
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းဆိပ်ကြီး နှင့် ဘုရားသုံဆူ ဆက်သွယ်ထားသော ချောင်းဝတံတား တတိယအကြိမ် ရေကြီးခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ချောင်းဝတံတား ယနေ့နံနက်ပိုင်းတွင် ကြမ်းပြင်နှင့်အထက် ၁ပေ နှင့် ၇လက်မ မြင့်တက်နေပါသည်။
ဆိုင်ကယ်များ ပင့်ပေးပြီး ကူးပေးနေပါသည်။ ကားအမြင့် Vigo ကနေ ကားကြီးအထိကူးလို့ရပါသည်။ ကားလေးများ ကို ကားကြီးဖြင့် ဆွဲကူးပေးပါသည်။
ချောင်းဖျားတွင် မိုးများသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရေကြီးမှုမှာ ဆက်လက်ဖြစ်ပေါ်နိုင်ပါကြောင်း သတင်းရရှိသည်။
ကြာအင်းဆိပ်ကြီး ဘုရားသုံဆူ ခရီးသွားများ အဆင်ပြေစွာ သွားလာနိုင်ကြပါစေ။




















0 comments:
Post a Comment