
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် တောင်ကျချောင်းရေများ ကျဆင်းလာမှုကြောင့် အနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခဲ့သော အိမ်ထောင်စု(၃၅၀)စု အတွက် ဘားအံမြို့ သုစိတ္တာရာမ တောရကျောင်းဆရာတော် ဦးသုစိတ္တ ဦးဆောင်၍ ဘားအံနှင့် လှိုင်းဘွဲ လူမှုကယ်ဆယ်ရေးအသင်း ပူးပေါင်းအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့နံနက်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအတွက် လူမှုကယ်ဆယ်ရေးအသင်းမှ ဆန်(၅၂) အိတ်၊ ရေသန့်(၃၅၀)ကတ်၊ မားမားခေါက်ဆွဲခြောက်(၉)ဖာ၊ ငါးသေတ္တာ (၇)ဖာ စုစုပေါင်းတန်ဖိုး(၁,၈၃၀,၀၀၀)တို့ကို ရေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် စက်လှေများဖြင့် သွားရောက် လှူဒါန်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။





သတင်းနှင့်ဓါတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)






0 comments:
Post a Comment