Myanmar In love In Bangkok ရုပ်ရှင်ဇာတ်ကားနဲ့ မြန်မာပရိသတ်နဲ့ ထိတွေ့ခွင့်ရလာတဲ့ ကရဗီက အခု မြန်မာနိုင်ငံမှာ 67 Plaza ဆိုတဲ့ ဇာတ်ကားကို Hip Hop အဆိုတော် လွှမ်းပိုင်နဲ့ အတူ ရိုက်ကူးနေပါတယ်။ မြန်မာနဲ့ထိုင်းကို သွားလိုက်ပြန်လိုက်လုပ်နေတဲ့ ထိုင်းမင်းသမီးကရဗီက ထိုင်းနိုင်ငံမှာ ချစ်ခင်တွယ်တာစရာဆိုလို့ အဖေ၊ အမေနဲ့ မြန်မာက Fan တွေပဲရှိပါတယ်လို့ ပြောပါတယ်။” ကျွန်မမှာ ချစ်သူလည်း မရှိပါဘူး။ ရှိလာပြီဆိုရင်လည်း မြန်မာပြည်ကိုခေါ်လာမှာပါ။ မြန်မာထဲကလည်း ဖြစ်လာနိုင်လားဆိုတော့ အဲဒါကိုတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ ကျွန်မလက်ခံမယ့်သူကတော့ ကွမ်းစားတဲ့သူမဖြစ်ရဘူး” လို့ ကရဗီ(ရယ်လျက်)က ဆိုပါတယ်။ ဒုတိယမြောက် မြန်မာဇာတ်ကားမှာတော့ မင်းသားဖြစ်တဲ့ လွှမ်းပိုင်က ထိုင်းလို မပြောတတ်တဲ့အတွက် Myanmar In Love In Bangkok ဇာတ်ကားရိုက်တုန်းကထက် အခက် အခဲတော့ပိုရှိသွားတယ်လို့ပြောတဲ့ ကရာဗီက ” ဒါပေမဲ့ ဇာတ် ကားထဲမှာ ထိုင်းစကားကိုပြောပေးမှာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစက မြန်မာမာလိုပြောရမယ်လို့ ထင်ထားတာ။ တကယ် တမ်းလည်းကျရော မင်း သားက ဇာတ်ကားထဲမှာ ထိုင်းလိုပြောတာတွေပါတော့ ကျွန်မကူညီပေးသွားမှာပါ။ ဒါကြောင့် အခက်အခဲက သိပ်မရှိတော့ဘူးလို့ထင်ပါတယ်” လို့ ကရဗီက ဆိုပါတယ်။
” ကျွန်မ ထိုင်းမှာ ဇာတ်လမ်းတွဲတွေရိုက်ဖူးတယ်။ ဒါပေမဲ့ ကျွန်မရိုက်ဖူးတဲ့အထဲမှာ သရဲဇာတ်ကားဆိုတာ မရှိသေးဘူး။ ဒါ ပထမဦးဆုံးသရဲဇာတ်ကားပါ။ အခက်အခဲတချို့ တလေရှိပေမယ့် အနုပညာအပေါ်ကိုယုံကြည်မှုအပြည့်ထားတယ်။ အဲဒါကြောင့် ဒီဇာတ်ကားကိုလက်ခံဖြစ်ခဲ့တယ်။ ထိုင်းမှာလည်း သရဲဇာတ်ကားတွေ ထွက်တယ်။ တ အားကြောက်လန့်ဖို့ကောင်းတဲ့ သရဲဇာတ်ကားတွေ ရှိတယ်။ ရယ်ရတဲ့ သရဲဇာတ်ကားတွေလည်းရှိတယ်။ အခုရိုက်နေတဲ့ သရဲဇာတ်ကားဟာ လည်း အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်” လို့ ကရဗီက 67 Plaza ဇာတ်ကားလက်ခံရိုက်ကူးဖြစ်ပုံကို ပြောပြပါတယ်။
ကရဗီအနေနဲ့ကတော့ ပရလောကသားသရဲတွေဘာတွေအပြင် လောကမှာ ရှိတယ်ဆိုတာကို ယုံကြည်ပေမယ့် တော်ရုံတန်ရုံနဲ့တော့ ကြောက်စိတ်သိပ်မရှိပေမယ့် လက်ပြတ်၊ ခြေပြတ်သရဲမျိုးဆိုရင်တော့ ကြောက်လန့်မိမှာအမှန်ပါလို့ ကရဗီကဆိုပါတယ်။ ကရဗီကတော့ 67 Plaza ရိုက်ကူးပြီးတာနဲ့လာမယ့် ဇွန် ၁၁ ရက် နေ့မှာတော့ ထိုင်းနိုင်ငံကို ပြန်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်တဲ့အခါတိုင်းမှာလည်း သူ့ရဲ့ မြန်မာပြည်က Fan အဖွဲ့တွေနဲ့အတူ တွေ့ဆုံတာမျိုးကို အမြဲပြုလုပ်လေ့ရှိပါတယ်။ ” မြန်မာနိုင်ငံမှာ ကျွန်မရဲ့ပရိသတ်တွေက Myanmar In love In Bangkok ဇာတ်ကားရုံတင်ပြီးကတည်းက အများကြီးဖြစ်လာနေပြီ။ ကျွန်မချစ်တဲ့ ပရိသတ်တွေ အ များကြီးရှိတော့ ဒီမှာ အခြေချနေမယ်ဆိုတာမျိုးကိုလည်း ဖြစ်ချင်ပါတယ်။ အမြဲတမ်း ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်ချင်တယ်” လို့ ကရဗီက ဆိုပါတယ်။
ထက်လူ
Popular Journal
0 comments:
Post a Comment