
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုမှာ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာလုပ်သား ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့နှစ်ဦး လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားမှုကို ထိုင်းနိုင်ငံတွင် ယနေ့ စက်တင်ဘာ ၁၁ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ ထိုင်းနိုင်ငံမှာ ပြုလုပ်နေတဲ့ အာဆီယံအရပ်ဖက်အဖွဲ့အစည်းများ ညီလာခံ၊ အာဆီယံ လူထုဖိုရမ် (ACSC/AFP) ၂၀၁၉ ဒုတိယမြောက်နေ့ ထည့်သွင်းပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဝင်းဇော်ထွန်းနဲ့ ဇော်လင်း လွတ်မြောက်ရေး တောင်းဆိုဟောပြောမှုကို ညီမျှခြင်း မြန်မာအဖွဲ့က ဦးအောင်မျိုးမင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦး လွတ်မြောက်ဖို့အတွက် ဖိုရမ် တက်ရောက်လာသူတွေကို လက်မှတ်ထိုး ကောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။
အဆိုပါအမှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဗြိတိန်နိုင်ငံသား အသက်(၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၄နှစ်အရွယ် အမျိုးသား တို့ ထိုင်းနိုင်ငံရှိ ကော့တောင်ကျွန်း (လိပ်ကျွန်း)၌ အသတ်ခံခဲ့ရပြီး နောက် ၂၀၁၄ ခုနှစ် အောက်တို ဘာ ၂ ရက်က မြန်မာလုပ်သား ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်မှုဖြင့်ဖမ်းဆီးခဲ့ကာ ယင်း နောက် အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှု၊ လူသတ်မှု၊ စသည့်အမှုများထပ် မံဖြည့်စွက်၍ တရားစွဲဆိုခံခဲ့ရပြီး တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီး နောက် ကော့စမွေခရိုင် တရားရုံး မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ၌ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အယူခံအဆင့်ဆင့်နှင့် ယခုနောက်ဆုံးအဆင့်အယူခံအထိ သေဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။











0 comments:
Post a Comment