Tuesday, September 10, 2019

ရာသီဥတုဆိုးဝါးနေသည့်ကို အခွင့်ကောင်းယူကာ မူးယစ်သယ်ဆောင်နေကြသည့် မူးယစ်မှောင်ခိုအဖွဲ့ များအား ထိုင်းနဲ့  မြန်မာအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီး

Image may contain: plant, tree, outdoor and natureImage may contain: indoor
စက်တင်ဘာလ မိုးလေပြင်းထန်နေချိန်မှာ ထိုင်းမြန်မာနယ်စပ် တပ်ခရိုင်နဲ့  ချင်းမိုင် ချင်းရိုင် ဒေသတွေမှာ တောင်ကျနေကြီး လမ်းတွေပျက်ဆီးမြေပြိုမှုတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ မူးယစ်မှောင်သမားတွေကလည်းနယ်စပ်လမ်းကြောင်းတွေက စိတ်ကြွဆေးတွေကို ဆက်တိုက် သယ်ယူလာတွေ့တာတွေ့ ရပါတယ်။

စက်တင်ဘာလ ၁၀ရက်နေ့ နံနက်(၅) နာရီအချိန်က မူးယစ်ဆေးဝါးတွေ အများဆုံးသယ်ဆောင်ဝင်ရောက်နေတဲ့ ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင် ချင်းဒေါင်း မြို့ ကန်ပန် တောက် Kaeng Pan Tao နယ်ခြားလမ်းကနေ စိတ်ကြွဆေး ၁၁ သိန်းသယ်ဆောင်လာကြတဲ့  မူးယစ်ဆေးမှောင်ခိုသမားတွေနဲ့  ကြိုတင်သတင်းရထားလို့  စောင့်နေကြတဲ့ နယ်နယ်ခြားစောင့်တပ်တွေ ဒီကနေ့ နံနက် (၅) နာရီက နှစ်ဘက်အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်းသိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း စိတ်ကြွဆေးသယ်ဆောင်သူတွေဟာ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာ သွားခဲ့ကြပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေး တစ်သန်းသိန်းပါ ကျောပိုအိပ်တွေကို စွန့် ပြစ်ထားခဲ့တြာကို ထိုင်းနယ်ခြားစောင့်တပ်တွေက သိမ်းဆီးလိုက်ကြောင်း သိရပါတယ်။
တာချီလိတ်မြို့ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ် နဲ့  တာချီလိတ်မြို့တွင်းမှာ လည်း ထိုင်းနိုင်ငံဘက်မှ သယ်ဆောင်လာတဲ့ မူးယစ်ဆေးထုတ်လုပ်ရာမှာသုံးနေတဲ့ရောစပ်ဓါတု ဟိုက်ဒရိုကလိုရစ်အက်ဆစ် စုစုပေါင်း အလေးချိန် ဂါလံ (၂၀၇၀)ရှိ ပုံးပေါင်း (၄၁၄)ပုံးနှင့် သယ်ဆောင်လာသူတွေအပါအ၀င် ကုန်တင်ယာဉ်များအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့ မှာ တာချီလိတ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း ထိုင်း- မြန်မာနယ်စပ် အခြေစိုက် ကလေးနှင့်အမျိုးသမီးကူညီစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
Image may contain: outdoor

0 comments:

Post a Comment