
၂၀၁၉ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်စတင်ပြုလုပ်သွားမှာဖြစ်ပြီး လုံခြုံရေး အခြေအနေကြောင့် တစ်ရက်လျှော့ပြီး ကျင်းပသွားမယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၃ ရက်မှာ ပြုလုပ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုထားပါတယ်။
တာင်ကြီးမြို့တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲကို ယခင်နှစ်တွေက ၉ ည ၁၀ ရက် ကျင်းပခဲ့ပြီးတော့ ဒီတစ်နှစ်မှာ မူ ၈ ည ၉ ရက်သာ ကျင်းပမည် ဖြစ်ကြာင်း သိရသည်။
ယခင်နှစ် ၂၀၁၈ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်မှာ ညမီးကြီးမီးပုံးပျံ ၈၁ လုံး၊ စိန်နားပန် ၄၂လုံး၊ နေ့လွှတ်အရုပ် ၂၉၁ လုံး စုစုပေါင်း မီးပုံးပျံအလုံးရေ ၄၁၄လုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။
တန်ဆောင်တိုင်ပွဲတော် ပြိုင်ပွဲရက်လျှော့လိုက်ခြင်းကြောင့် ယခင်နှစ်တွေအတိုင်း တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်ကို ၁၀ ရက်ကျင်းပနိုင်ရန် စက်တင်ဘာ ၄ ရက် နေ့ နေ့လည်ပိုင်းက တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်ရှိ တောင်ပေါ်လူထုရပ်ဝန်း စင်တာမှာ မီးပုံးပျံအဖွဲ့တွေ ဆွေးနွေးခဲ့ပြီး ပြိုင်ပွဲဝင် မီးပုံးပျံအဖွဲ့တွေရဲ့ ကန့်ကွက်လက်မှတ်တွေ ကောက်ခံသွားမှာဖြစ်ပြီး ရရှိလာတဲ့ ကန့်ကွက်လက်မှတ်တွေကိုလည်း လာမယ့် စက်တင်ဘာ ၆ ရက်နေ့မှာ ရှမ်းပြည်နယ် ၀န်ကြီးချုပ်ထံ ပေးပို့က တင်ပြတောင်းဆိုသွားမယ်လို့ တောင်ကြီးဒေသခံ မီးပုံးပျံအဖွဲ့များမှ သိရသည်။












0 comments:
Post a Comment