Monday, September 16, 2019

ဘူးသီးေတာင္ၿမိဳ႔နယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းအား ရီမုမိုင္းမ်ားျဖင့္ ေဖာက္ခြဲတုိက္ခုိက္၊ အရပ္ဝတ္ ဝတ္ဆင္ထားသည့္ AA အၾကမ္းဖက္ေသာင္းက်န္းသူ အေလာင္းေလးေလာင္းေတြ႕ရွိ

No photo description available.

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္မေတာ္စစ္ေၾကာင္းသည္ စက္တင္ဘာ ၁၅ ရက္ နံနက္ ၇ နာရီခန္႔တြင္ ဘူးသီး ေတာင္ၿမိဳ႕၏ေတာင္ဘက္ ၅ မိုင္ခန္႔အကြာရွိ ကင္းေခ်ာင္းတံတားသို႔အေရာက္၌ (စိစစ္ဆဲ)အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက ရီမုမုိင္းသံုးလံုး ေဖာက္ခြဲတိုက္ခိုက္ခဲ့ သျဖင့္ အဆုိပါေနရာတစ္ဝိုက္အား ရွာေဖြ စစ္ေဆးခဲ့ရာ အရပ္ဝတ္ဝတ္ဆင္ထားသည့္ မသကၤာဖြယ္ လူတစ္ဦးထြက္ေျပးသြားသျဖင့္ ရပ္တန္႔ရန္ ေျပာဆုိေသာ္လည္း ရပ္တန္႔ျခင္းမရွိဘဲ ဆက္လက္ ထြက္ေျပးခဲ့သျဖင့္ တပ္မေတာ္စစ္ေၾကာင္းက လက္နက္ငယ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရာ အေသဖမ္းဆီးရမိခဲ့ သည္။

အဆုိပါေသဆံုးသူအား စစ္ေဆးရာ သပိတ္ေတာင္(ေျမာက္ရြာ)ေန အဒူခရီး (ဘ)အဒူေရာ္ရီးျဖစ္ေၾကာင္း သိရွိရၿပီး ၄င္းထံမွ မုိင္းေထာင္ေဖာက္ခြဲရာတြင္ အသံုးျပဳသည့္ ဓာတ္ခဲအေသးရွစ္လံုး၊ ဒီတိုေနတာ တစ္ေခ်ာင္းႏွင့္ ဝါယာႀကိဳး ႏွစ္ေခ်ာင္းတုိ႔အား သိမ္းဆည္းရမိခဲ့သည္။
အလားတူ ဘူးသီးေတာင္ၿမိဳ႕နယ္ အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနေသာ တပ္မေတာ္ စစ္ေၾကာင္းသည္ နံနက္ ၉ နာရီခန္႔တြင္ ဖုန္ညိဳလိပ္ေက်းရြာ၏အေရွ႕ဘက္ မီတာ ၅ဝဝဝ ခန္႔အကြာ၌ AA အၾကမ္းဖက္ ေသာင္းက်န္းသူမ်ားေရာက္ရွိေနေၾကာင္း သတင္းအရ သြားေရာက္၍ နယ္ေျမစိုးမုိးေရးလုပ္ငန္းမ်ား ေဆာင္ရြက္စဥ္ ဥယ်ာန္သာ ေက်းရြာအနီးတစ္ဝိုက္၌ အားကစားအက်ႌမ်ား ဝတ္ဆင္ထားၿပီး လက္နက္ငယ္ဒဏ္ရာ မ်ားျဖင့္ေသဆံုးကာ ေျမႀကီးအတြင္း ျမႇဳပ္ထားသည့္ AA အၾကမ္းဖက္ေသာင္း က်န္းသူ အေလာင္းေလးေလာင္းအား ေတြ႕ရွိခဲ့သည္။
AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား အေနျဖင့္ အရပ္ဝတ္မ်ားဝတ္ဆင္၍ တပ္မ ေတာ္စစ္ေၾကာင္းမ်ားအား မုိင္းဆြဲျခင္း၊ တပ္စခန္းမ်ားအား ဝင္ေရာက္တုိက္ခိုက္ျခင္း၊ ေက်းရြာမ်ားအတြင္း အရပ္သားမ်ား အသြင္ျဖင့္ ဝင္ေရာက္ျခင္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးမွ သိရသည္။

<Unicode>
ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ အလောင်းလေးလောင်းတွေ့ရှိ
Tuesday, September 17, 2019

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် စက်တင်ဘာ ၁၅ ရက် နံနက် ၇ နာရီခန့်တွင် ဘူးသီး တောင်မြို့၏တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ကင်းချောင်းတံတားသို့အရောက်၌ (စိစစ်ဆဲ)အကြမ်းဖက်သောင်းကျန်းသူများက ရီမုမိုင်းသုံးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ သဖြင့် အဆိုပါနေရာတစ်ဝိုက်အား ရှာဖွေ စစ်ဆေးခဲ့ရာ အရပ်ဝတ်ဝတ်ဆင်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးထွက်ပြေးသွားသဖြင့် ရပ်တန့်ရန် ပြောဆိုသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ထွက်ပြေးခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက လက်နက်ငယ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့ သည်။
အဆိုပါသေဆုံးသူအား စစ်ဆေးရာ သပိတ်တောင်(မြောက်ရွာ)နေ အဒူခရီး (ဘ)အဒူရော်ရီးဖြစ်ကြောင်း သိရှိရပြီး ၄င်းထံမှ မိုင်းထောင်ဖောက်ခွဲရာတွင် အသုံးပြုသည့် ဓာတ်ခဲအသေးရှစ်လုံး၊ ဒီတိုနေတာ တစ်ချောင်းနှင့် ဝါယာကြိုး နှစ်ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဘူးသီးတောင်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် နံနက် ၉ နာရီခန့်တွင် ဖုန်ညိုလိပ်ကျေးရွာ၏အရှေ့ဘက် မီတာ ၅ဝဝဝ ခန့်အကွာ၌ AA အကြမ်းဖက် သောင်းကျန်းသူများရောက်ရှိနေကြောင်း သတင်းအရ သွားရောက်၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဥယျာန်သာ ကျေးရွာအနီးတစ်ဝိုက်၌ အားကစားအကျႌများ ဝတ်ဆင်ထားပြီး လက်နက်ငယ်ဒဏ်ရာ များဖြင့်သေဆုံးကာ မြေကြီးအတွင်း မြှုပ်ထားသည့် AA အကြမ်းဖက်သောင်း ကျန်းသူ အလောင်းလေးလောင်းအား တွေ့ရှိခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် အရပ်ဝတ်များဝတ်ဆင်၍ တပ်မ တော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ တပ်စခန်းများအား ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများအတွင်း အရပ်သားများ အသွင်ဖြင့် ဝင်ရောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။
#AA #Myanmar_Online_News

0 comments:

Post a Comment