
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စက်တင်ဘာလ ၈ ရက်နေ့လည်ပိုင်းအချိန်က ကျပ်သိန်း၄၀၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သုံးစွဲတဲ့ပစ္စည်းတွေ၊ ခဲသီး၂၅လုံးနဲ့အတူဖမ်းဆီးရမိပြီး သယ်ဆောင်လာသူထွက်ပြေးလွတ်မြောက်နေတယ်လို့ နောင်ချိုမြို့မ ရဲစခန်းထံမှ သိရပါတယ်။
နောင်ချိုမြို့နယ်၊ ကျောက်တော ကျေးရွာအနီးမှာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်တွေက နားရှီုးရပ်ကွက်မှ ကျောက်တောကျေးရွာဘက်ကို အမျိုးသား ၁ ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကိုစစ်ဆေးရန် ရပ်တန့် ခိုင်းတဲ့အချိန်မှာ နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး ၎င်းရဲ့ဆိုင်ကယ်ပေါ်မှ ကျောပိုး အိတ် ၁ လုံး ပြုတ်ကျကျန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကျောပိုးအိတ်အတွင်းမှ ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၈၈၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉၇.၆ သိန်း)၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ခဲသီး ၂၅ လုံးတို့ကို တွေ့ရှိသိမ်းဆိည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"ဖြစ်စဉ်က မှန်ပါတယ်။တာဝန်ကျနေတဲ့ တပ်ဖွဲ့ဝင်တွေ စစ်ဆေးဖို့ ရပ်ခိုင်းတဲ့အချိန်မှာ ပြန်လှည့်ပြီးထွက်ပြေးသွားတာပါ။ဆိုင်ကယ်ရှေ့ဂွကြားထဲမှာတင်ထားတဲ့ကျောပိုးအိတ်ကကျကျန်ခဲ့တာပါ။အဲဂီအိတ်ကို ကျွန်တော်တို့စခန်းက တာဝန်ရှိသူတွေသွားစစ်တဲ့အချိန်မှာ မူးယစ်ဆေးဝါးတွေ တွေ့ရတာပါ"လို့ နောင်ချိုမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက ရွှေတြိဂံဒေသသတင်းဌာနကိုပြောပါတယ်။
ထွက်ပြေးလွတ်မြောက်နေတဲ့သယ်ဆောင်လာသူကို ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိပြီး နောင်ချိုမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ ဆိုင်ရာဥပဒေ အရ အမှုဖွင့်လှစ်ထားကာ အသေးစိတ်ကိုစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။






0 comments:
Post a Comment