရုံ၊ ခုတင် ၅၀ ဆေးရုံ ကိုးရုံ၊ ၂၅ ခုတင် ဆေးရုံ ၁၄ ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံ ၄၇ ရုံ၊ ကျေးလက် ကျန်းမာရေးဌာန ၁၁၁ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၆၈၈ ခု ရှိကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ ထပ်မံ သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေနှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဆေးရုံ ၁၂၁ ရုံ၊ ကျေးလက် ကျန်းမာရေး ဌာန ၈၀ ခု၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ ၂၇၂ ခုနှင့် ဝန်ထမ်း အိမ်ရာပေါင်း ၃၆ ခု တို့ကို အကောင်အထည်ဖော်မည်
 ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူထံမှ သိရသည်။

The Voice Weekly

မြန်မာ တစ်နိုင်ငံလုံးတွင် ပြည်သူ့ဆေးရုံ၊ ကျေးလက် ကျန်းမာရေးဌာန၊ကျးလက် ကျန်းမာရေး ဌာနခွဲများနှင့် ဝန်ထမ်း အိမ်ရာများ တည်ဆောက်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနသည် လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း ကျပ် ၅၃ ဘီလီယံ သုံးစွဲသွားမည် ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီး တိုင်းကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

သီချင်းနားထောင်ခြင်း နှစ်သက်သူများအတွက် HTC Desire X

အသံပိုင်းစနစ်ကောင်းမွန်သည့် HTC Desire X မော်ဒယ်ဖုန်းတွင်ပါရှိသော စည်းချက်သံသည် ဂီတ၊ ဗီဒီယိုနှင့် ဂိမ်းကစားခြင်းအတွက် ကောင်းမွန်သည်။ အသံပိုင်းတွင် စတူဒီယိုအရည်အသွေးရှိသည့်အသံကို နားဆင်နိုင်မည်။

မြန်မာ သင်္ဘောတစီး ဗီယက်နမ်တွင် ဖမ်းဆီးခံရ

ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည့် ရောင်ဝင်း အမည်ရှိ မြန်မာ သင်္ဘော (ဓာတ်ပုံ - Thanh Nien News)


မြန်မာသင်္ဘောတစီးကို ဗီယက်နမ်နိုင်ငံသို့ တရားမ၀င် ဒီဇယ်ဆီ တင်သွင်းသည်ဟု စွပ်စွဲ၍ ဗီယက်နမ် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ဟူးလ်စီးတီးကို ဂိုးပြတ် အနိုင်ရအောင် ကျားနာခဲ ခဲတော့မယ့် ပယ်လီဂရီနီရဲ့ မန်စီးတီး

ဟန်စိုးသွေး

ဘောလုံးဝါသနာရှင်များ စိတ်ဝင်စားစွာ ကြည့်ရှုအားပေးနေသည့် ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါစသည်ဖြင့် အမှတ်ပေးပြိုင်ပွဲများစွာရှိသည့်အနက် ယခုအပတ်တွင် ပရီးမီးယားလိဂ်ပွဲစဉ် ၃ မှ အကြိုက်ဆုံးပွဲတစ်ပွဲကို ရွေးချယ်ဖို့ဆုံးဖြတ်ထားသည်။ ပရီးမီးယားလိဂ် ကိုးပွဲရှိသည့်အနက်မှ မန်စီးတီး နှင့်ဟူးလ်စီးတီးပွဲကို စိတ်ဝင်စားနေမိပြီး မည်သည့်အသင်း အောင်ပွဲခံသွားမည်လဲဆိုတာကို ကြိုတင်ခံစား ကြည့်ထားပါသည်။

အနုပညာ အလုပ်ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ မဟုတ်ဘူးဆိုတဲ့ သွန်းဆက်

Photo: အနုပညာ အလုပ်ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ မဟုတ်ဘူးဆိုတဲ့ သွန်းဆက်
Friday, August 30, 2013

အနုပညာ အလုပ်ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ မဟုတ်ဘူးဆိုတဲ့ သွန်းဆက်အခွင့်အရေး နှစ်ခု တိုက်တာက သွန်းဆက် အမြဲတမ်းကြုံ ဖြစ်
တယ်။  တစ်ခါတလေကျရင် အလုပ် နှစ်ခု အပြိုင်ဆိုရင် နှစ်ခုစလုံးကကောင်း
 နေပြီဆိုရင် ကိုယ်က ဘယ်ဟာ ရွေး လို့ ရွေးရမှန်း မသိတော့ဘူး။ အခွင့် အရေးနှစ်ခု လာတိုက်ရင်တော့ အရမ်းစိတ်ညစ်တယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံး တစ်ခုကိုပဲ ကိုယ်ကရွေးချယ်ရတာပေါ့။

သွန်း ဆက်က အနုပညာ အလုပ်ကို ပေါ် ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ် ဘူး။ သွန်းဆက်က ငယ်ငယ်လေးကတည်းက သရုပ်ဆောင်တာကို အရမ်းဝါသနာ ပါပြီး တကယ် ရူးသွပ် ခဲ့တာဆိုတော့ အနုပညာကို တကယ် ချစ်တယ်။ ကိုယ့်စိတ်ထဲမှာကိုက အနုပညာကို ဝါသနာအရမ်းပါလို့ လုပ်တာ။ ဇာတ်ကားတွေ ကတော့ တောက်လျှောက် အခုတော့ ရိုက်ဖြစ် နေတယ်။ ကိုယ့်ဇာတ်ကား ကိုကြည့် ပြီးပရိသတ်အတွက် တစ်ခုခုဖြစ် သွားတယ်
ဆိုရင်ပဲ သွန်းဆက်ကျေ နပ်ပါတယ်။ မော်ဒယ်သွန်းဆက်နဲ့ သရုပ်ဆောင် သွန်းဆက် အရမ်းကို ကွာခြားတယ်။ ဓာတ်ပုံရိုက်တယ်ဆိုတာ ကိုယ် post ပေးပြီး တော့ လုံးဝအတည်ပဲရိုက်ရတာ။

သရုပ်ဆောင် တယ်ဆိုတာက ကိုယ် လှုပ်ရှားတဲ့အရာတိုင်းကို ကင်မရာနဲ့ ရိုက်နေတာဆိုတော့ သရုပ်ဆောင် တဲ့အခါ သတိထားပြီးတော့ သရုပ် ဆောင်ရတာတွေရှိတယ်။ သရုပ် ဆောင်ဘဝကို အရမ်းရူး သွပ်ခဲ့တော့ သရုပ်ဆောင် ပဲဖြစ်ချင် ပါတယ်။

သရုပ်ဆောင်ဖြစ် ချင်တဲ့ အကြောင်း ပြချက်က သွန်းဆက် ငယ်ငယ်တုန်း က မထက်ထက်မိုးဦးကြော်ငြာတွေ ကြည့်ပြီး သူသရုပ်ဆောင် ပြီးသွား တာနဲ့ ကိုယ့်ဘာသာကိုယ် သီချင်း လိုက်ဆိုပြီး အဲဒီအတိုင်းကို အိုက်တင်လိုက်
လုပ်တာ။ အဲဒီလိုဆိုတော့ ငယ်ငယ်ကတည်းက သွန်းဆက်ရဲ့ စိတ်ထဲမှာ အနုပညာအရမ်းကိုစီး ဆင်းနေတာပါ။  

8 DAYS A WEEK ENTERTAINMENT
အနုပညာ အလုပ်ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ မဟုတ်ဘူးဆိုတဲ့ သွန်းဆက်အခွင့်အရေး နှစ်ခု တိုက်တာက သွန်းဆက် အမြဲတမ်းကြုံ ဖြစ်တယ်။ တစ်ခါတလေကျရင် အလုပ် နှစ်ခု အပြိုင်ဆိုရင် နှစ်ခုစလုံးကကောင်းနပြီဆိုရင် ကိုယ်က ဘယ်ဟာ ရွေး လို့ ရွေးရမှန်း မသိတော့ဘူး။ အခွင့် အရေးနှစ်ခု လာတိုက်ရင်တော့ အရမ်းစိတ်ညစ်တယ်။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် အကောင်းဆုံး တစ်ခုကိုပဲ ကိုယ်ကရွေးချယ်ရတာပေါ့။

ရေနံလုပ်ကွက်ရင်းနှီးမြှုပ်နှံမှုစံနှုန်းသစ် နိုင်ငံနှင့် လုပ်ငန်းရှင်များအတွက်ပါ အကျိုးရှိ

ပြည်တွင်းရေနံလုပ်ကွက်များအတွက် ရင်းနှီးမြှုပ်နှံမှုခေါ်ယူသည့် စံနှုန်းသတ်မှတ်ချက်အသစ်တွင် နိုင်ငံတော်၏ ဘဏ္ဍာရေးအတွက် အကျိုးအမြတ်ခံစားခွင့်နှင့် ရင်းနှီးမြှုပ်နှံမှု ဝေစုပါဝင်ခွင့်များ တိုးမြင့်လာသည့်အပြင် တိုင်းပြည် အတွက် အခြားကောင်းမွန်သည့်အချက်များစွာပါဝင်လာကြောင်း ရေနံလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကပြောသည်။ 

Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ

Photo: Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ
Friday, August 30, 2013

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါ
ဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့
 ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်။

အဲဒီ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar ခင်ဝင့်ဝါဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရုက္ခဗေဒ ကျောင်းသူ တဦးဖြစ်ပြီး မော်ဒယ်လ် တဦးလည်း ဖြစ်သလို Miss Myanmar သရဖူကို ရရှိပြီးချိန်မှာ မြန်မာနိုင်ငံ
ကို ကိုယ်စားပြုပြီး ရုရှနိုင်ငံ ဘီလာရုစ်မှာ သွားရောက် ယှဉ်ပြိုင်နေတဲ့
 မြန်မာနိုင်ငံ ဂုဏ်ဆောင် Miss တဦး ဖြစ်ပါတယ်။

သူ့ရဲ့ facebook စာမျက်နှာမှာ ခင်ဝင့်ဝါက “ပရိသတ်ကြီး မင်္ဂလာပါ။ ညီမကို အားပေးတယ်ဆိုရင် အောက်က Link က တဆင့် အနီရောင် စာလုံးကို နှိပ်ခြင်းဖြင့် ညီမကို Vote ပေးနိုင်ပါတယ်။ နေ့စဉ် မဲပေးနိုင်ပါတယ်၊ သြဂုတ် ၂၆ ရက်နေ့က စပြီး စက်တင်ဘာ ၄ ရက်နေ့ည ၁၂ နာရီ အထိ မဲပေးလို့ရပါတယ်။ Chrome ကနေ မဲပေးပြီးပေမယ့် Firefox နဲ့ ဖွင့်ပြီး မဲပေးလို့လည်း ရပါတယ်။ Browser မတူပါက မဲထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ်။ ညီမလေး ကြိုးစား ထားပါတယ်ရှင့်၊ ခင်ဝင့်ဝါရဲ့ ဓာတ်ပုံ (သို့) အမည်ကို Click လုပ်ပြီး နေ့စဉ် စိတ်ကြိုက် မဲပေးနိုင်ပါတယ်” လို့ သူ့ကို အားပေးတဲ့ မြန်မာ ပရိသတ်တွေကို ရေးသား တောင်းဆိုထားတာကို တွေ့ရပါတယ်။

ခင်ဝင့်ဝါဟာ ဒီနေ့ဒီအချိန်အထိ ပရိသတ်တွေက ပေးတဲ့ မဲ အနေနဲ့ ၂၃၄၃၉၁ မဲ ရရှိထားပြီး သူနဲ့ အပြိုင် Miss တွေကတော့ Miss Luxembourg ၂၃၅၇၉၅ မဲ၊ Miss Russia က ၁၂၅၈၁၆ မဲ၊ Miss Sweden က ၁၂၃၄၈၀ မဲ၊ Miss Australia က ၇၀၁၂၂ မဲ၊ Miss Thailand က ၆၉၉၂၈ မဲနဲ့ Miss Philippines က ၅၄၆၄၂ မဲတို့ ဖြစ်ကြပါတယ်။ သြဂုတ် ၂၉ ရက်နေ့ ညကတော့ ခင်ဝင့်ဝါနဲ့ Miss Philippines တို့ဟာ မဲ ၅ သောင်းကျော်နဲ့ အပြိုင်ဖြစ်နေရာက ဒီနေ့ သြဂုတ် ၃၀ ညနေမှာ ခင်ဝင့်ဝါက မဲ အပြတ်အသတ် ကျော်ဖြတ်တက်ခဲ့တာ ဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ facebook မှာ သူ့ကို အကဲဖြတ်ဒိုင်များက မေးခွန်းများမေးတဲ့
အချိန် သူ ပြန်လည် ဖြေဆိုထားတဲ့ Link တွေကိုလည်း တွေ့ရပါတယ်။

သူ့ရဲ့ ပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားမှုကို ဒိုင်တွေက မေးမြန်းတဲ့အခါမှာ “ကျမ အရမ်းကို စိတ်လှုပ်ရှား ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နိုင်ငံရပ်ခြား
ကို တခါမှ မရောက်ဖူးဘူးလေ” လို့ ဖြေကြားထားတာ တွေ့ရပါတယ်။

ဒါ့အပြင် သူက သူ့ရဲ့ မြန်မာနိုင်ငံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံ တခုမှာ
 ခြားနားတဲ့ အရာတွေကို မြင်ရတာ အရမ်းကောင်းတယ် ဆိုတဲ့ အကြောင်း၊
 မြန်မာနိုင်ငံက အရမ်းလှပသလို၊ ဘီလာရုစ်ကလည်း အတူတူပဲ ဆိုတဲ့
အကြောင်း၊ နှစ်နိုင်ငံ စလုံးမှာ ကောင်းမွန်တဲ့ အရာတွေ၊ သွားရောက်လည်
ပတ်ဖို့ ကောင်းတဲ့ နေရာတွေရှိတယ်ဆိုတဲ့ အကြောင်းတွေလည်း ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံက လတ်တလော အဟြေင်းအလဲတွေ အကြောင်းကို မေးတဲ့
အခါ သူက “ကျမတို့ နိုင်ငံက အခုဆိုရင် ပိုပြီး ပွင့်လင်းလာပါပြီ။ လှပပြီး အရောင်အသွေးစုံတဲ့ ကျမတို့နိုင်ငံကို အလည်လာဖို့ ရှင်တို့ အားလုံးကို ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။

အကဲဖြတ် ဒိုင်တွေက မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက် လည်ပတ်ဖို့ အကြံပြုချင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက သွားစရာ
 နေရာတွေ အများကြီးရှိတဲ့ အကြောင်း၊ ဒါပေမယ့် လာရောက်လည်ပတ် သူတွေအနေနဲ့ အချိန်နည်းမယ် ဆိုရင်တော့ ရွှေတိဂုံ ဘုရားကို သွားစေချင်တဲ့အကြောင်း အကြံပြုထားပါတယ်။

“အချိန် ပိုရမယ်ဆိုရင်တော့ မြန်မာဘုရင်တွေရဲ့ ရှေးဟောင်းမြို့တော် ပုဂံကိုသွားပါ။ မြန်မာနိုင်ငံရဲ့လှပမှုတွေ၊ အရောင်အသွေး စုံလင် မှုတွေက ရှင်တို့ကို အံ့သြစေလိမ့်မယ်လို့ ကျမဟြေရဲပါတယ်” လို့လည်း သူက ဆက်ပြော ထားပါတယ်။

ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ အင်္ဂလိပ်စကား အားနည်းမှုကို ခွင့်လွှတ်ဖို့ ဒိုင်တွေကို တောင်းပန်တဲ့အခါမှာ ဒိုင်တွေက “Miss Supranational 2013 ပြိုင်ပွဲဝင်များထဲမှာ ချစ်စရာ အကောင်းဆုံးနဲ့ အယဉ်ကျေး၊ အသိမ်မွေ့ဆုံး
 ဖြစ်တဲ့ Miss Myanmar က သူရဲ့ အင်္ဂလိပ်စကား အားနည်းမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်တဲ့ အတွက် ကျနော်တို့က သူရဲ့ အင်္ဂလိပ်စကား အမှန်တကယ် ကောင်းမွန်ပါတယ်” လို့ ပြန်လည် ဟြေဆိုခဲ့ပါတယ်။

အဲဒီလို ဒိုင်တွေက ပြောတဲ့ အခါမှာ သူက ပြုံးလိုက်ပြီး “ကျမ ကျေးဇူး
တင်ပါတယ်၊ ကျမ တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခဲ့ပါတယ်၊ ဒါပေမယ့် သိပ်ပြီး ချောချောမွေ့မွေ့ မဟြေနိုင်ပါဘူး၊ ကျမထပ်ပြီး သင်ယူချင်ပါ
 သေးတယ်၊ မနက်ဖြန်မှာ လုပ်မယ့် ပင်ကိုယ်စွမ်းရည် ပြိုင်ပွဲမှာ ကျမတို့ တိုင်းပြည်ရဲ့ ရိုးရာအက ကပြဖို့ ပြင်ဆင်ထားပါတယ်။ ရှင်တို့ သဘောကျ
မယ်လို့ ကျမ မျှော်လင့်ပါတယ်” လို့ ပြန်ပြောတာ တွေ့ရပါတယ်။

နောက်ဆုံး ပရိသတ်တွေကို စကားဟြေတဲ့ အခါမှာတော့ ခင်ဝင့်ဝါက သူ့ကို အားပေးတဲ့ သူတွေထဲမှာ သူ လုံးဝ မသိတဲ့သူတွေ ပါနေတဲ့အတွက် သူ့ကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။

“အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်၊ ကျမ သူတို့ကို သိစေချင်တာက ဒီသရဖူကို မြန်မာနိုင်ငံကို ယူလာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာပါပဲ။ ကျမ အားလုံးကို ချစ်ပါတယ်ရှင်” လို့ သူက အားပေးတဲ့ ပရိသတ်တွေကို တလေးတစား ကတိပေး ဖြေကြားတဲ့
အကြောင်း ဖော်ပြထားပါတယ်။

ဧရာဝတီ

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်။

မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း

Photo: မိုင်လီနှင့် လမ်းခွဲရန် ဟမ်းဆွော့သ်အား သူငယ်ချင်းများ တိုက်တွန်း
Friday, August 30, 2013

MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်
ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ မိုင်လီသည် MTV၏ ဆုပေးပွဲ အစီအစဉ်တွင် ရော်ဘင်
သီကီနှင့် တွဲဖက်ကာ ကာမရာဂ နှိုးဆွလွန်းပြီး ရိုင်းပြပွင့်လင်းလွန်းသည့်
 ဖျော်ဖြေမှုများ ပြုလုပ်ခဲ့သည့်အတွက် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက်(၂၀)အရွယ်ရှိ မိုင်လီသည် သူမထက် (၃)နှစ်ကြီးသည့် လီယမ်နှင့် (၃)နှစ်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။

The Last Song ဇာတ်ကားတွင် တွဲဖက်သရုပ်ဆောင်ရင်း ချစ်သူများ
 ဖြစ်လာသည့် စုံတွဲသည် ပြီးခဲ့သည့် လပိုင်းများက ဆက်ဆံရေး အေး
ခဲကြောင်း သတင်းများ ထွက်ပေါ်ဖူးသော်လည်း လက်တွေ့ လမ်းခွဲဖြစ်ခဲ့ခြင်း မရှိချေ။ Hannah Montana ကြယ်ပွင့်ဟောင်း မိုင်လီ၏ MTV ဖျော်ဖြေ
မှုနှင့် ပတ်သက်၍ သူမသည် ကလေးဘဝမှ လူကြီးအဖြစ် ပြောင်းလဲ
လာသည်ကို ဖွင့်ဟပြခြင်းဟု ထောက်ခံသူများ ရှိသလို အမြင်မတင့်တယ်
လွန်းကြောင်း ဝေဖန် ပြစ်တင်သူများလည်း ရှိနေသည်။ လီယမ်၏သူငယ်ချင်း
များကမူ မိုင်လီ၏ ပုံရိပ်သည် တက်လမ်းကောင်းမွန်နေသော ဟောလီးဝုဒ် လူငယ်မင်းသား၏ အနာဂတ်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်တကြီး သတိပေးနေကြသည်။ 

လီယမ်နှင့် နီးစပ်သူများက ယင်းအခြေအနေကို လီယမ်ကိုယ်တိုင်ကလည်း အလေးအနက် တွေးတောနေသော်လည်း တစ်စုံတစ်ရာ မှတ်ချက်စကား
 ပြောဆိုခြင်း မရှိသေးဟုလည်း ပြောကြားသွားကြသည်။

Planet Myanmar Network

MTV ဂီတဗီဒီယို ဆုပေးပွဲတွင် လူအများ ဝေဖန်စရာ ဖျော်ဖြေမှုမျိုး ပြုလုပ်ခဲ့သည့် မိုင်လီဆိုင်းရပ်စ်ကို စွန့်ခွာရန် လီယမ်ဟမ်းဆွော့သ်အား သူငယ်ချင်းများက ဝိုင်းဝန်း တိုက်တွန်းနေကြောင်း သိရှိရသည်။ Hunger Games: Catching Fireစတား လီယမ်သည် မိုင်လီနှင့် ချစ်သူများအဖြစ် ကာလအတန်ကြာ ရှိနေခဲ့သော်လည်း ယခုအခါတွင် ၎င်း၏ အနာဂတ် အနုပညာဘဝအတွက် မိုင်လီကို စွန့်ခွာသင့်ပြီဟု ဖိအားပေး အကြံပြုမှုများ ကြုံနေရသည်။ 

မြေထဲပင်လယ်သို့ နောက်ထပ်တိုက်သင်္ဘောတစ်စင်း အမေရိကန် စေလွှတ်

Photo: မြေထဲပင်လယ်သို့ နောက်ထပ်တိုက်သင်္ဘောတစ်စင်း အမေရိကန်
 စေလွှတ်
Friday, August 30, 2013

အမေရိကန် ရေတပ်၏ ဖျက်သင်္ဘောတစ်စင်းသည် မြေထဲပင်လယ် ဒေသ
သို့ ဦးတည်ခုတ်မောင်း ရွေ့လျားနေပြီး အဆိုပါ ဒေသရှိ တိုက်သင်္ဘော အုပ်စုနှင့် သွားရောက် ပူးပေါင်းမည်ဟု သိရှိရသည်။ အဆိုပါ သင်္ဘောပါ
 မြေထဲပင်လယ်ထဲ ရောက်ရှိလာပါက ဆီးရီးယားအနီးတွင် အမေရိကန်
 ရေတပ် စစ်သင်္ဘော (၅)စင်းထိ ဖြန့်ကျက်ထားပြီး ဖြစ်လာသလို ဆီးရီးယား
ကို တိုက်ခိုက်ရန် အခြေအနေသည် ပိုမိုနီးစပ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ ဆီးရီးယား၏ မဟာမိတ် ရုရှားနိုင်ငံကလည်း ခရုစ်ဒုံးကျည်တင် တိုက်သင်္ဘော တစ်စင်းနှင့် ရေငုပ်သင်္ဘောဖျက် သင်္ဘောတစ်စင်းတို့ကို
 မြေထဲပင်လယ်သို့ ပို့ဆောင်မည်ဟု ကြေညာထားသည်။ ထို့ကြောင့် ဆီးရီးယားအနီး ရေပြင်တွင် ကမ္ဘာ့စစ်အင်အားကြီး နှစ်နိုင်ငံ၏ ရေတပ်များ တပ်ဖြန့်ထားသည့် အခြေအနေသို့ ဆိုက်ရောက်လာမည် ဖြစ်သည်။


အမေရိကန် လုံခြုံရေးဌာန ထိပ်တန်းတာဝန်ရှိသူ တစ်ဦးက "အမေရိကန် အနေနဲ့ USS Stout ဖျက်သင်္ဘောကို မြေထဲပင်လယ်မှာ ရွေ့လျားနေစေ
ပါတယ်။ ဒါဟာ ဆီးရီးယားအပေါ် တိုက်ခိုက်မှုအတွက် အဆင်သင့် ရှိနေအောင် ချဉ်းကပ်စေမှုလို့ ယူဆရပါတယ်"ဟု Daily Starသို့ ပြောကြား
ခဲ့သည်။ 

၎င်းကပင် "သင်္ဘောဟာ ခုချိန်မှာ မြေထဲပင်လယ်ထဲ ရောက်နေပါပြီ။ ဒါပေမဲ့ အရှေ့ဘက်ကို ဆက်ပြီး ဦးတည်နေတုန်းပါ"ဟုလည်း ဆက်လက် ပြောဆို
သွားသည်။ 

ရုရှားက ရေတပ်သင်္ဘော (၂)စင်းကို မြေထဲပင်လယ်သို့ စေလွှတ်မည်ဟု
 ကြေညာပြီး နောက်တစ်နေ့မှာပင် အမေရိကန်က ဖျက်သင်္ဘော(၁)စင်းဖြင့် အင်အားဖြည့်ခဲ့ခြင်း ဖြစ်သည်။ 

ရုရှား၏ Interfax သတင်းဌာနက ရုရှားသင်္ဘော နှစ်စင်းသည် လာမည့် ရက်ပိုင်းအတွင်း မြေထဲပင်လယ်သို့ ထွက်ခွာမည်ဟု ဖော်ပြခဲ့ပြီး လတ်တလောတွင်မူ ပြန်လည် စီစစ်ညှိနှိုင်းမည့် အခြေအနေအချို့ ရှိနေသေးကြောင်း ရေတပ်မှ တာဝန်ရှိသူတစ်ဦး၏ အဆိုကို ကိုးကား
 ရေးသားသွားသည်။

Planet Myanmar Network
အမေရိကန် ရေတပ်၏ ဖျက်သင်္ဘောတစ်စင်းသည် မြေထဲပင်လယ် ဒေသသို့ ဦးတည်ခုတ်မောင်း ရွေ့လျားနေပြီး အဆိုပါ ဒေသရှိ တိုက်သင်္ဘော အုပ်စုနှင့် သွားရောက် ပူးပေါင်းမည်ဟု သိရှိရသည်။ အဆိုပါ သင်္ဘောပါမထဲပင်လယ်ထဲ ရောက်ရှိလာပါက ဆီးရီးယားအနီးတွင် အမေရိကန်ရတပ် စစ်သင်္ဘော (၅)စင်းထိ ဖြန့်ကျက်ထားပြီး ဖြစ်လာသလို ဆီးရီးယားကို တိုက်ခိုက်ရန် အခြေအနေသည် ပိုမိုနီးစပ်လာနိုင်ကြောင်း သတင်းများက ဆိုသည်။ 

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ လွှတ်တော်တွင် သုံးကြိမ်မြောက် ကျင်းပမည်

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် ဒီမိုကရေစီ ထွန်းကားရေးအတွက် ရည်ရွယ်သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ သုံးကြိမ် မြောက်ကျင်းပမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က ထုတ်ပြန်သည်။

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း ပြင်သစ် ပြောကြား


လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။

နှစ်ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ကုလသမဂ္ဂ ကူညီမည်ဟု နမ်ဘီးယားပြောကြား

လူ ၄၀ ကျော် သေဆုံးပြီး အိမ်ခြ ၅၀၀ ကျော် မီးရှို့ခံခဲ့ရသော မိတ္ထီလာမြို့တွင် နှစ်ဖက်လူ့အဖွဲ့ အစည်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ကုလသမဂ္ဂအဖွဲ့ကြီးက ကူညီပေးမည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဘီဂျေးနမ်ဘီးယားက ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ကွတ်ခိုင်မြို့နယ် ဧက (၆)သိန်းကိစ္စ နိုင်ငံတော်သမ္မထံ စာတင်မည်ဟုဆို

30.8.13skt3
ကွတ်ခိုင်မြို့နယ်အတွင်း တာမိုးညဲချမ်းသာကုမ္မဏီမှ တာဝန်ယူဆောင်ရွက်မည့် ဧက (၆)သိန်း စီမံကိန်းမှာ ဒေသအတွင်းရှိ လူထု၏ အကျိုးစီးပွားအား ထိခိုက်စေနိုင်သဖြင့် သမ္မတထံသို့ စာတင်ပြီးကန့်ကွက် သွားမည်ဖြစ်ကြောင်း သိရသည်။

တောရက်စ်ကို အရောင်းစာရင်း တင်တော့မယ့် ချဲလ်ဆီး

တောရက်စ်ကို အရောင်းစာရင်း တင်တော့မယ့် ချဲလ်ဆီး

 ချဲလ်ဆီးအသင်းသည် ၀ါရင့်တိုက်စစ်မှုး အီတိုး ရောက်ရှိလာမှုနှင့်အတူ တောရက်စ်အား အရောင်းဈေးကွက်သို့ တင်ရန် ပြင်ဆင်လာသည်။

မော်ရင်ညိုသည် အီတိုးအား တစ်နှစ် စာချုပ်ဖြင့် ခေါ်ယူခဲ့ပြီးနောက် စံချိန်တင် ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူထားသော တောရက်စ်ကို အရောင်း ဈေးကွက်သို့ တင်တော့မည် ဖြစ်သည်။ အီတိုးသည် အင်တာမီလန် အသင်းတွင် ကစားစဉ်က မော်ရင်ညိုဖြင့် အတူ လက်တွဲကာ သမိုင်းဝင် အောင်ပွဲ ဆွတ်ခူး ထားနိုင်ခဲ့သည်။

အန်ဇီး အသင်းသို့ စံချိန်တင် လုပ်ခ လစာဖြင့် ပြောင်းရွေ့ပြီးနောက် ယခု မော်ရင်ညိုဖြင့် ပြန်လည် လက်တွဲတော့မည် ဖြစ်သည်။ အီတိုးရောက်ရှိလာသောကြောင့် လက်ရှိ ချဲလ်ဆီးအသင်းတွင် ဒမ်ဘာဘ၊ လူကာကူ၊ တောရက်စ် စုစုပေါင်း တိုက်စစ်မှုး (၄)ဦး ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် မော်ရင်ညိုက ၂၀၁၁ ခုနှစ်က ပေါင်သန်း(၅၀)ဖြင့် ခေါ်ယူထားသော တိုက်စစ်မှုး တောရက်စ်ကို ရောင်းထုတ်သွားတော့မည် ဖြစ်သည်။

Ref : http://www.football-cafe.com

ချဲလ်ဆီးအသင်းသည် ၀ါရင့်တိုက်စစ်မှုး အီတိုး ရောက်ရှိလာမှုနှင့်အတူ တောရက်စ်အား အရောင်းဈေးကွက်သို့ တင်ရန် ပြင်ဆင်လာသည်။

တိုက်နယ်ဆေးရုံများတွင် ဆရာဝန်ထားပေးရန် RNDP အတွင်းရေမှူး တစ်ကိုယ်တော် ဆန္ဒပြမည်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တိုက်နယ်ဆေးရုံများတွင် ဆရာဝန် မရှိသည်မှာ နှစ်ချီ ကြာမြင့်နေပြီ ဖြစ်သဖြင့် ဆရာဝန် ချထားပေးရန် သြဂုတ်လ ၂၉ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ အတွင်းရေးမှူး ဦးထွန်းထွန်းဦးက တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ ကာယကံရှင်က ပြောကြားသည်။

လက်နက်ခဲယမ်းများ လျှို့ဝှက်သိမ်းဆည်းထားမှုရှိမရှိ အိမ်တိုင်ရာရောက်စစ်ဆေးမည်

လက်နက် ခဲယမ်းများ ကြိုတင်စုဆောင်းပြီး မသမာသူတစ်စုက အကြမ်းဖက် မှုများပြုလုပ်မည်ဟု ကြားသိရ သည့်သတင်းများအရ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်နှင့် မြို့နယ်အချို့ရှိ နေအိမ်များတွင် လက်နက်ခဲယမ်းများလျှို့ဝှက် သိမ်းဆည်းထားမှုရှိမရှိကို လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များက လိုက်လံ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိ ရသည်။

စာသင်ကျောင်းပေါ်ကို အစိုးတပ်တွေက ဗုံးကြဲချ


ဆီးရီးယားမှာ ဓါတု လက်နက်သုံး တိုက်ခိုက်နေမှု အပေါ် ဝင်ရောက် စွတ်ဖက်မှု လုပ်ဖို့ သင့်မသင့် ဆိုတာကို အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ထိပ်တန်း အမတ်တွေကို မကြာခင် အချိန်ပိုင်း အတွင်း အစိုးရ အရာရှိတွေက တင်ပြ ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါးများဝင်ဖမ်းရာ အိမ်သုံးဆေးများသာ ဖမ်းမိ


တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် မူးယစ်ဆေးဝါးများရှိသည်ဟု ရဲများက သတင်း ရသဖြင့် သြဂုတ် ၂၈ ရက်က ၀င်ရောက်ရှာဖွေရာ မူးယစ်ဆေးများကို မတွေ့ရှိရဘဲ အိမ်သုံးဆေးများကိုသာ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ရှိ


"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသည HIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ်များကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

လေးနှစ်သမီးကို အဓမ္မကျင့်ရန်ကြံစည်သည်ဟုဆိုကာ အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး အမှုဖွင့်ခံရ

လေးနှစ်အရွယ်သာ ရှိသေးသည့် သူ့သမီးငယ် ကလေးငယ်ကို အဓမ္မပြုကျင့်ရန် ကြံစည်သည်ဟုဆိုကာ ကလေး၏ မိခင်က အသက် ၃၀ ကျော်ရွယ် အမျိုးသားတစ်ဦးအား သင်္ဃန်းကျွန်းရဲစခန်းတွင် သြဂုတ်လ ၂၉ ရက်က တိုင်တန်း ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အီရန်တပ်ဖွဲ့အတွက် မျိုးဆက်သစ် ပဲ့ထိန်းဒုံးကျည် သစ်တစ်မျိုး ထုတ်လုပ် တပ်ဆင်

အီရန်တပ်ဖွဲ့ အတွက် Naziat ပဲ့ထိန်းဒုံးကျည် အမျိုးအစား၏ မျိုးဆက်သစ် ပဲ့ထိန်းဒုံးကျည် တစ်မျိုးကို ထုတ်လုပ်ထားပြီး ဖြစ်ကြောင်းနှင့် ၄င်းဒုံးကျည် မူကွဲ အမျိုးမျိုး ကိုလည်း ကြည်းတပ်တွင် တပ်ဆင် ပေးထားပြီး ဖြစ်ကြောင်း အီရန် ကြည်းတပ်၏ မြေပြင် တပ်ဖွဲ့တပ်မှူး ဗိုလ်မှူးချုပ် အာမက်ရီ ဇာပေါဒါ စတန်က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားအရေး အမေရိကန် မစွက်ဖက်ရန် အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

ဆီးရီးယားအရေးမှာ အမေရိကန်အစိုးရက ၀င်ရောက်စွက်ဖက်မှာကို မလိုလားတဲ့ လူတွေ မနေ့က အိမ်ဖြူတော်ရှေ့မှာ စုရုံး ဆန္ဒပြကြပါတယ်။

ဆန္ဒပြပွဲကို စီစဉ်တဲ့ Answer Coalition အဖွဲ့က ရိုင်ယန် ဘက်ခါက ဆီးရီးယားမှာ အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆီရီးယားမြို့တော် ဒမာစကက်ကို အမေရိကန်က ဗုံးကြဲရင် ဒုက္ခသည်တွေ ပိုတိုးလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်၊။

အိန္ဒိယမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် သြဂုတ်လ၂၄ ရက်နေ့က အိန္ဒိယနိုင်ငံမှ တရားမဝင် လာရောက်နေထိုင်သူများထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ခင်မောင်သော်က The Voice သို့ ပြောကြားသည်။

မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်သားများမြေနေရာအငြင်းပွား

30.8.13-mn1
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မြို့နယ် အရန်မီးသတ်ဟု ဆိုင်းဘုတ်တင်ထားသော မြေနေရာအား မြို့နယ်အရန်မီးသတ်နှင့် အောင်သပြေရပ်ကွက်သားများကြား မြေနေရာ အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။.

7F/ နံပါတ်များ စတင်ထုတ်ပေးခဲ့သည့် သြဂုတ် ၂၈ ရက်တွင် 7F/9999 ကို ကျပ် ၂၈ သိန်းဖြင့် ရောင်းချနိုင်ခဲ့

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ 7F/ နံပါတ်များ စတင် ထုတ်ပေးခဲ့သည့် သြဂုတ် ၂၈ ရက်တွင် 7F/9999 နံပါတ်ကို ကျပ် ၂၈ သိန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ရွှေဂက်စ်ပိုက်လိုင်းကို လက်မှတ်ထိုးကန့်ကွက်သည့်လှုပ်ရှားမှု ရှမ်းမြောက်၌စတင်

ရွှေဂက်စ်ပိုက်လိုင်းစီမံကိန်းနှင့်ပတ်သက်ပြီး လက်မှတ်ထိုးကန့်ကွက်မည့် လှုပ်ရှားမှုတစ်ခု ရှမ်းပြည်နယ်  (မြောက်ပိုင်း)တွင် ပထမဆုံးအကြိမ်အဖြစ် စတင်နေပြီဖြစ်သည်ဟု  တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး (၁) မိုင်းမျိုးအောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းများတွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် စိတ်ဝင်စားမှုများရှိနေ


မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် လာသော အခြေအနေများကြောင့် ပြည်ပခရီးသည်ဝင်ရောက်မှုမှာ လည်း တစ်နှစ်နှင့်တစ်နှစ် တိုးတက် များပြာလာနေသဖြင့် ပြည်တွင်းရှိ ဟိုတယ်လုပ်ငန်းများလည်းဖွံ့ ဖြိုးတိုး တက်လာခဲ့သည်။

အစာကျွေးမှု စနစ်မှား၍ မွေးမြူရေးအစာဈေးပိုကြီးဟုဆို

ငါးမွေးမြူရေးလုပ်ငန်းများ၏ အစာကျွေးမှုစနစ် မှားခြင်းကြောင့် အစာလေလွင့်မှုများ၍ မွေးမြူရေးအစာဈေး မြင့်တက်နေ ရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ကုန်းတွင်းရေနံနှင့် ဓာတ်ငွေ့လုပ်ကွက် ပြည်ပကုမ္ပဏီများ စတင်လျှောက်ထား

ယခုနှစ်ဆန်းပိုင်းက တင်ဒါခေါ်ယူထားသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ၁၈ ခုတွင် တူးဖော်လုပ်ကိုင်ရန် နောက်ဆုံးအဆင့် အဆိုပြုလွှာ တင်ထားသော ပြည်ပကုမ္ပဏီများက လုပ်ကိုင်ခွင့် လျှောက်ထားပြီ ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာသည်။

"ပေါ်တိုခံစစ်မှူး မန်ဂါလာကို မန်ချက်စတာစီးတီး စိတ်ဝင်စားနေ"


မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီသည် အသင်း၏ ခံစစ်စုဖွဲ့မှု၌ ကစားသမား ပြတ်လပ်မှုများ ကြုံနေရပြီး ကားဒစ်ဖ်စီးတီးကို အရေးနိမ့်သည့် ပွဲစဉ်တွင် ကွင်းလယ်လူ ဂျာဗီဂါစီယာကိုပင် နောက်တန်း၌ ထည့်သွင်း အသုံးပြုခဲ့ရသည်။

ကင်ညာ နိုင်ငံတွင် အမျိုးသား နှစ်ဦးက အမျိုးသမီး တစ်ဦးအား တစ်ပြိုင်တည်း လက်ထပ်

ကင်ညာ နိုင်ငံတွင် အမျိုးသား နှစ်ဦးက အမျိုးသမီး တစ်ဦးအား တစ်ပြိုင်တည်း လက်ထပ်

Friday, 30 August 2013

ကင်ညာနိုင်ငံမှ အမျိုးသား နှစ်ဦးသည် ၎င်းတို့၏ ချစ်သူ အမျိုးသမီး တစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်ရန် သဘော တူခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသား နှစ်ဦးနှင့် ယင်းအမျိုးသမီးတို့ ချစ်ကြိုက် နေသည်မှာ လေးနှစ်ကျော် ကြာပြီ ဖြစ်ပြီး ၎င်းအမျိုးသမီးသည် မည်သည့် အမျိုးသားကို ရွေးချယ်၍ လက်ထပ် ရမည်ကို ဆုံးဖြတ်၍ မရခဲ့ပေ။ နောက်ဆုံးတွင် နှစ်ဦးစလုံးနှင့် လက်ထပ်ပြီး တစ်အိမ်တည်းတွင် အတူ နေရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

၎င်းအမျိုးသား နှစ်ဦးအနက် တစ်ဦးဖြစ်သူ Mwendwa ဆိုသူက ၎င်းသည် အဆိုပါ အမျိုး သမီးကို အလွန် ချစ်မြတ်နိုးကြောင်း ဘီဘီစီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ကင်ညာ နိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် ယောက်ျား တစ်ဦးမက ယူခွင့်ရှိပြီး လင်ပြိုင်ယူခွင့် ရှိသော ဓလေ့ရှိကြောင်း ရှေ့နေများက ပြောကြားခဲ့သည်။ သို့သော် အဆိုပါ ဓလေ့ကို လက်တွေ့ လုပ်ဆောင်ခဲ့သူ တစ်စုံ တစ်ဦးမျှ မရှိကြောင်း၊ ၎င်းတို့၏ လက်ထပ်ခြင်းသည် ကင်ညာ ပြည်သူများကို အံ့အားသင့်စေ ခဲ့ပြီး နိုင်ငံ၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ ဥပဒေနှင့် လုံးဝ မကိုက်ညီကြောင်း ဝေဖန်ချက်များ ထွက်ပေါ် လာခဲ့သည်။

အဆိုပါ အမျိုးသား နှစ်ဦးသည် ပထမ ပိုင်းတွင် အဆိုပါ အမျိုးသမီးနှင့် စပ်လျဉ်း၍ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး ပြည်သူ့ မူဝါဒ ချမှတ်ရေး ဆိုင်ရာ အဖွဲ့မှ အရာရှိ တစ်ဦးက ၎င်းတို့ နှစ်ဦးအား ၀င်ရောက် ဖျန်ဖြေပြီးနောက် ၎င်းတို့အကြား ပြေလည်မှု ရရှိခဲ့ခြင်း ဖြစ်သည်။

သူမ၏ မိဘများ ကလည်း မိမိတို့၏ လက်ထပ် မင်္ဂလာကို ချီးမွမ်းခဲ့ကြောင်း Mwendwa က ပြောကြားခဲ့သည်။ ထို့နောက် Mwendwa က ၎င်းအမျိုးသမီးအား တဏှာစိတ်နှင့် လက်ထပ်ခြင်း မဟုတ်ဘဲ အချစ် တစ်ခုတည်းဖြင့် လက်ထပ်ခဲ့ခြင်း ဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ 

အဆိုပါ အမျိုးသမီးသည် နာမည် ဖော်ပြခြင်း မရှိသော်လည်း ကလေး နှစ်ဦး၏ မိခင်  မုဆိုးမ တစ်ဦးဖြစ်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/23977-2013-08-30-13-09-18

ကင်ညာနိုင်ငံမှ အမျိုးသား နှစ်ဦးသည် ၎င်းတို့၏ ချစ်သူ အမျိုးသမီး တစ်ဦးနှင့် တစ်ပြိုင်တည်း လက်ထပ်ရန် သဘော တူခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသား နှစ်ဦးနှင့် ယင်းအမျိုးသမီးတို့ ချစ်ကြိုက် နေသည်မှာ လေးနှစ်ကျော် ကြာပြီ ဖြစ်ပြီး ၎င်းအမျိုးသမီးသည် မည်သည့် အမျိုးသားကို ရွေးချယ်၍ လက်ထပ် ရမည်ကို ဆုံးဖြတ်၍ မရခဲ့ပေ။ နောက်ဆုံးတွင် နှစ်ဦးစလုံးနှင့် လက်ထပ်ပြီး တစ်အိမ်တည်းတွင် အတူ နေရန် ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

ဖွံ့ဖြိုးမှုနောက်အကျဆုံး စာသင်ကျောင်းများအတွက် ဒေါ်လာသန်း ၆၀ အသုံးပြုမည်

ကမ္ဘာ့ဘဏ်မှရရှိသော ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အနက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများရှိ စာသင်ကျောင်း တစ်သောင်းကျော်အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က သြဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် သတ္တမ အစည်းအဝေးတွင် ပြောကြားသည်။

Miss Supranational မှ ပြိုင်ပွဲများရဲ့ လှုပ်ရှားမှုပုံရိပ်တချို့

Miss Supranational မှ ပြိုင်ပွဲများရဲ့ လှုပ်ရှားမှုပုံရိပ်တချို့

" ဆီးရီးယားသို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတင်ပို့ရန်မြောက်ကိုရီးယား ကြိုးစားခဲ့ဖူး"


အရပ်သား များကို ဓာတုလက်နက် များဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲပြီး အမေရိကန်က ဆီးရီးယားကို အရေးယူ မည်ဟု သတိပေးနေချိန် တွင် မြောက်ကိုရီးယားမှ ဆီးရီးယားသို့ တင်ပို့သည့် ဓာတ်ငွေ့ကာ မျက်နှာဖုံးများ၊ လက်နက်ခဲ ယမ်းများကို တူရကီနိုင်ငံ ဒါဒန်နယ်လ် ရေလက်ကြား တွင် ဧပြီ ၃ ရက်နေ့ က ဖမ်းဆီးမိ ခဲ့ ဖူးကြောင်း ဂျပန် သတင်းစာ ဆန်ခဲရှင်ဘွန်း က အင်္ဂါနေ့က ထုတ်ဖော် ရေးသားလိုက်သည်။

တစ်ကောင် ဒေါ်လာ နှစ်သောင်းတန် မြင်း ၂၄ ကောင် ဝယ်ယူ

(၂၇)ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အသုံးပြုရန် ခြောက်ပေ အမြင့်ရှိ နိုင်ငံတကာအဆင့်မီ မြင်း ၂၄ ကောင်ကို တစ်ကောင်လျှင် ဒေါ်လာ နှစ်သောင်းနီးပါးနှုန်းဖြင့် သြစတြေးလျ နိုင်ငံမှ ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောကြားသည်။

ဆီးရီးယားကို တုံ့ပြန်မည့် အစီအစဉ် မဆုံးဖြတ်ရသေးဟု အိုဘားမား ပြောကြား


ဆီးရီးယား အစိုးရသည် လွန်ခဲ့သော သီတင်းပတ် အတွင်းက ဓာတုလက်နက် သုံး၍ ဆီးရီးယား ပြည်သူများကို တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နှင့် ဗြိတိန်တို့က ဆီးရီးယား အစိုးရကို စစ်ရေးဖြင့် ဝင်ရောက် တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသော်လည်း ဆီရီးယားကိုပြန်လည် တုံ့ပြန်မည့် အစီအစဉ်ကို မဆုံးဖြတ်ရသေးကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ကြောင်း CNA သတင်းတွင်ဖော်ပြထားသည်။

တိုက်ကွမ်ဒိုပြိုင်ပွဲ ကိုရီးယား လျှပ်စစ်ကာဗာ သုံးမည်


(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်မည့် တိုက်ကွမ်ဒို အားကစားနည်း အမှတ်ပေးစနစ် အတွက် ကိုရီးယားနိုင်ငံက ထုတ်လုပ်သည့် KP&P အမည်ရှိ လျှပ်စစ် ကာဗာကို အသုံးပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုက်ကွမ်ဒို အဖွဲ့ချုပ် နည်းပြချုပ် ဦးကျော်သန်းဦးက ပြောကြားသည်။

ငမိုးရိပ်ရေပေးဝေရေးစီမံကိန်း အောက်တိုဘာလတွင် ပြီးစီးမည်ဟုဆို

ရန်ကုန်မြို့တော်တွင်းရှိ မြို့နယ်များသို့ သောက်သုံးရေများ ထပ်တိုးဖြန့်ဝေပေးရန် ဆောင်ရွက်လျက်ရှိသော ငမိုးရိပ် ရေပေးဝေရေး စီမံကိန်း အမှတ် (၂) ကို အောက်တိုဘာလတွင် အပြီးသတ် ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မြစ်သာရေကြီးမှု ဒေသတွင်းဆည်များကြောင့်ဟု ရေးသားမှု ရာဇဂြိုဟ်ဆည်တာဝန်ရှိသူတို့ ရှင်းလင်း

ကလေး ဒေသ မြစ်သာ နေရဉ္စရာရေကြီး ရေလျှံမှုသည် ကလေးဒေသတွင်း ရှိ မဏိပူရဆည်နှင့်ရာဇဂြိုဟ်ဆည် များမှရေဖွင့်ချမှုကြောင့် ကလေး ဒေသ ရေလျှံရေကြီးနေရခြင်းဖြစ် ကြောင်း ဂျာနယ်တစ်စောင်မှလွဲ မှားစွာ ရေးသားဖော်ပြနေမှုများ အပေါ် သိသာထင်ရှားစေ ရန် ကလေးရာဇဂြိုဟ် ဆည်မြောင်း တာဝန်ရှိသူတို့က ကလေးဒေသ အခြေစိုက်စာနယ်ဇင်းအဖွဲ့ကို ဩဂုတ်၂ရရက်က ဖိတ်ကြားရှင်း လင်းမှုများပြုလုပ်ခဲ့ကြောင်း သိ ရသည်။

စည်ပင် သန့်ရှင်းရေး ဝန်ထမ်းများ အမှိုက်အတွင်း ပစ္စည်းရှာပါက အလုပ်မှ ထုတ်ပယ်သည် အထိ အရေးယူမည်

ရန်ကုန်မြို့တော် အတွင်းရှိ စည်ပင် သာယာရေး ကော်မတီမှ သန့်ရှင်းရေး ဝန်ထမ်းများ အနေဖြင့် စွန့်ပစ် အမှိုက်များ အတွင်းပစ္စည်းရှာပါက အလုပ်မှ ထုတ်ပယ်ခံရသည် အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

ထမင်းချက် အလုပ်ပေးမည်ဟု ဆိုကာ ပြည့်တန်ဆာလုပ်ငန်း အတွက် ခိုင်းစေသည့် အိမ်ရှင် လင်မယားအား အရေးယူ

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ နန္ဒဝန် ရပ်ကွက်၌ သြဂုတ် ၂၆ ရက်က အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည်ဟု ဆိုကာ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့သဖြင့် အိမ်ရှင် လင်မယားအား ရဲတပ်ဖွဲ့မှ အရေးယူခဲ့ရကြောင်း မုံရွာအမှတ် (၂) ရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ရဲများက အနံ့ခံခွေးများကို လူကဲ့သို့ ရိုးရာပုံစံ မင်္ဂလာဆောင်ပေးခြင်းကို သီရိလင်္ကာ ယဉ်ကျေးမှု ဝန်ကြီး ပြစ်တင်


ဗုဒ္ဓဘာသာဝင်ဦးရေ အများစုရှိသော သီရိလင်္ကာနိုင်ငံတွင် ဗုံးစသော ပေါက်ကွဲစေတတ်သည့် လက်နက်များကို အနံ့ခံ ရှာဖွေသည့် ရဲဘက်သုံး ခွေးများကို သီရိလင်္ကာ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း မင်္ဂလာဆောင်ပေးခဲ့ခြင်းကို သီရိလင်္ကာ ယဉ်ကျေးမှု ဝန်ကြီး က ပြစ်တင် ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယထိပ်သီး မူဂျာဟစ်ဒင်ခေါင်းဆောင် ဖမ်းမိ


အိန္ဒိယတွင် မကြာသေးခင်က ဖြစ်ခဲ့သည့် တိုက်ခိုက်မှုများ၏ လက်သည်ဟု ယူဆရသူ ယာဆင် ဘက်ကယ်ဆိုသည့် အိန္ဒိယ မူဂျာဟစ်ဒင် စစ်သွေးကြွ အဖွဲ့ ထိပ်သီးခေါင်းဆောင်ကို ရဲတပ်ဖွဲ့က လက်ရ ဖမ်းဆီးနိုင်ခဲ့ ပြီ ဖြစ်ကြောင်း BBC သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

Air Supply ဖျော်ဖြေပွဲမှ ရရှိငွေအချို့ကို စစ်ဘေးသင့်ကလေးငယ်များအား သွားရောက်လှူဒါန်း

ပုဂံအင်တာတိန့်မန်နှင့် ထူးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် Air Supply Live In Myanmar ဖျော်ဖြေပွဲမှ ရရှိသည့်ဝင်ကြေးများထဲမှ အချို့အား ကချင်စစ်ဘေးဒဏ်သင့် ကလေးငယ်များ၏ ပညာသင်ကြားရေးအတွက် သြဂုတ် ၂၁ရက်က သွားရောက်လှူဒါန်းခဲ့ကြောင်း ယင်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

တက်သစ်စမင်းသမီ စိုးနန္ဒာကျော်နှင့်တွေ့ဆုံခြင်း။


The Sign Of Love ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားတဲ့ မြတ်နိုးခင်ဟုပြောလျှင် လူတိုင်းသိကြမှာပါ။ အခု မြတ်နိုးခင်တစ်ယောက် အနုပညာလောကထဲကို တဖြည်းဖြည်းနဲ့ ရောက် ရှိလာနေပါပြီ။ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးတော့မယ်လို့ပြောလာတဲ့ တက်သစ်စမင်းသမီး လေး 'စိုးနန္ဒကျော်'နဲ့ အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

ကလေးအမေဖြစ်သွားတဲ့ ကိုရီးယားဘာဘီရုပ်လေး ဟန်ချေးယွန်း

ကိုရီးယားမှာ ဘာဘီရုပ်ကလေးလို့ လူသိများကျော်ကြားတဲ့ မင်းသမီးချောဟန်ချေးယွန်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူး နေ့ကသားယောက်ျားလေး တစ်ဦးမွေးဖွားခဲ့ပြီး ကလေးအမေတစ်ဦးဖြစ်လာခဲ့ပါတယ်။ သူမဟာ ဆိုးလ်မြို့ ကဆေးရုံတစ်ခုမှာ မွန်းလွဲ ၁ နာရီလောက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဒီသတင်းကို သူမရဲ့အေဂျင်စီက ထုတ် ပြန်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ မိခင်ရောကလေးပါ ကျန်းမာစွာရှိနေတယ်လို့ ဖော်ပြခဲ့ကြပြီးသူမအ နေနဲ့လည်း ကလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့လို့ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။

လက်နက်တင်ပို့မှု ကုလ ပိတ်ပင်ချက် မြောက်ကိုရီးယား ချိုးဖောက်


မြောက်ကိုရီးယား သင်္ဘောပေါ်၌ ကျူးဘား စစ်လက်နက်များကို တရားဝင် ကြေညာခြင်း မရှိဘဲ သယ်ဆောင်လာခြင်းသည် ကုလသမဂ္ဂ အဖွဲ့မှ ချမှတ်ထားသော လက်နက် တင်ပို့မှု ပိတ်ပင်ချက်ကို မြောက် ကိုရီးယားနိုင်ငံက သံသယမရှိ ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ပနားမား နိုင်ငံက ပြောကြား သွားကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။

သွားလာခက်ခဲဒေသများကို ပျံသန်းရန် အမေရိကန်ထုတ် လေယာဉ်ငယ်များဝယ်ယူမည်


မြန်မာ့ လေကြောင်းမှ အမေရိကန်နိုင်ငံ Cessna Grand Caravan အပေါ့ စားလေယာဉ်အသစ် နှစ်စင်းဖြင့် လမ်းပန်းဆက်သွယ်ရေး သွားလာ ရန်ခက်ခဲသည့် ဒေသများသို့ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပျံသန်း နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိ ရသည်။

ဆီးရီးယားအရေး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ရန် တရုတ် တိုက်တွန်း



ဆီးရီးယားအရေး၌ တင်းမာမှုများ မြင့်တက်နေခြင်းကြောင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီက တိုက်တွန်းလိုက်ပြီး စစ်ရေးအရ ဝင်ရောက် တိုက်ခိုက်ပါက အရှေ့အလယ်ပိုင်း ဒေသတွင်း မတည်ငြိမ်မှုများ ပိုမို ဆိုးရွားလာမည်ဟု သတိပေးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အဝေးသင်တက္ကသိုလ်ကျောင်းသား ယခင်နှစ်ထက် နှစ်သောင်းကျော်ပိုများ

ယခုပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်တက်ရောက်နေသော ကျောင်းသားအရေအတွက်မှာ ယခင်ပညာသင်နှစ်ထက် နှစ်သောင်းကျော် မြင့်တက်သွားကြောင်း ပညာရေးဝန်ကြီးဌာနအဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှသတင်းရရှိသည်။

မြေထဲပင်လယ် အရှေ့ပိုင်း ရုရှား စစ်သင်္ဘောများ စေလွှတ်


ဆီးရီးယားနိုင်ငံကို အနောက်နိုင်ငံများက စစ်ရေးအရ အရေးယူမည်ဟု သတိပေးချက်များ ထွက်ပေါ်နေချိန်တွင် မြေထဲပင်လယ် အရှေ့ပိုင်းဒေသသို့ ဒုံးကျည်တင် စစ်သင်္ဘော တစ်စင်းနှင့် ရေငုပ်သင်္ဘောရန် ကာကွယ်ရေး စစ်သင်္ဘော တစ်စင်း စုစုပေါင်း နှစ်စင်းကို ရုရှားနိုင်ငံက စေလွှတ် လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိုတော်သျှီ ကဗျာစာအုပ် ထုတ်ဝေမည်


အဆိုတော်သျှီ ရေးသားထားသည့် ကဗျာများကို စုစည်းကာစာအုပ်အဖြစ် ထုတ်ဝေတော့မည်ဖြစ်ကြောင်း ၎င်းက ပြောဆို လိုက်သည်။

ပုဒ်မ ၁၈ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်သူငါးဦး ယင်းပုဒ်မဖြင့်ပင်အမှုဖွင့်

ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ပြည်မြို့တွင် သြဂုတ်လ ၂၉ ရက် နံနက် ၉ နာရီခန့်က စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ဖျက်သိမ်းပေးရန် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ခဲ့သူငါးဦးကို ယင်းပုဒ်မဖြင့်ပင် အရေးယူ အမှုဖွင့်ခဲ့ကြောင်း ပြည်မြို့ မြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရသည်။

ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒီယာပြော


မ္မတဘာရှားအယ်လ်အာ ဆတ်အစိုးရအား ဓာတုလက်နက် ဖြင့် တိုက်ခိုက်သည်ဟု စွပ်စွဲကာ အပြစ်ပေးမည်ဟု ပြောကြားမှု များ မြင့်တက်လာနေချိန်တွင် တရုတ်နိုင်ငံပိုင်မီဒီယာက အ နောက်နိုင်ငံများက တိုက်ခိုက်မည့် ကိစ္စများကို သတိပေးလိုက်ကြောင်း ဖော်ပြခဲ့သည်။

လက်ခစားအထည်ချုပ်လုပ်ငန်းသစ် ၃ဝကျော် ပြည်ပမှဝင်ရောက်ရင်းနှီး လုပ်ကိုင်လာ

၂၀၁၃ ခုနှစ် ဩဂုတ်လကုန်အထိ လက် ခစားစနစ်ဖြင့် ရင်းနှီးလုပ်ကိုင်သည့် အထည်ချုပ်လုပ်ငန်းပေါင်း ၃၆ခု အထိရှိကြောင်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန် ချက်အရ သိရသည်။

စိတ်ဖိစီးမှု နည်းသော သူတို့၏ အမူအကျင့် (၁၀) ခု

 



စိတ်ဖိစီးမှုတွေ ကင်းဝေးဖို့ဆိုတာဟာ သင့်ရဲ့ အလုပ်အကိုင်၊ လူမှုရေး၊ ငွေကြေးကိစ္စတွေလိုပဲ ကြီးမားတဲ့ ဘ၀စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ ဒါတင်မကပါဘူး၊ သင်နေ့စဉ် အပတ်စဉ် ပြုလုပ်တဲ့ ကိစ္စတိုင်းအပေါ် မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။ သင် မေ့နေတဲ့၊ ဒါမှမဟုတ် လျစ်လျူရှုထားတဲ့ အမူအ ကျင့်သေးသေးလေးတွေက ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။