
ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားစာပေဘာသာစကားသင် နေ့စားလပေး TA (teacher assistant) ဆရာ/မ (၆၀၁) ဦး နှင့် LT (language teacher) ဆရာ/မ (၃၈) ဦး စုစုပေါင်း (၆၃၉) ဦးကို စက်တင်ဘာလ (၂) ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ တရားဝင်ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
တိုင်းရင်းသား စာပေ၊ ဘာသာစကားကို ကျောင်းသူ/သား ၏ သဘောဆန္ဒအရ သင်ကြားပေးသွားမှာ ဖြစ်ပြီး မသင်မနေရ သတ်မှတ်ထားတာ မရှိကြောင်း ကချင်ပြည်နယ်ပညာရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှညွှန့် မှ ပြောသည်။
“ကချင်ကလေးက ကချင်စာသင်ရမယ် ရှမ်းကလေးကရှမ်းစာသင်ရမယ် မသတ်မှတ်ထားဘူး ရှမ်းကလေးကလည်း ကချင်စာသင်ချင်တာရှိမယ် ကချင်ကလေးကလည်း ရှမ်းစာကိုသိချင်လို့ သင်ချင်ပါတယ်ဆိုရင် သင်ခွင့်ရှိတယ် အဲဒီလိုပဲ အခြားတိုင်းရင်းသား ကလေးကလည်း မိမိစိတ်ဝင်စားတဲ့ စာပေကို သင်ချင်ရင်သင်ခွင့်ရှိတယ်၊ ကလေးတွေရဲ့ ဆန္ဒအရ သင်ချင်မှုမသင်ချင်မှုပေါ်မှာဘဲ မှုတည်တယ် မသင်မနေရဆိုတာမျိုး သတ်မှတ်ထားတာတော့မရှိဘူး” ဟု ၎င်းကပြောသည်။
ထို့အပြင် တိုင်းရင်းသား စာပေ ဘာသာ စကား ကို ကျောင်းစာသင်ကြားချိန်များတွင် တစ်ရက်လျှင် တစ်ချိန်ထည့်သွင်း သင်ကြားပေးသွားမည်ဖြစ်ကြောင်း ၎င်းမှဆက်ပြောသည်။
“တိုင်းရင်းသား စာပေ ဘာသာစကားကို ကျောင်းစာသင်ချိန်မှာ တစ်ရက်ကိုတစ်ချိန်ထည့်သွင်း သင်ကြားပေးသွားမယ် တိုင်းရင်းသားစာပေ ဘာသာစကားသင်နေတဲ့ အချိန်မှာ တိုင်းရင်းသားကျောင်းသူ/သားတွေအနေနဲ့က မသင်ချင်လို့ဘဲဖြစ်ဖြစ် သင်ပြီးသားမို့ဘဲဖြစ်ဖြစ် မသင်ချင်ရင် ကချင်ပြည်နယ်ဆိုင်ရာ လေ့လာစရာ ဒေသသင်ရိုး သင်တာဖြစ်ဖြစ် အခြား ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တစ်ခြားကျောင်းသားတွေနဲ့အတူလုပ်ဆောင်ရမယ်” ဟုပြောသည်။
တိုင်းရင်းသား စာပေဘာသာစကားအနေဖြင့် ဂျိန်းဖော၊့ လာဝေါ်၊ ရဝမ၊် လီဆူ၊ ဇိုင်းဝါး၊ လာချိတ် စသည့် ကချင်စာပေ (၆) မျိုး နှင့် ရှမ်းစာပေ(၅)မျိုးအနက် တိုင်းလေ၊ တိုင်းလုံ၊ တိုင်းလိုင် သုံးမျိုးနှင့် ကချင်ပြည်နယ်ရေးရာ လေ့လာစရာ ဒေသသင်ရိုး များကို ယခုနှစ်ပညာသင်နှစ်၏ စက်တင်ဘာလမှ စတင်ကာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံပညာမူလတန်းအဆင့်တွင် Level (1,2,3) ခွဲကာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။















0 comments:
Post a Comment