
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဒိန်းမတ်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Peter Hummelgaard Thomsen အား ၅-၉-၂၀၁၉ ရက်၊ နံနက် ၁၁၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ သည်။
ယင်းသို့တွေ့ဆုံရာတွင် ဒိန်းမတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စ၊ အလုပ်သမားစံနှုန်းများ မြှင့်တင်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့အကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်နှင့်အညီ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးစတင်နိုင်ရန်အတွက် မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များနှင့် အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြန်လည်ဝင်ရောက် လာမည့်သူများအတွက် သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးရေးတို့နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။








0 comments:
Post a Comment