

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များ က သတင်းအရ.အသွင်ယူသက်သေဖြင့် တည်ခိုခန်းတွင် ပြည်တန်ဆာလုပ်ငန်းလုပ်သူ အမျိုးသမီး(၁)ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ(၈)ရက် (၁၉၃၀)နာရီခန့်တွင် ဒလမြို့နယ် နာရီစင်ကြီးအနီးတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူများ ရောက်ရှိနေကြောင်း သတင်းအရ ဒလမြို့မရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ် အောင်ကျော် ဒုရဲအုပ် ရန်နိုင်အောင်၊ ရဲဒုတက ဝင်းမောင်မောင်တို့သည် အသွင်ယူသက်သေတစ်ဦးကို ကြိုတင်မှတ်သား မိတ္တူကူးထားသော ငွေကျပ်(၁၀၀၀ိ)တန်(၅)ရွက် နှင့် (၅၀၀၀ိ)တန်(၂)ရွက်တို့အား သက်သေများရှေ့တွင် ပေးအပ်၍ သတင်းရရှိနေရာသို့ စေလွှတ်ခဲ့သည်။
၎င်းနောက် မတင်ရွှေ(အမည်လွှဲ) (၄၄)နှစ်က အသွင်ယူ သက်သေဖြစ်သူအား ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ရွှေနဒီတည်းခိုခန်းသို့ ခေါ်ဆောင်သွားရာ ရဲတပ်ဖွဲ့ဝင်များ က အပိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်တင်တင်ထွေး၊ သက်သေများနှင့်အတူ လိုက်လံစောင့်ကြည့်ပြီးနောက် တည်ခိုခန်းမန်နေဂျာ ကိုမျိုးမင်းစိုး နှင့် ၄င်းတည်းခိုခန်းအမှတ်(၁၄)သို့ ဝင်ရောက်စစ်ဆေးရာ အသွင်ယူသက်သေ နှင့် မတင်ရွှေ(အမည်လွှဲ)တို့အား အတူတွေ့ရှိခဲ့ပြီး ၄င်းထံမှ ကြိုတင်မှတ်သားမိတ္တူကူးထားသော ငွေကျပ်(၁၅၀၀၀ိ/) အား တွေ့ရှိရပြီး သက်သေများရှေ့တွင် ရှာဖေပုံစံဖြင့်သိမ်းဆည်းကာ ဒလမြို့မရဲစခန်း နယ်ထိန်းအရာရှိ ရဲအုပ် အောင်ကျော် မှ တရားလိုပြု၍ ဒလမြို့မရဲစခန်း (ပ)၁၄၀၈/၂၀၁၉ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၃(ခ) ဖြင့် ၎င်း မတင်ရွှေ(အမည်လွှဲ)အား အမှုဖွင့်ဖမ်းဆီးအရေးယူ ထားကြောင်း ၄င်းအမှုအား အမှုကိုင်အရာရှိ ဒုရဲအုပ် တင်မျိုးမင်း မှ စစ်ဆေးဆောင်ရွက်နေကြောင်း ဒလမြို့မရဲစခန်း မှ သိရသည်။
ကိုဂျိမ်း(ဒလ)






0 comments:
Post a Comment